Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်ကျရတဲ့ ဇာတ်ကားများ ၃ ကား

$
0
0

ယောကျာ်းရင့်မာကြီးတွေက မငိုကြဘူးလို့ လူတွေ ပြောလေ့ပြောထရှိကြပါတယ်။ ဒါဟာ သူတို့ကို အနုပညာတွေကို မခံစားတတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။

အခုပြောပြမယ့် ဇာတ်ကားတွေဟာ ယောကျာ်းရင့်မာကြီးတွေကိုတောင် မျက်ရည်ကျအောင် လုပ်နိုင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

(၁) Hachi:A Dog’s Tale (2008)

 

 

ဇာတ်လမ်းအကျဉ်းကတော့ မြူးဇစ်ပရိုဂျူဆာ တဦးဟာ သူ့အလုပ်ကနေ အိမ်ကိုပြန်လာတဲ့ လမ်းမှာခွေးလေးကို တွေ့ပြီး မွေးစားခဲ့ရာက စပါတယ်။ အချိန်တွေအကြာကြီးသူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကား ဖြစ်တဲ့ အပြင့် ဒီဇာတ်ကားက ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။

(၂) Life is Beautiful (1997)

 

 

Life is Beautiful ကားကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီးရိုက်ကူးခဲ့တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မိသားစုတစုဟာ ဂျူးတွေကို ပေါ်တာဆွဲပြီး အလုပ်လုပ်ခိုင်းတဲ့ နေရာမှာ သူ့သားလေးကို ဂျာမန်တွေမတွေ့အောင် ဖွက်ထားပြီး သားလေးရဲ့ အသက်ကို ကယ်တင်ဖို့ နည်းမျိုးစုံလိမ်ညာပြီး ကြိုးပမ်းရတဲ့ ဖခင်တယောက်ရဲ့ မေတ္တာကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၃) My Name is Kham (2010)

 

 

ပုံမှန်ရိုက်နေကျ ဘောလိဝုဒ်ဇာတ်ကားတွေဟာ ကတာ သီချင်းဆိုတာတွေနဲ့ ပြည့်နေတတ်ပေမယ့် ဒီဇာတ်ကားကတော့ တမူထူးပါတယ်။ ဒီဇာတ်ကားမှာ Kham လို့ခေါ်တဲ့ မူဆလင်အမျိုးသားဟာ Asperger ရောဂါကို ခံစားနေရတဲ့သူ ဖြစ်ပါတယ်။

သူ့မိန်းမဟာ ၇/၁၁ ဗုံးကွဲမှုမှာ သေဆုံးသွားခဲ့ပါတယ်။တကမ္ဘာလုံးက မွတ်စလင်တွေကို မုန်းနေတဲ့ အကြောင်းတွေကို ဒရာမာကျကျရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Ref;wonderfilm.com

The post ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်ကျရတဲ့ ဇာတ်ကားများ ၃ ကား appeared first on ဧရာဝတီ.


မမှတ်မိလောက်အောင်ပြောင်းလဲလာကြတဲ့ ကမ္ဘာကျော် ကလေးသရုပ်ဆောင်များ

$
0
0

လူတော်တော်များများဟာ ကလေးအရွယ်မှာ ချစ်စရာကောင်းသလောက် အသက်ကြီးလာတဲ့အခါ ရုပ်ဆိုးတာတွေ ပုံပန်းပျက်တာတွေဖြစ်တတ်ပါတယ်။

အခုပြောပြပေးမယ့် ကလေးသရုပ်ဆောင်တွေကတော့ ငယ်စဉ်က သူတို့သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်ဇာတ်ကား တွေထဲနဲ့ အခုလက်ရှိ ကြီးလာတဲ့အခါမှာ မမှတ်လောက်အောင်ကို ပြောင်းလဲသွားတဲ့ ကလေးသရုပ်ဆောင် တွေဖြစ်ပါတယ်။ တချို့တွေက အရမ်းကို ချောမောလာကြပြီး တချို့တွေကတော့ ငယ်ရုပ်နဲ့မတူဘဲ ရုပ်ပိုဆိုး လာကြတာကိုတွေ့ရပါတယ်။

(၁) Harry Melling

 

 

ဟယ်ရီပေါ်တာဇာတ်ကားထဲက ဝဝတုတ်တုတ်နဲ့ ဟယ်ရီပေါ်တာရဲ့ ဝမ်းကွဲညီအကိုနေရာမှာ သရုပ်ဆောင်တဲ့ Harry Melling ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ သူဟာ ဝိတ်ကျသွားပြီး အရမ်းကို ချောမောတဲ့ မင်းသား ဖြစ်နေပြီး အသက်ကတော့ ၂၉ နှစ်ရှိနေပါပြီ။

(၂) Georgie Henley

 

 

Nania ဇာတ်ကားမှာ လူစီအဖြစ်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရခဲ့တဲ့ Georgie Henley ဟာ အခုဆိုရင် အသက် ၂၃ နှစ်ရှိပါပြီ။ သူမဟာ ပိုမိုလှပလာတယ်ဆိုပေမယ့် ငယ်ငယ်ကလောက်တော့ ချစ်စရာမကောင်း တော့တာ သေချာပါတယ်။

(၃) Amada Bynes

 

 

ငယ်ငယ်က She’s the man ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုကိုရခဲ့တဲ့ သူမကတော့ အရက်နဲ့ မူးယစ်ဆေးဝါး စွဲလမ်းပြီး နောက် အမှုတွေကို ရင်ဆိုင်နေရပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ ဒီပြဿနာတွေက ရုန်းထွက်ပြီး မင်းသမီးပြန်လုပ်ဖို့ မျှော်လင့်နေကြပါတယ်။

(၄) Miley Cyrus

 

 

Hanna Montana နဲ့ လူသိများလာတဲ့ Miley Cyrus ကတော့ လက်ရှိမှာလည်း အရမ်းနာမည်ကြီးတဲ့ အဆိုတော် အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ သူမဟာ အရွယ်ရောက်ပြီးနောက်ပိုင်းမှာ ပရိသတ်တွေ မျှော်လင့်မထားတဲ့ တဇွတ်ထိုးဆန်တဲ့ အပြုအမူတွေကို လုပ်ခဲ့ပါတယ်။

ဆေးခြောက်သောက်သုံးခြင်းနဲ့ ဖျော်ဖြေရေးတွေမှာ အလွန်အမင်း ဖော်ချွတ်ခြင်းတွေကို လုပ်ခဲ့တာကြောင့် သူမဟာ ပရိသတ်တော်တော်များများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါသေးတယ်။

(၅)Cole and Dylan Sprouse

 

 

ဒီအမွှာညီအကို နှစ်ယောက်ဟာလည်း လူမှန်းသိတတ်စအရွယ်ထဲမှာ ဟောလိဝုဒ်ရုပ်ရှင်အသိုင်းအဝိုင်းမှာ ရုပ်ရှင်တွေ ရိုက်ခဲ့ကြပြီး အခုဆိုရင်တော့ အသက် ၂၆ နှစ်ရှိပါပြီ။သူတို့ နှစ်ယောက်လုံးဟာ ချောမောလှပစွာကြီးလာကြပြီး အခုဆိုရင် ရုပ်ရှင်တွေ၊တီဗီဇာတ်လမ်းတွဲတွေကို ဆက်လက်ရိုက်ကူးနေကြပါတယ်။

(၆)Dakota Funning

 

 

I am Sam ဇာတ်ကားကို ရိုက်ကူးတဲ့ အချိန်မှာ သူမအသက်ဟာ ၆နှစ်သာရှိသေးပေမယ့် ထူးချွန်လွန်းတာကြောင့် ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။အသက် ၅နှစ်မှာ ကြော်ငြာတခုကိုရိုက်ပြီး ဟောလိဝုဒ်ရုပ်ရှင်လောကထဲ ဝင်လာတဲ့ သူမဟာ အခုဆိုရင် အသက် ၂၄ နှစ်ရှိပြီဖြစ်ပါတယ်။

(၇) Matthew Lewis

 

 

ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှာ နဗီးလောင်းဘော့တွန်နေရာက သရုပ်ဆောင်တဲ့ Matthew Lewis ရဲ့ ပြောင်းလဲမှုကလဲ အံ့သြစရာကောင်းလောက်ပါတယ်။သူဟာ ကလေးဘဝက ဝဝကစ်ကစ်နဲ့ ရုပ်ဆိုးတယ်လို့ အမြဲပြောခံရတဲ့ Matthew ဟာ အခုဆိုရင် မိန်းကလေးတွေကြွေလောက်ပြီး ယောကျာ်းလေးတိုင်းအားကျလောက်မယ့် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပါတယ်။

Ref;tvguide.com

The post မမှတ်မိလောက်အောင်ပြောင်းလဲလာကြတဲ့ ကမ္ဘာကျော် ကလေးသရုပ်ဆောင်များ appeared first on ဧရာဝတီ.

အဆိုပြိုင်ပွဲ တခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဟာသရုပ်ရှင် “အဆိုတော်တွေ နေတဲ့ရွာ”

$
0
0

ဒီတပတ်မှာ ရုံတင်ပြသနေတဲ့ ဇာတ်ကားကတော့ “အဆိုတော်တွေ နေတဲ့ရွာ” ဇာတ်ကားပါ။ ဒီဇာတ်ကားက Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့နောက်ဆက်တွဲ ဂယက်တွေ သိပ်မငြိမ်သက်သေးခင်မှာ ကျေးလက်က ရွာသူ၊ ရွာသားတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အဆိုပြိုင်ပွဲကို အခြေခံပြီး ဇာတ်လမ်းဆင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

Myanmar Idol ပြိုင်ပွဲမှာ ပရိသတ်တချို့က ပွဲဆူအောင်လုပ်တဲ့ ဇာတ်လိုက် အဖြစ် ကင်ပွန်း တပ်ကြသလို၊ တချို့ကတော့ ပြိုင်ပွဲဝင်တွေ အပေါ် မှတ်ချက်ပေးရာမှာ မသက်ညှာဘူးဆိုပြီး မှတ်ချက်ပြုကြတဲ့ မြန်မာပြည်သိန်းတန်နဲ့သူ့ရဲ့တေးချစ်သူ ဒေါက်တာ နုနန္ဒာသန်းတို့ကြောင့်လည်း ဒီဇာတ်ကား ရုံမတင်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှု ပိုရခဲ့ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ရွာတရွာမှာ အဆိုဝါသနာပါတဲ့ သူတွေ ပေါများ လွန်းတာကြောင့် မိုက်ခဲရွာ လို့တောင် ခေါ်စမှတ် ပြုရပါတယ်။ ဒီရွာမှာ ဦးတုတ်ကြီး (မြန်မာပြည်သိန်းတန်)တို့ မိသားစုက မြန်မာသံစဉ် သီချင်းတွေကို နှစ်သက်ကြတဲ့သူတွေပါ။ သူ့ညီမ ဗီဗာတုတ်ကြီး (မို့မို့မြင့်အောင်) က ဗီဗာဟိန်းရဲ့သီချင်းတွေကို အမြဲသီဆိုတတ်ပြီး၊ သမီးဖြစ်သူ ခင်မှုံတုတ်ကြီး(ရွှေမှုံရတီ) ကတော့ လွတ်လပ်စွာ ဆူညံပေါက်ကွဲရတဲ့ ပန့်ခ်သီချင်းတွေကို နှစ်သက်သူပါ။

တဖက်မှာတော့ ကိုးဖြူ ( မင်းမော်ကွန်း) တို့ မိသားစုက ရော့ခ်သီချင်းတွေကို နှစ်သက်ကြသူတွေပါ။ ကိုးဖြူရဲ့မိခင်နဲ့ အစ်ကိုဖြစ်သူ ဒေးဗစ်(ဒိန်းဒေါင်) တို့ကလည်း ရွာမှာ ရော့ခ်သံစဉ်တွေကိုပဲ လွှမ်းမိုးစေချင်နေတာပါ။

ကိုးဖြူက ရွာရဲ့အချောအလှစာရင်းဝင် မိန်းကလေးတယောက်ဖြစ်တဲ့ ခင်မှုံကို ပိုးပန်းနေတာပါ။ သူနဲ့ အပြိုင် ခင်မှုံ့ကို ပိုးပန်းနေတာကတော့ ရက်ပ်ပါ ဇေရဲ (ဇေရဲထက်) ပါ။ ဇေရဲမှာလည်း သူ့လို Rap သီချင်းတွေကို နှစ်သက်တဲ့ နောက်လိုက်နောက်ပါ အင်အားကလည်း အခိုင်အမာ ရှိပါတယ်။ ခင်မှုန်ကတော့ သူနှစ်သက်တဲ့ ပန့်ခ်သီချင်းတွေကို အကြိုက် မတူကြတဲ့ ကိုးဖြူကိုရော ဇေရဲကိုပါ အဖြေပြန် မပေးသေးပါဘူး။

သား၊ သမီးတွေ တင်မက မိဘတွေမှာလည်း သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်းတွေ ရှိကြပါတယ်။ ဦးတုတ်ကြီးနဲ့ ဇေရဲရဲ့မိခင်တို့က ငယ်ရည်းစားတွေဖြစ်ပြီး၊ ကိုးဖြူရဲ့မိခင်ကတော့ ဦးတုတ်ကြီးကို တဖက်သက် ကြိုက်နေတာပါ။ သူတို့အားလုံးက ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားတွေ မတူကြတာကြောင့် မြင်လိုက်တာနဲ့မတည့်ကြပါဘူး။

ဦးတုတ်ကြီးနဲ့ဇေရဲ ရဲ့မိခင်တို့က သားသမီးတွေမသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ချိန်းတွေ့ကြရပါတယ်။ သူတို့ကို အမြဲလိုလို နှောင့်ယှက်နေတာကတော့ ကိုးဖြူ ရဲ့မိခင်ပါ။ သူတဖက်သတ် ချစ်နေတဲ့ ဦးတုတ်ကြီးကို ဆုံးရှုံးရမှာ စိုးတဲ့အတွက် အမြဲတမ်း ဗီလိန်ဝင်လုပ်နေတာပါ။

ဒီလိုနဲ့ ရွာဘုရားပွဲမှာ ရွာသားတွေ ပျော်ရွှင်စေဖို့အတွက် အများ သဘောတူညီချက်နဲ့ သီချင်းဆို ပြိုင်ပွဲထည့်သွင်းဖို့စီစဉ်ကြပါတယ်။ မြို့ကနေ ပွဲစီစဉ်တဲ့ အမျိုးသမီး တဦးကို ခေါ်ယူခဲ့ပြီး ဒိုင်အဖြစ်၊ ဦးတုတ်ကြီးနဲ့ သူ့ရဲ့ချစ်သူတို့ ပါဝင်ဆောင်ရွက်ပေးဖို့ဖြစ်လာခဲ့ပါတယ်။

နှစ်သက်တဲ့ ဂီတအမျိုးအစားချင်းမတူကြသလို၊ အချစ်ရေးမှာလည်း ပြဿနာလေးတွေရှိနေကြတဲ့ မိုက်ခဲရွာက အဆိုဝါသနာရှင်တွေကြားထဲမှာ ဘယ်သူက Idol ဖြစ်လာမလဲဆိုတာ ဆက်လက် ကြည့်ရှုဖို့ပြောချင်ပါတယ်။ ပရိသတ်တွေရဲ့ ခဏတာ အမောပြေချင်ရင်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါ။

“အဆိုတော်တွေ နေတဲ့ရွာ ” ဇာတ်ကားကို ဇာတ်လမ်းနှင့် ဒါရိုက်တာ ရာဇဝင်ကိုကို ရေးသား ရိုက်ကူးထားပြီး မင်းမော်ကွန်း၊ ဇေရဲထက်၊ မြန်မာပြည်သိန်းတန်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ မို့မို့မြင့်အောင်၊ ရွှေမှုံရတီ၊ နုနန္ဒာသန်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပေ်ဆာင် ထားပါတယ်။

The post အဆိုပြိုင်ပွဲ တခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဟာသရုပ်ရှင် “အဆိုတော်တွေ နေတဲ့ရွာ” appeared first on ဧရာဝတီ.

အက်ရှင်ဇာတ်ကားတွေကို ပိုရိုက်ချင်တဲ့ သရုပ်ဆောင် တိုင်ရွန်

$
0
0

ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အမျိုးသမီး ပရိသတ်ကြားမှာ ရေပန်းစားတဲ့ မော်ဒယ် သရုပ်ဆောင် တိုင်ရွန်ကတော့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာမှာ အက်ရှင်ဇာတ်ကားတွေကို ပိုရိုက်ချင်တယ်လို့ ဆိုပါတယ်။

“ကျနော်က အက်ရှင်မင်းသားပုံစံ ပေါက်အောင် ကြိုးစားမယ်။ နောက်ပြီးတော့ အက်ရှင်ဇာတ်ကား ကောင်းတွေကို ပိုပြီးတော့ ရိုက်ချင်တာပေါ့။ Music Video အကြမ်းတွေက ကျနော်ရိုက်တဲ့ ဟာတွေဆို အိပ်ရာပေါ်က အခန်းတွေ မပါရင် မပြီးဘူးပေါ့။ နောက်ထပ် ဒီလထဲမှာ၂ ပုဒ် ထပ်ထွက်ဖို့ ရှိပါတယ်” လို့ တိုင်ရွန်က ပြောပါတယ်။

“ဘယ်နှခန်းပဲပါပါ ကိုယ်ပါဝင်လိုက်တဲ့ အခန်းက ပရိသတ် သတိထားမိသွားမယ့်ဟာဆို လုပ်မယ်ပေါ့။ ကိုယ့်ကို ချစ်တဲ့ပရိသတ်တွေကို အကောင်းဆုံးပဲ ချပြချင်တဲ့အတွက် ကိုယ်က ပါဝင်ရရင်ပြီးရော လုပ်လိုက်တဲ့ အလုပ်တခုက ပရိသတ်ကို အားမလို အားမရ ဖြစ်စေတယ်။ မျှော်မှန်းထားသလို ဖြစ်မလာရင် အားပေးရကျိုး မနပ်ဘူးပေါ့။ ပါဝင်ရရင် ပြီးရော မလုပ်ချင်ဘူး” လို့ တိုင်ရွန်က ဆိုပါတယ်။

သရုပ်ဆောင် တိုင်ရွန်က Music Video တွေမှာလည်း Sexy ကျတဲ့ ပုံစံမျိုးနဲ့တွေ ရိုက်ကူးထားပြီး မကြာသေးခင်ရက်ပိုင်းကလည်း အဆိုပါ Music Video ရိုက်ကွင်းတဲ့ ဓာတ်ပုံများက ပရိသတ်များကို အံ့သြစေခဲ့ပါတယ်။

မကြာခင်မှာလည်း သူ့ရဲ့ပထမဆုံး ဇာတ်လမ်းတွဲရိုက်ကူးမှုဖြစ်တဲ့ MRTV-4 က ထုတ်လွှင့်ပြသမယ့်
“မနေ့ကဖြစ်သည် ၂” ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း ထုတ်လွှင့်တော့မှာလို့ သိရပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် တိုင်ရွန် (ဓာတ်ပုံ – Tyron’s Facebook)

“မနေ့ကဖြစ်သည် ၂” အတွက် ရင်ခုန်နေပါတယ်။ ကျနော်အနေနဲ့ ပထမဆုံးရိုက်ကူးတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်တယ်။ ကျနော်က ကိုကျော်ကျော်ဗိုရဲ့ လူယုံနေရာက တွေ့ရမယ်။ အက်ရှင်အခန်းတွေ ပိုများတယ်။ ‘မနေ့ကဖြစ်သည် ၁’ ကလည်းအရှေ့မှာ အရမ်းပေါက်ထားတော့ ၂ က ၁ လောက်ကောင်းနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကအများကြီးရှိတယ်” လို့ တိုင်ရွန်က ပြောပါတယ်။

လတ်တလောမှာလည်း သရုပ်ဆောင် တိုင်ရွန်က ဒါရိုက်တာ ဂျိုးရိုက်ကူးတဲ့ “Old Gangster” ရုပ်ရှင်မှာ ဝါရင့်အနုပညာရှင်များနဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “Old Gangster” ရုပ်ရှင်အတွက် တက်တူးတွေ ထပ်ဖြည့်နေတဲ့ တိုင်ရွန်

The post အက်ရှင်ဇာတ်ကားတွေကို ပိုရိုက်ချင်တဲ့ သရုပ်ဆောင် တိုင်ရွန် appeared first on ဧရာဝတီ.

“အမှန်တရားက အင်အားအကြီးဆုံးလို့ ဘာသာရေးထဲမှာ ပါတယ်”

$
0
0

“နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲမှာ ရှေ့နေတယောက်အဖြစ် ပါဝင် သရုပ်ဆောင် ထားတဲ့ ဘုဏ်းသိုက်က တခါတလေ အမှန်တရားက အင်အားအကြီးဆုံးပဲလို့ ဆိုပါတယ်။

“တခါတလေ အမှန်တရားက အင်အားအကြီးဆုံးလို့ ဘာသာရေးထဲမှာ ပါတာပဲ။ တခါတလေ ကျတော့ အခြေအနေတခု အခိုက်အတန့်တခုမှာ အဲ့အမှန်တရားကို ငွေကြေး တစုံတရာ အာဏာ တစုံတရာနဲ့ လွှမ်းမိုးတာမျိုးလည်း ရှိမှာပဲလေ။ ဒီခေတ်မှ မဟုတ်ပါဘူး အရင်ကတည်းကလည်း ရှိရင် ရှိခဲ့မှာပဲ’’လို့ ဘုဏ်းသိုက်က ပြောပါတယ်။

သရုပ်ဆောင် ဘုဏ်းသိုက်က “နေရယ်၊ လရယ် အမှန်တရားရယ်” ဇာတ်ကားမှာ မေနှင်းဆီကို စိတ်ဝင်စားနေပြီး ခရိုနီတဦးအတွက် အလုပ်လုပ်ပေးနေတဲ့ ရှေ့နေ နေမင်းထက် အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ဒီကားမှာ အခက်အခဲတော့ သိပ်မရှိပါဘူး။ ပုံမှန်သရုပ်ဆောင်နေကျ အတိုင်းပါပဲ။ ကျနေ်ာတို့က တခါတလေမှာ ကိုယ်တိုင် ဥပဒေတခုကို ပြဌာန်းလို့ရတဲ့ အုပ်ချုပ်သူ လူတန်စားထဲမှာ ပါလား။ ဒါမှမဟုတ် ပြဌာန်းတဲ့ ဥပဒေက ဆိုးဆိုးကောင်းကောင်း လေးလေးစားစားနဲ့ လိုက်နာရမယ့် ပြည်သူထဲမှာပါလားဆိုတော့ သေချာတာက ဒုတိယထဲမှာ ပါတယ်” လို့ ဘုဏ်းသိုက်က ပြောပါတယ်။

“ကိုယ်တိုင်က ပြုပြင်ပြောင်းလို့မှ မရတာ။ လောလောဆယ်တော့ ဒီဟာကမှန်တယ်။ ဒီဟာက မှားတယ်လို့ အဖွဲ့အစည်းတခုက သတ်မှတ်ထားတာမျိုးကို ကျနော်တို့က လိုက်နာတာကလွဲပြီး ကျနော်တို့ Complaint တက်ခွင့် မရှိဘူး။ Complaint တက်တယ် ဆိုတာလည်း ဆန့်ကျင်တာပဲ သူပုန်ပဲ။ သေချာတာက ကျနော် သူပုန် မဟုတ်ဘူး” လို့လည်း သူက ဆိုပါတယ်။

“ကျနော် ဇာတ်ကားတွေရိုက်နေတယ်။ ကျနေ်ာကိုယ်တိုင် ခရီးသွား ပရိုဂမ်တခု ရိုက်နေသလို ကိုမင်းထင်ကိုကိုကြီးနဲ့လည်း ရိုက်နေတယ်။ လွတ်လပ်ပေါ့ပါးမှုရဖို့ ခရီးလည်း ထွက်ဖြစ်သလို တခါတလေတော့လည်း လေးပင်နေတာလေး စိတ်လွတ်လပ်ရင် ပြီးရောဆိုတဲ့ စိတ်မျိုးနဲ့လည်း ခရီးထွက်ဖြစ်တယ်” လို့ ဘုဏ်းသိုက်က ဆိုပါတယ်။

အဆိုတော် ချမ်းချမ်းရဲ့ ခင်ပွန်းဟောင်းဖြစ်သူ သရုပ်ဆောင် ဘုဏ်းသိုက်ကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မဖြေချင်ဘူးလို့ ဆိုပါတယ်။ အလုပ်တွေကို ကြိုးစား လုပ်ကိုင်နေတဲ့ ဘုဏ်းသိုက်က အလုပ်ပြီးတဲ့ အချိန်မျိုးရော အလုပ်ကနေ ဖဲ့ပေးလို့ရမယ့် အချိန်မျိုးရော အချိန်တွေ အကုန် သမီးလေးကို ပေးထားတယ်လို့ ဆိုပါတယ်။

“ကျနော်အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မဖြေချင်ပါဘူး။ ကျနော်ကို စိတ်မကောင်းဖြစ်စေမယ့် အကြောင်းအရာမျိုးတွေ ပြောမှာစိုးလို့ ရှောင်နေတယ်။ သမီးလေးကို အချိန်အကုန် ပေးထားတယ်။ ကျနေ်ာ့မှာ သူပဲ ရှိတယ်လေ။ သမီးလေးက သီချင်းဆိုကောင်းတယ်။ အဲ့အတွက် သမီးသွားချင်တဲ့ လမ်းကိုကောင်းကောင်းသွားလို့ ရအောင် သူလုပ်ချင်တာကိုမှ မလုပ်ပေးရင် ကျနော်မှာ တခြား ဘာလုပ်စရာရှိမလဲ။ သမီးလေးကို အတတ်နိုင်ဆုံး ပံ့ပိုးပေးပါ့မယ်”လို့ ဘုဏ်းသိုက် ပြောပါတယ်။

ဘုဏ်းသိုက်က လက်ရှိမှာတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး ခရီးသွား Program လေးတွေလည်း ရိုက်ကူးနေသလို ဘုဏ်းသိုက်မှာ မြမိုးဂင်္ဂါ ဆိုတဲ့ ချစ်စရာ သမီးလေးတယောက်လည်း ပိုင်ဆိုင် ထားပါတယ်။

The post “အမှန်တရားက အင်အားအကြီးဆုံးလို့ ဘာသာရေးထဲမှာ ပါတယ်” appeared first on ဧရာဝတီ.

မိတ်ကပ် လိမ်းမထားတဲ့ လေဒီဂါဂါကို မြင်တွေ့ရမယ့် “A Star Is Born” ရုပ်ရှင်

$
0
0

ဆံပင်ကို အလှအပ မခြယ်သဘဲ မိတ်ကပ်ထူထူ လိမ်းမထားတဲ့ ပုံစံမျိုးနဲ့ မြင်ရခဲတဲ့ ကမ္ဘာကျော် Pop အဆိုတော် လေဒီဂါဂါဟာ ရုပ်ရှင်တခုမှာ ပါဝင်မယ့် ပထမဆုံးသူ့ရဲ့ ဇာတ်ရုပ်အတွက် သဘာဝ အတိုင်းပဲ သရုပ်ဆောင်ခဲ့တယ်လို့ သြဂုတ်လ ၃၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အဆိုတော် လေဒီဂါဂါဟာ တွဲဖက်သရုပ်ဆောင် Bradley Cooper ရိုက်ကူးတဲ့ “A Star Is Born” ဆိုတဲ့ ရုပ်ရှင်မှာ နာမည်ကျော်အဆိုတော်တဦး ဖြစ်ဖို့ အိပ်မက်ကို ပိုင်ဆိုင်ရရှိခဲ့တဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ သူ့ရဲ့ ရုပ်ရှင်အထူးပွဲမတိုင်မီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂါဂါက “သူ(Bradley Cooper) က ကျမကို ဘာမှ မပြင်ဆင်ထားတာ မြင်ချင်ခဲ့တာပါ။ A Star Is Born အတွက် စမ်းသပ်ရိုက်ကူးဖို့ အိမ်ကနေ မထွက်ခင် လှေကားပေါ်ကနေ ဆင်းလာခဲ့ပြီး သူက သူ့လက်နဲ့ ကျမ မိတ်ကပ်တွေကို ဖျက်လိုက်ပါတယ်။ ပြီးတော့ သူက သူလည်း သူ့မျက်နှာပေါ်ကိုလည်း လက်နဲ့ ဖျက်လိုက်ပါတယ်။ သူလည်း အဲဒီလိုသွားခဲ့တာပါ” လို့ သူ့မျက်နှာပေါ်က မိတ်ကပ်တွေကို Cooper က ဖျက်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဆက်ပြီး လေဒီဂါဂါက “မိတ်ကပ်နည်းနည်းလေးပဲ လိမ်းရမယ်။ ငါမင်းရဲ့ မျက်နှာပေါ်မှာ မိတ်ကပ်တွေနဲ့ မမြင်ချင်ဘူးလို့ သူကပြောခဲ့ပါတယ်” လို့ဆိုပါတယ်။ အဲဒီရုပ်ရှင်ထဲမှာတော့ ဂါဂါရဲ့ ဇာတ်ကောင် Ally ဟာ နှာခေါင်းအလွန်ကြီးနေတဲ့အတွက် အောင်မြင်မှုရဖို့ အတားအဆီး ဖြစ်လိမ့်မယ်လို့ အပြောခံခဲ့ရတာကို သူက သနားကရုဏာ သက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လေဒီဂါဂါက “ရှင်တို့သိတဲ့အတိုင်း ကျမရဲ့ ပထမဆုံး သရုပ်ဆောင်တဲ့အချိန်မှာ ကျမက အခန်းထဲမှာ အလှဆုံး မိန်းကလေး မဟုတ်ခဲ့ပါဘူး။ ဇာတ်ကောင်ရဲ့ ကိုယ်တိုင် သီချင်းရေးသားနိုင်တဲ့ စွမ်းဆောင်ချက်အပေါ် ယုံကြည်မှုကသာ ရှေ့ကိုတိုးတက်စေခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

သူက “အဆိုတော်ဖြစ်နေတဲ့ အမျိုးသမီးအများကြီး ရှိပါတယ်။ ဒါပေမယ့် သူတို့ သီချင်း မရေးကြပါဘူး။ တေးသံသွင်း အမှုဆောင် ထုတ်လုပ်သူတွေက ကျမရဲ့ သီချင်းတွေကို ယူချင်ကြပါတယ်။ တခြားအမျိုးသမီးတွေ ဆိုဖို့လည်း ပေးလိုက်ကြတယ်။ အခုတော့ ကျမသီချင်းတွေကို ကျမဆီကနေ ယူလို့ရတော့မှာ မဟုတ်တော့ပါဘူး” လို့ အနုပညာလုပ်ငန်း အစပိုင်းက အဖြစ်အပျက်တချို့ကို ပြောကြားခဲ့ပါတယ်။

“A Star Is Born” ရုပ်ရှင်ကို ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

Ref: asiaone

The post မိတ်ကပ် လိမ်းမထားတဲ့ လေဒီဂါဂါကို မြင်တွေ့ရမယ့် “A Star Is Born” ရုပ်ရှင် appeared first on ဧရာဝတီ.

အမေရိကန်မှာ ခိုလှုံခွင့်တောင်းဖို့ Fan Bingbing ကို ဂျက်ကီချန်း အကြံပေးခဲ့ခြင်း မဟုတ်ဟုဆို

$
0
0

ဟောင်ကောင်အက်ရှင်စတား ဂျက်ကီချန်းက အခွန်ရှောင်အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရတဲ့ နာမည်ကျော် တရုတ်မင်းသမီး Fan Bingbing ကို အမေရိကန်နိုင်ငံမှာ ထွက်ပြေးခိုလှုံခွင့်တောင်းခံဖို့ အကြံပေးခဲ့တယ်လို့ ဆိုတဲ့ စွပ်စွဲချက်တွေကို ပြန်လည်ချေပလိုက်ပါတယ်။

ဟောင်ကောင် သတင်းဌာနတခုဖြစ်တဲ့ Apple Daily က တရုတ်ဖျော်ဖြေရေးလောကရဲ့ နာမည်ကျော် တဦး ဖြစ်တဲ့ မင်းသမီး Fan ဟာ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မနက်တုန်းက လော့စ်အင်ဂျလိစ် လူဝင်မှုကြီးကြပ်ရေးရုံးကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အနုပညာနယ်ပယ်မှာ ဆယ်စုနှစ် ၂ ခုကျော်ကြာကာလအတွင်း အကြီးမားဆုံး အရှုပ်တော်ပုံကနေ ရုန်းထွက်ဖို့ အမေရိကန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနိုင်ရေး ဂျက်ကီချန်းရဲ့ အကြံဉာဏ်ကို မင်းသမီး Fan က ယူခဲ့တယ်လို့ Twitter အသုံးပြုသူတဦးရဲ့ ယူဆချက်ကနေ အဲဒီသတင်းပျံ့နှံ့လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မင်းသားချန်းရဲ့ ကုမ္ပဏီက မင်းသား ပါဝင်ခဲ့တယ်ဆိုတာ အဓိပ္ပာယ်ရှိတဲ့အကြောင်း တရုတ်သတင်းမီဒီယာ ETtoday ကို ပြောကြားခဲ့ပါတယ်။ တချို့ သတင်းတွေမှာတော့ မင်းသမီး Fan ဟာ ထိန်းသိမ်းခံထားရကြောင်း ဖော်ပြကြသလို ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်းလည်း ဖော်ပြတာမျိုးတွေ တွေ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် မင်းသမီးဟာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက တရုတ်အစီအစဉ် တင်ဆက်သူတဦးရဲ့ သူ့အပေါ် အခွန်ကိစ္စအရှုပ်အထွေးကို စွပ်စွဲပြောတာခံခဲ့ရပြီးတဲ့နောက် ဇွန်လတလလုံး ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့တာလည်း ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ အဆိုအရ တရုတ်နိုင်ငံမှာအနုပညာကြေးအများဆုံး ရရှိတဲ့ မင်းသမီး Fan ကတော့ အဲဒီပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပေမယ့် အဲဒီအစီအစဉ်တင်ဆက်သူက ထပ်မံစွပ်စွဲခဲ့ပါတယ်။

အဲဒီအတွက် တရုတ်နိုင်ငံရဲ့ အကောက်ခွန်စီမံခန့်ခွဲရေးဌာက ဇွန်လ ၃ ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ရုပ်ရှင်လုပ်ငန်းမှာ ဖြစ်ပေါ်နေတဲ့ အခွန်ရှောင်ကိစ္စကို စုံစမ်းဖို့ ကျန်းရှူးပြည်နယ်မှာရှိတဲ့ သူတို့ရဲ့ ဒေသဆိုင်ရာဗျူရိုကို အမိန့်ပေးခဲ့ပါတယ်။ ဘယ်သူတွေကို စစ်ဆေးမယ်လို့တော့ မဖော်ပြထားပေမယ့် မင်းသမီး Fan ရဲ့ ရုပ်ရှင် စတူဒီယိုက ကျန်းရှူးပြည်နယ်မှာ ရှိတာဖြစ်ပါတယ်။

ဒါ့အပြင် မင်းသမီး Fan ပါဝင်သရုပ်ဆာင်ထားတဲ့ “The Legend of Ba Qing” ဇာတ်လမ်းတွဲ ဟာလည်း မင်းသမီး အပါအဝင် ပါဝင်သရုပ်ဆောင်သူ တချို့ရဲ့ အရှုပ်တော်ပုံတွေကြောင့် ပြသမယ့်ရက်ကို အတိအကျ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ တကယ်လို့သာ ပြသရမယ့်ရက် အတည်ပြုချက်ကို မရရှိဘူးဆိုရင် အကြွေး ယွမ်သန်း ၇၄၀ တင်နိုင်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်အခွန်ရှောင် အရှုပ်တော်ပုံကြားမှာ ပျောက်ချင်းမလှ ပျောက်နေတဲ့ တရုတ်မင်းသမီး ဖန်ဘင်းဘင်း

Ref: asiaone

The post အမေရိကန်မှာ ခိုလှုံခွင့်တောင်းဖို့ Fan Bingbing ကို ဂျက်ကီချန်း အကြံပေးခဲ့ခြင်း မဟုတ်ဟုဆို appeared first on ဧရာဝတီ.

အဆိုတော် Ariana Grande ကို ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး ပြန်လည်တောင်းပန်

$
0
0

ကွယ်လွန်သူ အဆိုတော်ကြီး Aretha Franklin ရဲ့ ဈာပနအခမ်းအနားကို ဦးစီးဆောင်ရွက်ခဲ့တဲ့ ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီးက စတိတ်စင်ပေါ်မှာ တရင်းတနှီးပုံစံအနေအထားနဲ့ ထိတွေ့ခဲ့ပြီး နာမည်ကိုလည်း ဟာသနှောပြောဆိုခဲ့တဲ့အတွက် အဆိုတော် Ariana Grande ကို တောင်းပန်စကား ဆိုလိုက်ပါတယ်။

ဈာပနကို ဦးဆောင်ခဲ့တဲ့ ဘုန်းတော်ကြီး Charles H. Ellis III က ကွယ်လွန်သူ Franklin ရဲ့ နာမည်ကျော် သီချင်းတပုဒ် ဖြစ်တဲ့ A Natural Woman ကို ဖျော်ဖြေခဲ့တဲ့ အဆိုတော် Grande ကို နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

သူဟာ အဆိုတော် Grande ကို ညာဖက်လက်နဲ့ သိုင်းဖက်လိုက်ပြီး သူ့ရဲ့ လက်ချောင်းတွေဟာ အဆိုတော်ရဲ့ ရင်ဘက်နားမှာ ရှိနေခဲ့ပါတယ်။ ပြီးတော့လည်း Grande ရဲ့ နာမည်ကိုလည်း ဟာသသဘောနဲ့ နောက်ပြောင် ပြောဆိုခဲ့တာဖြစ်ပါတယ်။

Detroit မြို့ရဲ့ Greater Grace Temple ကိုအုပ်ချုပ်သူ Ellis ဟာ Franklin ကို မြှုပ်နှံခဲ့တဲ့ သချုၤိင်းမှာ AP သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ တောင်းပန်ခဲ့တာလည်း ဖြစ်ပါတယ်။

Ellis က “အမျိုးသမီးတဦးတယောက်ရဲ့ ရင်သားကို ထိတွေ့ဖို့ရည်ရွယ်ချက် ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျနော်သူ့ကို ဖက်ဖို့ ရည်မှန်းချက်လည်း မသိရှိခဲ့ပါဘူး။ ကျနော် စည်းကျော်ကောင်း ကျော်နိုင်ပါတယ်။ ကျနော် တရင်းတနှီး ဖြစ်လွန်းတာ၊ အရောတဝင်ဖြစ်လွန်းတာ ဖြစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထပ်ပြီးတော့ ကျနော် တောင်းပန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်ပြီး သူက “ကျနော် အမျိုးသားနဲ့ အမျိုးသမီး အနုပညာရှင်အားလုံးကို ဖက်ခဲ့ဖူးပါတယ်။ မတ်တပ် ထရပ်တဲ့ လူတိုင်းကို ကျနော်လက်ဆွဲနှုတ်ဆက်ပြီး သူတို့ကိုလည်း ဖက်ခဲ့ပါတယ်။ ဒါဟာ ဘုရားကျောင်းမှာ ကျနော်တို့ လုပ်ဆောင်နေတာတွေပါ။ ကျနော်တို့က ချစ်ခြင်းမေတ္တာ အရင်းခံတွေပါ” လို့ ပြောဆိုခဲ့ပါတယ်။

အခုလိုမျိုး ဈာပနအခမ်းအနား စတိတ်စင်မြင့်ပေါ်မှာ တရင်းတနှီးဖြစ်လွန်းတဲ့ ထိတွေ့မှုမျိုးကို ကြည့်ရှုသူ တချို့ကတော့ သတိမထားမိလိုက်ကြပေမယ့် Ariana ကိုလေးစားပါဆိုတဲ့ စာသားတွေဟာ လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒါ့အပြင် အဆိုတော် Grande ဟာလည်း ဒူးအထက်ထိ တိုတဲ့ ဂါဝန်ကို ဝတ်ဆင်ခဲ့လာခဲ့တဲ့အပေါ် ဝေဖန်ခံ နေရပြန်ပါတယ်။ သူ့ရဲ့ ကိုယ်စားလှယ်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ တုန့်ပြန်ချက် မပေးသေးပေမယ့် Twitter လိုမျိုး လူမှုကွန်ရက်အပေါ်မှာ အဝတ်အစားကို ကာလ၊ ဒေသအလျောက် ဝတ်ဆင်ဖို့ တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။

Ref: variety

The post အဆိုတော် Ariana Grande ကို ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး ပြန်လည်တောင်းပန် appeared first on ဧရာဝတီ.


ရွေးချယ်မှုရဲ့ နောက်ဆက်တွဲ ချောက်ချားဖွယ် ဖြစ်ရပ်များနဲ့ “Truth or Dare”ရုပ်ရှင်

$
0
0

ဒီတခါ မိတ်ဆက်ပေးမှာကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားတဲ့ Horror , Thriller ရုပ်ရှင် အမျိုးအစား ဇာတ်ကားတကားဖြစ်တဲ့ “Truth or Dare” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Jeff Wadlow ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာဆိုရင် Lucy Hale , Tyler Posey နဲ့ Violett Beane တို့အပြင် အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအစမှာ ကောင်မလေးတယောက်ဟာ စတိုးဆိုင်တဆိုင်မှာ ဆေးလိပ်ဝယ်ဖို့ရောက်ရှိလာခဲ့ပြီး သူမရဲ့ မျက်လုံးတွေဟာ ကျီးကန်းတောင်းမှောက်ကြောက်ရွံ့နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စတိုးဆိုင်ပိုင်ရှင်ဆီ ဖုန်းတကောဝင်လာပြီး သူမကို “အမှန်ပြောမလား ၊ စိန်ခေါ်မလား” (Truth or Dare?) လို့ မေးပါတော့တယ်။ သူမဟာ စတိုးဆိုင်ထဲမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးတဦးကို အရှင်လတ်လတ် မီးရှို့ထွက်ပြေးသွားပါတော့တယ်။

ဒီလိုနဲ့ Lucy Hale တို့သူငယ်ချင်း(၆)ယောက်ဟာ ကျောင်းပိတ်ရက်တွေထဲကမှ နောက်ဆုံး နွေရာသီ ကျောင်းပိတ်ရက်မှာ မက္ကဆီကိုကမ်းခြေဘက်ကို ခရီးထွက်ခဲ့ကြပါတယ်။ ဘားတခုမှာ Lucy Hale တို့ ကျောင်းကအခြားသော သူငယ်ချင်းတယောက်က လာရောက်နှောင့်ယှက်တာကြောင့် သူစိမ်း တယောက်က ဝင်ရောက်ဖြန်ဖြေပေးခဲ့ရာကနေ မိတ်ဆွေတွေဖြစ်သွားခဲ့ကြပါတယ်။

ညလုံးပေါက်သောက်ဖို့အတွက် နေရာအခက်အခဲရှိတာကြောင့် Lucy Hale နဲ့ ကျန်တဲ့ သူငယ်ချင်းတွေလည်း သူစိမ်းခေါ်ရာ မက္ကဆီကန် ဘုရားကျောင်းပျက်ထဲကို ရောက်ရှိ ခဲ့ကြပါတယ်။ သူတို့ဟာ “အမှန်ပြောမလား ၊ စိန်ခေါ်မလား” ဆိုတဲ့ ကစားနည်းတခုကို ကစားခဲ့ကြပြီး နောက်နေ့ မနက်မှာ ခရီးကနေပြန်လာခဲ့ကြပါတော့တယ်။

ကစားနည်းဟာ ပြီးဆုံးမသွားသေးဘဲ သူတို့ရှိနေတဲ့ ဘယ်နေရာမှာမဆို “အမှန်ပြောမလား ၊ စိန်ခေါ်မလား”လို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆက်သွယ်ရေးကိရိယာတွေ ၊ လမ်းဘေးဂရပ်ဖတီတွေနဲ့ လူပုဂ္ဂိုလ်တွေအထိ မေးမြန်းအသက်ဝင်နေဆဲဖြစ်တာကို Lucy Haleတို့ သူငယ်ချင်းတသိုက်လုံး အလှည့်ကျ ကြုံတွေ့ကြရပါတော့တယ်။

ကစားနည်းရဲ့ စည်းကမ်းတချို့ကတော့ “အမှန်ပြောမလား ၊ စိန်ခေါ်မလား”ဆိုတဲ့ မေးခွန်းကို မဖြေမဖြစ်ဖြေရမယ်။ ကိုယ်ရွေးချယ်ထားတဲ့ အချက်အပေါ်မူတည်ပြီး အမှန်ကိုပဲပြောရမယ်။ စိန်ခေါ်မှုကိုလည်း မလုပ်မဖြစ်လုပ်ရမယ်။ ဒီအချက်တွေကို လွဲချော်ခဲ့ရင်တော့ အသက် ဆုံးရှုံးကြရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating (5.1) ရရှိထားပြီး ကစားပွဲမှာ ဘယ်သူတွေ အသက်ရှင် ကျန်ရစ်နိုင်အောင် ဆော့ကစားကြမလဲဆိုတာကို မျက်တောင်မခတ်တမ်း ကြည့်ရှုကြရမှာမို့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုလိုက်ပါတယ်

The post ရွေးချယ်မှုရဲ့ နောက်ဆက်တွဲ ချောက်ချားဖွယ် ဖြစ်ရပ်များနဲ့ “Truth or Dare” ရုပ်ရှင် appeared first on ဧရာဝတီ.

Myanmar’s Got Talent မှာ ပရိသတ် အားပေးမှုနဲ့ ထပ်တူကျခဲ့တဲ့ “Junior Creative”အဖွဲ့

$
0
0

ပင်ကိုယ်စွမ်းရည်တွေကို ပြသကာ ယှဉ်ပြိုင်ရတဲ့ Myanmar’s Got Talent 2018 ပြိုင်ပွဲကို သြဂုတ် ၂ ရက်နေ့ညက ပြုလုပ်ခဲ့ရာမှာ ပြိုင်ပွဲရဲ့ Winner ဆုကို Junior Creative အဖွဲ့က ရရှိခဲ့ပါတယ်။

Junior Creative အဖွဲ့ရဲ့ ယှဉ်ပြိုင်မှုတွေကို အကဲဖြတ်ဒိုင်တွေတင်မကဘဲ ပရိသတ်များလည်း သဘောကျ နှစ်သက်ခဲ့ကြပါတယ်။ Junior Creative အဖွဲ့က သက်ငယ် မုဒိမ်းကျင့်ခံရတဲ့ ကလေးငယ် အကြောင်း၊ Child Abuse (ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုတို့ အကြောင်း) ကို ပုံဖော်သွားတာဖြစ်ပါတယ်။

သူတို့ပုံဖော်မှုကတော့ Shadow Performance နဲ့ တင်ဆက်ပြသခဲ့တာဖြစ်ပြီး ဒီလိုကပြနိုင်ဖို့ သူတို့အတွက် အရမ်းခက်ခဲခဲ့ကြောင်း Winner ဆုကြေညာပြီးချိန်မှာ ပြောပြသွားခဲ့ပါတယ်။

“ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနေ်ာတို့ ဒီလို ပါဖောမန့်တွေလုပ်ဖို့ အတွက် ကျနော်တို့မောင်နှမတွေက ဒီ Audition ထဲက Grand final ကိုသာရောက်ခဲ့ရင် ဒီMessage လေးကို တနိုင်ငံလုံးက ပရိသတ်တွေကို ပေးမယ်ဆိုပြီး တိုင်ပင်ထားတာပါ။ ကျနော်တို့ အခက်အခဲတွေ အများကြီးနဲ့ နည်းလမ်းပြမယ့်သူ မရှိဘဲနဲ့ လုပ်ခဲ့ရပါတယ်။ အခက်အခဲတွေကြားထဲက အခုလို Winner ရလို့ ကျေးဇူးတင်ပါတယ်’’လို့ Junior Creative အဖွဲ့မှ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

Myanmar’s Got Talent 2018 ပြိုင်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ Dream Boat မှ မောင်မောင်အေး၊ သရုပ်ဆောင် မို့မို့မြင့်အောင်နဲ့ ချစ်သုဝေတို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

The post Myanmar’s Got Talent မှာ ပရိသတ် အားပေးမှုနဲ့ ထပ်တူကျခဲ့တဲ့ “Junior Creative” အဖွဲ့ appeared first on ဧရာဝတီ.

မိုးတွင်းမှာ သီချင်းတွေ သွင်းဖြစ်နေတဲ့ Iron Cross အဖွဲ့

$
0
0

ဆယ်စုနှစ်များစွာတိုင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ဂီတအဖွဲ့အနေနဲ့ ရပ်တည်လာနိုင်တဲ့ Iron Cross အဖွဲ့ရဲ့ ပင်ဆိုင် အဆိုတော်တွေဖြစ်တဲ့ လေးဖြူ ၊ အငဲ ၊ ဝိုင်ဝိုင်း ၊ မျိုးကြီးတို့ကတော့ ယခု မိုးတွင်းမှာတော့ စတိတ်ရှိုးတွေနားထားပြီး သီချင်းအသစ်တွေအတွက် အသံသွင်းနေတယ်လို့ သိရပါတယ်။

“ကျနော်တို့အဖွဲ့က အဆိုတော်တွေအကုန်လုံး သီချင်းတွေ သွင်းနေကြတယ်။ မိုးတွင်းဆိုတော့ စတိတ်ရှိုးလည်း မလုပ်ဖြစ်ဘူး။ မိုးကလည်း တော်တော်ရွာတာကိုး ရန်ကုန်မှာတောင် တော်တော်ရွာတာ နယ်ဘက်တွေဆိုပိုဆိုး ရေမြှုပ်တာတွေရော ဘာရောဆိုတော့ Recording ဘက်ကိုပဲ အာရုံစိုက်နေပါတယ်။ သီချင်းသစ်တွေလည်း လုပ်နေပါတယ်” လို့ အဆိုတော် မျိုးကြီးက ပြောပါတယ်။

Iron Cross အဖွဲ့မှ အဖွဲ့သားများ ပူးပေါင်းထုတ်လုပ်ထားတဲ့ Big 9 TV ပရိုဂရမ်မှာတော့ ခရီးသွားအစီအစဉ်တွေ တင်ဆက်ပေးလျက်ရှိပြီး ယခုလက်ရှိမှာတော့ ခရီးသွားထားတာတွေ များနေတာကြောင့် ခဏနားထားတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ထဲက တေးသံရှင်ဝိုင်ဝိုင်းရဲ့ တကိုယ်အခွေကတော့ အရင်ဆုံးထွက်ရှိလာမှာဖြစ်ပြီး တခြားသောသူများကလည်း အခွေအတွက် အသံသွင်းနေကြပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ တေးသံရှင်မျိုးကြီးက Big 9 TV ပရိုဂရမ်ရဲ့ တည်ထောင်သူတဦးအနေနဲ့ ခရီးသွား ပရိုဂရမ်များ ရိုက်ကူးနေပြီး OPPO ရဲ့ Brand Ambassador တဦးအနေနဲ့လည်း ကြေငြာတွေ ရိုက်ကူးလျက်ရှိပါတယ်။

The post မိုးတွင်းမှာ သီချင်းတွေ သွင်းဖြစ်နေတဲ့ Iron Cross အဖွဲ့ appeared first on ဧရာဝတီ.

ဒါရိုက်တာ မိုက်တီး မူးယစ်ဆေးဝါးအမှုကို သတင်းပေးသူမှာ လီလီနိုင်ကျော် မဟုတ်ဟုဆို

$
0
0

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရတဲ့ ဒါရိုက်တာမိုက်တီး အဖမ်းခံရတာဟာ လီလီနိုင်ကျော် သတင်းပေးလိုက်တာကြောင့်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး လီလီနိုင်ကျော်က သူက သတင်းပေးသူ မဟုတ်ကြောင်း အခုလို ပြောပြခဲ့ပါတယ်။

“ကိုမိုက် ဖြစ်တဲ့ညတုန်းက ကျမကို Facebook က မိတ်ဆွေတယောက်က Messenger ကနေ စာလေး လာပို့တယ်။ ကိုမိုက်တော့ ပစ္စည်းနဲ့မိသွားတယ်ဆိုပြီးတော့။ ကျမ အနေနဲ့ အဲဒီ အကြောင်းအရာကို ဘယ်တုန်းကဖြစ်တာလဲ။ ဘယ်ချိန်ကဖြစ်တာလဲဆိုတာ မသိဘူး”

“စိတ်မကောင်းတာက ဘာလဲဆိုရင် အနုပညာသမားတွေ ပါနေတယ်။ အဲဒီဟာကို နောက်ထပ် ထပ်ပြီးဖြစ်ခဲ့ရင်ဆိုပြီး Post တင်လိုက်တယ်။ အဲဒါကို ကျမက သတင်းပေးလိုက်လို့ သတင်းအရင် ရတယ်ဆိုပြီး ပြောကြတာပါ။ အမှန်တော့ အဲဒီနေ့က ဖျားနေတာပါ။ အဲဒီ စာကိုလည်း အိမ်ကနေ ဒီတိုင်းပဲ တင်လိုက်တာပါ” လို့ အဆိုတော် လီလီနိုင်ကျော်က ပြောပါတယ်။

ဒါရိုက်တာ မိုက်တီး အဖမ်းခံရပြီးတဲ့နောက်မှာ အဆိုပါသတင်းများ ထွက်ပေါ်လာတာဖြစ်ပြီး တိုင်တန်းသူရှိလို့ အဖမ်းခံရတာဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေခဲ့ပြီး သတင်းပေး ဖမ်းစေခဲ့တဲ့အတွက် သိန်း ၃၀ ရရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုများလည်း ရှိနေခဲ့ပါတယ်။

“ကိုမိုက်ကို ကျမ တိုင်တယ်တွေ ဘာတွေ ပြောနေတာတွေက မဟုတ်ပါဘူး။ ကျမ အနေနဲ့က ကိုမိုက်တီးတို့နဲ့ မတွေ့ဘူးဆိုတာလည်း ၁၀ စုနှစ်လောက်တောင် ရှိနေပါပြီ။ အပြင်မှာ တွေ့ကြရင်တောင် သူ့အနေနဲ့ ကျမကို မမှတ်မိနိုင်လောက်တဲ့ အခြေအနေမျိုးပါ”

“ပြောနေကြတဲ့ အကြောင်းအရာက လုံးဝ မဟုတ်ပါဘူး။ နောက်ပြီးတော့ သိန်း ၃၀ ရတယ် ဆိုတာကလည်း လုံးဝ မဟုတ်ပါဘူး။ ဒါကြီးက ကျမနဲ့ ကိုမိုက်တို့ကြားမှာရော ကိုမိုက်ကို အားပေးကြတဲ့ ပရိသတ်တွေကြားမှာရော ပြဿနာ အကြီးအမားကြီး ဖြစ်သွားနိုင်တဲ့ ကိစ္စမျိုးပါ” လို့ လီလီနိုင်ကျော်က ဆိုပါတယ်။

ဒါရိုက်တာ မိုက်တီးကို သြဂုတ်လ ၁၆ ရက်နေ့မှာ တာမွေမြို့နယ် အထက (၃) ရှေ့မှာ သူ့မောင်းလာတဲ့ ကားကို ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာမှာတော့ မီးခိုးရောင် မျက်မှန်ဘူးအတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ ပြား ၁ ထုပ် ၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးအတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားပါ ၁ ဘူး ၊ စုစုပေါင်း ၂၆ ပြား အလေးချိန် ၂.၆ ဂရမ် တို့နှင့်အတူ ရှာဖွေသိမ်းဆည်းကာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

လီလီနိုင်ကျော်က အဆိုပါ ဖမ်းဆီး မခံရခင်အချိန်မှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒါရိုက်တာမိုက်တီး အဖမ်းခံရတဲ့အကြောင်းကို ရေးခဲ့တာကြောင့် သူမကို တိုင်တန်းသူဖြစ်တယ်လို့ ပြောနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဒါရိုက်တာမိုက်တီးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) နဲ့ တာမွေမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ“မိသားစုဝင်တယောက် အခုလိုဖြစ်တော့ ကျန်တဲ့သူတွေကပါ နေလို့ မရဘူး”

အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ညီမချစ်ချစ်ဇော် 

The post ဒါရိုက်တာ မိုက်တီး မူးယစ်ဆေးဝါးအမှုကို သတင်းပေးသူမှာ လီလီနိုင်ကျော် မဟုတ်ဟုဆို appeared first on ဧရာဝတီ.

“ပိုက်ဆံပေးတိုင်းလည်း ဥပဒေနဲ့ အမှန်တရားကို ကျော်လို့ မရဘူး”

$
0
0

ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတဲ့ “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲ (၂) ကို MRTV ရုပ်သံလိုင်းကနေ စက်တင်ဘာလ ၅ ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ ဆုပန်ထွာက ငွေကြေး မတတ်နိုင်တဲ့ အမှုသည်တွေကို ငွေကြေး အခမဲ့နဲ့ အမှုလိုက်ပေးတဲ့ ရှေ့နေမလေး မေနှင်းဆီ အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

“မေနှင်းဆီလို ရှေ့နေမျိုးတွေ အများကြီး လိုအပ်တယ်။ အခမဲ့ ရှေ့နေလိုက်ပေးတဲ့ My Justice Center က တကယ် ရှိတယ်။ လိုအပ်တဲ့ အကူညီဆိုရင် အဲ့ကနေတောင်းပါ။ အားလုံးက အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်းပြီးတော့ ကြိုးစားပေးကြပါတယ်။ ဒါပေမဲ့ အမှန်တရား တခုရှိဖို့တော့ လိုတာပေါ့။ ဒီ ‘နေရယ်၊ လရယ်။ အမှန်တရားရယ်’ ကားလေးက ဥပဒေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းတွေ အများကြီး ပါပါတယ်” လို့ ဆုပန်ထွာက ပြောပါတယ်။

“မြန်မာနိုင်ငံက ပြည်သူလူထုအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။ ဒီကားက ပိုက်ဆံအတွက် အဓိကရိုက်တဲ့ကား မဟုတ်ဘူး။ ပြည်သူလူထုအတွက် အထောက်အပံ့ ဖြစ်စေမယ့် ပညာပေးကားလေးပါ။ ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်။ ဘယ်ကို သွားရမယ်။ ဘယ်လို အမှုဖွင့်ရမယ်ကအစ အကုန်လုံး သိသွားလိမ့်မယ်” လို့ ဆုပန်ထွာက ဆိုပါတယ်။

“ဖုံးကွယ်ထား လို့မရတဲ့ အရာတွေတော့ ကျမ ကိုယ်တိုင်လည်း အခက်အခဲ ကြုံခဲ့ဖူးတာပဲ။ ဒါပေမယ့် အမှန်တရားဆိုတာ ရှိတယ်။ အဲ့အမှန်တရားရှိတဲ့အတွက် ရဲရဲဝံ့ဝံ့နဲ့ ခေါင်းမော့ ရင်ကော့ပြီး လျှောက်နိုင်တယ်။ ဒီအမှန်တရားက ဖုံးထားလို့မရဘူး။ ပိုက်ဆံပေးတိုင်းလည်း ဥပဒေရော၊ အမှန်တရားကိုရော ကျော်လို့ မရဘူး။ အမှန်တရားကို သိလာတဲ့ အချိန်မှာ ဥပဒေကပဲဖြစ်ဖြစ် အမှန်တရားနဲ့ပဲကြည့်ကြည့် လောကကြီးမှာ လျှောက်ဖို့ ပိုရဲရင့်သွားတယ်” လို့ ဆုပန်ထွာက ပြောပါတယ်။

ဆုပန်ထွာက ဇာတ်ကားတွေရို က်ကူးနေသလို သူမရဲ့ ချစ်စရာသားလေး Roar Roar Kyaw ကလည်း ၂ နှစ်ပြည့်တော့မှာ ဖြစ်တာကြောင့် သားလေးမွေးနေ့အတွက် အလှူအတန်းတွေလည်း လုပ်ပေးဖို့ရှိတယ်လို့ ပြောပါတယ်။

“သားသားမွေးနေ့အတွက် ကျမတို့ စီစဉ်နေတယ်။ မှော်ဘီမှာရှိတဲ့ မိဘမဲ့ကျောင်း တကျောင်းကို လှူဖို့တော့ စီစဉ်နေတယ်။ သားမွေးနေ့မှာ တကယ်လိုအပ်နေတဲ့ နေရာတွေကို လှူချင်တယ်။ လှူတယ်ဆိုရင်လည်း ပိုက်ဆံလှူတာမျိုးမဟုတ်ဘဲ သူတို့ တကယ်လိုအပ်နေမယ့် ပစ္စည်းတွေ လှူချင်တယ်။ သားမွေးနေ့က ၁၅ ရက်နေ့ ၂ နှစ်ပြည့်မယ်။ မိသားစုတွေနဲ့ အသိမိတ်ဆွေနဲ့ မုန့်စားဖို့လည်း လုပ်ထားတယ်” လို့ ဆိုပါတယ်။

“နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲ (၂) ကို ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးပြီး သရုပ်ဆောင်များ အဖြစ် ဘုဏ်းသိုက်၊ နေယံ၊ မိုးယံဇွန်၊ နန္ဒ၊ ဆုပန်ထွာ၊ ခင်ဇာခြည်ကျော်၊ မေပန်းချီနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

The post “ပိုက်ဆံပေးတိုင်းလည်း ဥပဒေနဲ့ အမှန်တရားကို ကျော်လို့ မရဘူး” appeared first on ဧရာဝတီ.

“ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးအကြောင်း ပြောပြလာတဲ့ အကယ်ဒမီ ခန့်စည်သူ

$
0
0

သရုပ်ဆောင် ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်နဲ့ ခိုင်သင်းကြည်တို့ ၃ ဦးပေါင်း လုပ်ဆောင်မယ့် “ခသုံးလုံး”ထုတ်လုပ်ရေးအတွက် သရုပ်ဆောင်သစ်များ ရွေးချယ်ပွဲကို မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။

“ခသုံးလုံး ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့သရုပ်ဆောင် လူရွေးတယ်ဆိုပေမယ့် ဒီအတွက် သက်သက်ကြီးပဲ မဟုတ်ပါဘူး။ ကျနော်တို့နိုင်တဲ့ဝန်လေးနဲ့ ရုပ်ရှင်လောကအတွက် တထောင့် တနေရာကနေ ဖြည့်ဆည်းအားဖြည့်ပေးခြင်းပါပဲ။ ကျနော်တို့စိတ်ထဲက သဘောကျရင်၊ ဒိုင်တွေ သဘောကျရင် ရွေးမယ်။ လူဦးရေ သတ်မှတ် မထားပါဘူး”လို့ ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အကယ်ဒမီ ခန့်စည်သူက ဆိုပါတယ်။

သရုပ်ဆောင်သစ် ရွေးချယ်ဖြစ်တဲ့ ရည်ရွယ်ချက် စိတ်ကူးကိုလည်း ခန့်စည်သူက အခုလို ပြောပြပါတယ်။

“ကျနော် အရင်ကလည်း အနုပညာပျိုးခင်းမှာ အတွေ့အကြုံတွေရှိခဲ့ပါတယ်။ အခုလည်း ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတော့ ဒီဖက်ခေတ် အနေအထားမှာက ဗီဒီယိုဆိုတာလည်း လောက်လောက်လားလား မရှိတော့ဘူး။ ရုပ်ရှင်ကျတော့လည်း နာမည်ရသရုပ်ဆောင်တွေ ရိုက်နေတယ်။ ဇာတ်ကားတွေ block ဖြစ်လာတဲ့အခါမှာ ရိုက်ကူးမှုတွေနည်း နည်းလာတဲ့အတွက် သရုပ်ဆောင်သစ်တွေ အနုပညာလောကကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် အရမ်းကြီး အခွင့်အရေးနည်းတယ်။ ဒါကြောင့် ကျနော်တို့တတ်နိုင်တဲ့ဘက်က သရုပ်ဆောင်သစ်တွေကို လက်တွဲခေါ်တာပါ”လို့ ခန့်စည်သူက ဆိုပါတယ်။

အရွေးချယ်ခံရတဲ့ သရုပ်ဆောင်များအနေနဲ့ အနီးစပ်ဆုံး ၁၁ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ကြရမှာဖြစ်ပြီး ငပလီမှာ သွားရောက်ရိုက်ကူးမယ့် ကမ်းခြေဇာတ်ကား တကား ဖြစ်ပါတယ်။

“နောက်ပိုင်း အလျဉ်းသင့်ရင် သင့်သလို ကျနော်တို့ဆီက ရိုက်မယ့် ဇာတ်ကားတွေရော၊ သူတို့အနုပညာ အရည်အချင်းအရ ကြိုးစားအားထုတ်မှုနဲ့ အခြားခြားသော ထုတ်ဝေရေးတွေက ရိုက်ကူးချင်တယ် ဆိုပြီး လာကမ်းလှမ်းရင်လည်း ရိုက်ကူးခွင့် ပြုမှာပါ”လို့ ဆိုပါတယ်။

ဘယ်လိုအချက်တွေနဲ့ ရွေးချယ်တယ်ဆိုတာနဲ့ပတ်သက်ပြီးလည်း ခန့်စည်သူက “ကျနော်တို့ သူတို့ကို ရွေးချယ်ရင်း စမ်းသပ်တာပေါ့။ အဲဒီစမ်းသပ်မှုတွေကနေ သူတို့အရည်အချင်းတွေ ပေါ်လာတာပေါ့။ ဒီတယောက် အရည်အချင်းနဲ့ ဟိုတယောက်အရည်အချင်း ဆိုတာက မတူဘူးလေ။ သူတို့ တယောက်ချင်းစီရဲ့ အရည်အချင်းကို မူတည်ပြီးမှ ဆုံးဖြတ်ရတာပေါ့”လို့ ခန့်စည်သူက ပြေပါတယ်။

ပြိုင်ပွဲကိုလာရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲဝင် ယောက်ကျားလေး ၁၀ ဦး၊ မိန်းကလေး ၂၀ဦးရှိခဲ့ပြီး ပြိုင်ပွဲဝင်များရဲ့အနေအထားနဲ့ ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။ “အတော်ကြိုးစားကြပါတယ်။ တော်တော်တော်တဲ့ ကလေးတွေ၊ တော်တော်ထက်တဲ့ ကလေးတွေတွေ့ရပါတယ်”လို့ ခန့်စည်သူက ပြောပါတယ်။

ဒိုင်လူကြီးများအနေနဲ့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့အပြင် ဒါရိုက်တာ အာရုဏ်ဦး ကိုဇော် ၊ Beauty blogger နေခြည်ဦးတို့ ပါဝင်တာ တွေ့ရပါတယ်။ နေခြည်ဦးကို ဒိုင်လူကြီးအဖြစ် ထည့်သုံးဖြစ်တာနဲ့ ပတ်သက်ပြီးလည်း ခန့်စည်သူက အခုလို ဖြေရှင်း ပြောဆိုပါတယ်။

“ဒါကတော့ တော်တော်များများက ပြဿနာလို့ ယူဆနေကြတယ်။ ကျနော်တို့အတွက်က ဒါပြဿနာ မဟုတ်ပါဘူး။ မေးခွန်း တခုအနေနဲ့လည်း ထွေထွေထူးထူးတော့ ကျနော်တို့ ဖြေမနေတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နေခြည်ဦးကလည်း သူ့အတွေ့အကြုံနဲ့ မေးတယ်။ အမှတ်ကလည်း ကျနော်တို့က ဝိုင်းပေးကြတာပါ။ သူက သူ့ရဲ့အတွေ့အကြုံအရ မိတ်ကပ်နဲ့ ဖြစ်ဖြစ်၊ အလှအပနဲ့ပဲ ဖြစ်ဖြစ် စိတ်ခံစားချက်နဲ့ပဲဖြစ်ဖြစ် သူကမေးခွန်းမေးမယ်။ အဲဒီအပေါ်မှာ ကျနော်တို့က အမှတ် ဝိုင်းပေးကြပေါ့။ တဦးတယောက်တည်းနဲ့လည်း လုပ်လို့မရပါဘူး”လို့ ခန့်စည်သူက ပြောပါတယ်။

လူပျိုကြီးစာရင်းဝင်တဲ့ ခန့်စည်သူရဲ့ သီတင်းကျွတ် အစီအစဉ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ “သီတင်းကျွတ်မှာ သက်ကြီးဝါကြီး ဆရာသမားတွေကို လိုက်ကန်တော့မယ်”လို့ ဆိုပါတယ်။

“ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးမှ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားသစ်ကြီးအတွက် ရွေးချယ် လိုက်တဲ့ သရုပ်ဆောင်သစ်များကတော့ အာကာဝင်းနိုင်၊ ထက်အာကာဟိန်း၊ P ဂျာဆိုင်းဘူ၊ ပြည့်ဖူးမွန်တို့ပဲဖြစ်ပါတယ်။

The post “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးအကြောင်း ပြောပြလာတဲ့ အကယ်ဒမီ ခန့်စည်သူ appeared first on ဧရာဝတီ.

“တိုင်းပြည်ငြိမ်းချမ်းဖို့ လုပ်နေတယ် မူးယစ်ဆေးဝါးတွေက ဒလဟောဝင်နေတယ်”

$
0
0

မကြာသေးခင် ကာလအတွင်းက အနုပညာရှင်အချို့ မူးယစ်ဆေးဝါး အမှုများနဲ့ ဆက်တိုက် ဆိုသလို ဖမ်းဆီးခံနေရပါတယ်။ ဖမ်းဆီးခံရတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ရွှေထိုက်၊ အဆိုတော် ရသ၊ ဒါရိုက်တာ မိုက်တီးတို့ ပါဝင်ပြီး ဒါရိုက်တာ မိုက်တီး အဖမ်းခံရတာနဲ့ ပတ်သက်လို့ မိုက်တီးရဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဖြစ်သူ သရုပ်ဆောင် အရိုင်းက အခုလို ဆိုပါတယ်။

“တိုင်းပြည်ငြိမ်းချမ်းဖို့ ငြိမ်းချမ်းရေး လုပ်နေတယ်။ ဒီမူးယစ်ဆေးဝါးတွေက ဒလဟော ဝင်နေတယ်။ ဘယ်နေရာ သွားငြိမ်းမလဲ။ မူးယစ်ဆေးဝါး ဘယ်သူမှ မကြိုက်ပါဘူး။ ဘယ်နိုင်ငံမှ မကြိုက်ဘူး။ တကမ္ဘာလုံး မကြိုက်ဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး ချမ်းသာနေသူတွေလည်း အများကြီးရှိတာပဲ။ ကောင်းသလား၊ မြဲမလား သူများမျက်ရည်ကျပြီးမှ ရတဲ့ ပိုက်ဆံမမြဲပါဘူး။”

“ဖြစ်သွားတဲ့ သူကတော့ မတတ်နိုင်ဘူး။ ဘယ်သူမပြု မိမိမှုပဲ။ ကိုယ့်သူငယ်ချင်းမို့ သနားပါတယ်။ ကိုယ့်သူငယ်ချင်းဖြစ်တယ်။ သူ့ဟာသူ ခံသွားရတယ်။ တရားသဘောတွေ အရပဲ ဦးရိုင်းတို့ ဆင်ခြင်ရမှာပါပဲ။ တခြားသူဖြစ်လည်း ဦးရိုင်းတို့မကြိုက်ဘူး။ ကိုယ့်သူငယ်ချင်းဖြစ်လည်း ဦးရိုင်းတို့ မကြိုက်ဘူး။ ဦးရိုင်းတို့က ဘယ်သူလုပ်လုပ် မကြိုက်ဘူး”လို့ သရုပ်ဆောင် အရိုင်းက ပြောပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရပ်တန့်သွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ဝိုင်းစဉ်းစား ပေးရမယ်။ ပဲကြီးလှော်လိုပဲ ကြယ်သီး ဆိုတဲ့ မူးယစ်ဆေးဝါးအလုံးလေးတွေက ပဲကြီးလှော်စားသလို ဒလဟောထွက်နေတဲ့အခါ ဘယ်ကရတာလဲလို့ မေးရမလို ဖြစ်နေပြီ။ ကောင်းသလား။ နယ်စပ်မှာလည်း မိတယ် ပြောတယ်။ နယ်စပ်ကလူတွေလည်း မေးချင်တယ်။ ကောင်းလား”လို့ အရိုင်းက ဆိုပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင်တော့ ပြောမနေနဲ့။ ဟိုလူ ဖမ်းခံရတယ်။ ဒီလူ ဖမ်းခံရတယ်။ ဟိုလူ ပါသွားပြီ။ ဒီလူ ပါသွားပြီဆိုတာ ဒီခေတ်မှမဟုတ်ဘူး။ ဟိုခေတ်မှာလည်း ဖမ်းခံရတာပဲ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လက်ထက်တည်းက ရှိတဲ့ မူးယစ်ဆေးဝါးဟာ ခုချိန်ထိ ရှိနေသေးတယ် ဆိုတာ ဘာလဲလို့သာ စဉ်းစားသာကြည့်လိုက်ပေါ့” လို့ ပြောပါတယ်။

“မကောင်းဘူးသာပြောနေတယ်။ တော်ကြာနေ ဟိုစက်ရုံထဲမှာ အလုံး ၅ သိန်းလောက်မိပြန်ပြီ၊ ဘယ်လောက် မိပြန်ပီဆိုပြီး ဒီစက်ရုံတွေရှိနေတော့ ဘာလဲထုတ်ဖို့ပေးထားတာလား။ ဒါတွေ ပေါများတဲ့ အခါကျတော့ ဒါတွေရပ်တန့်သွားအောင် ဘယ်လိုလုပ်မလဲဆိုတာ ဝိုင်းစဉ်းစားပေးရမယ်”

လက်ရှိမှာတော့ သရုပ်ဆောင် အရိုင်းဟာ ဇာတ်ကားတွေရိုက်ကူးနေသလို မကြာခင်က ရုံတင် ပြသခဲ့တဲ့ “နာနာဘာဝချစ်သူ” ဇာတ်ကားမှာလည်း ထိုင်းဘာသာပြန်တယောက် အနေနဲ့ ပါဝင်ထားပါသေးတယ်။

The post “တိုင်းပြည်ငြိမ်းချမ်းဖို့ လုပ်နေတယ် မူးယစ်ဆေးဝါးတွေက ဒလဟောဝင်နေတယ်” appeared first on ဧရာဝတီ.


တွဲပြီးမှ ပြတ်သွားရင် နှစ်ယောက်လုံး အရှက်ကွဲမယ့် အဖြစ်မျိုး ကျနော် မဖြစ်ချင်ပါဘူး

$
0
0

ချစ်သူရည်းစားကိစ္စများနဲ့ ပတ်သက်ပြီး ပရိသတ်ကို မကြာခဏ စိတ်လှုပ်ရှားအောင် ပြုလုပ်လေ့ရှိတဲ့ ပိုင်တံခွန်ကတော့ သူ့ရဲ့ရည်းစားကို ချပြမှာ မဟုတ်ဘဲ တွဲပြီးမှပြတ်သွားခဲ့ရင် နှစ်ယောက်လုံး အရှက်ကွဲရမယ့် အဖြစ်မျိုး မဖြစ်ချင်ဘူးလို့ ပြောပါတယ်။

“ရည်းစားက မရှိပါဘူး။ ဒီလိုပဲ စနောက်နေတာ။ ကျနော်ချစ်တဲ့ ကောင်မလေးတော့ ရှိတယ်။ ဖွင့်တော့ မပြောရသေးဘူး။ အခုလို ခေတ်ကြီးမှာဆိုရင် ကျနော်က ရည်းစားဖြစ်သည့် တိုင်အောင် မီဒီယာကိုလည်း ချပြနေမှာ မဟုတ်ဘူး။ တွဲပြီးမှ ပြတ်သွားရင် နှစ်ယောက်လုံး အရှက်ကွဲမှာ အဲဒီလို အဖြစ်မျိုး ကျနော် မဖြစ်ချင်လို့။ အမှန်အတိုင်းပြောရရင် နည်းနည်း ရွေးချယ်ရခက်နေတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။

ပိုင်တံခွန်ကတော့ သူချစ်နေတဲ့ ကောင်မလေးကို ချစ်နေတဲ့အကြောင်း ဖွင့်မပြောရသေးဘဲ သူတကယ်ချစ်ပြီး တကယ် ယူနိုင်မယ့်သူကိုတော့ ပရိသတ်ကို ပြောပြသွားပါမယ်လို့ ဆိုပါတယ်။

“တကယ်လို့ ကျနော့်ဆီမှာ ရှိခဲ့မယ်ဆိုရင် ပရိသတ်ကို ဖုံးကွယ်မှာ မဟုတ်ဘူး။ ချပြမှာပါ။ အလောတကြီးနဲ့လည်း ပရိသတ်ကို ချပြမှာ မဟုတ်ဘူး။ ကျနော် တကယ်ယူနိုင်မယ်။ ကျနော့် အခြေအနေက အဆင်ပြေပြီ။ ကျနော့် ကောင်မလေးကိုလည်း ကျနော် တာဝန်ယူနိုင်ပြီဆိုရင် ချပြမှာပါ” လို့ ပိုင်တံခွန်က ဆိုပါတယ်။

လောလောဆယ်မှာတော့ သူချစ်နေတဲ့ ကောင်မလေးဘယ်သူလဲဆိုတာကိုတော့ မပြောပြခဲ့ဘဲ လျို့ဝှက်ထားပါသေးတယ်။

သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုတော့ Brand Ambassador အဖြစ်လက်ခံထားတာတွေကိုပဲ ကြော်ငြာရိုက်ကူးနေပြီး ဇာတ်ကားရိုက်ကူးမှုများကိုတော့ စာမေးပွဲရှိတာကြောင့် ခဏနားထားပါတယ်လို့ သိရပါတယ်။

“လက်ရှိမှာတော့ ကျနော် Brand Ambassador အဖြစ်လက်ခံထားတာတွေကို ကြော်ငြာ ရိုက်နေတယ်။ ကားရိုက်တွေတော့ ခဏနားထားတယ်။ ဒီလက မော်ဒယ်အလုပ်ပဲ များနေတယ်။ ပြီးတော့ စာမေးပွဲရှိတာရော သင်တန်းတွေလည်းရှိတာကြောင့် ခဏ နားထားတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။

မိန်းကလေးပရိသတ်တွေအများစုရဲ့ ချစ်ခင်မှုကို သိမ်းပိုက်ထားတဲ့ ပိုင်တံခွန်ကတော့ မော်ဒယ် အလုပ်တွေသာမက ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး လာခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်အသက် ၃၀ ကျော်ရင် အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုတဲ့ မော်ဒယ်လ် ပိုင်တံခွန်နဲ့ တွေ့ဆုံခြင်း

The post တွဲပြီးမှ ပြတ်သွားရင် နှစ်ယောက်လုံး အရှက်ကွဲမယ့် အဖြစ်မျိုး ကျနော် မဖြစ်ချင်ပါဘူး appeared first on ဧရာဝတီ.

“လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို စိတ်ချမ်းသာတယ်”

$
0
0

အဆိုတော် ထူးအယ်လင်းက လက်ရှိ သူပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို အရမ်း ကျေနပ်နေတယ်လို့ ပြောပါတယ်။ သမီးကြီး ဖြူဖြူစင်စင်လင်းကိုတော့ သူကပဲ စောင့်ရှောက်ထားတယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

“လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို စိတ်ချမ်းသာတယ်။ ပြောင်းလဲသွားတာ ကတော့ ကလေး ၃ ယောက်အဖေ ဖြစ်သွားတာပေါ့။ သမီးကို ကျနော်ပဲ စောင့်ရှောက် ထားတယ်။ ပညာရေးကိုပဲ ဦးစားပေးခိုင်းထားတယ်။ လူရှေ့၊ သူရှေ့ ရုပ်လုံး သိပ်မထွက်စေချင်ဘူး။ အဆိုတော် မဖြစ်စေချင်ဘူး။ ဒါပေမယ့် သူက သီချင်းတအား ဆိုတယ်။ သီချင်းဆိုတာ သူဝါသနာပါပေမယ့် ပညာရေး Level တခုလောက် ရောက်ပြီး ကျနော် စိတ်ကျေနပ်မှ သီချင်းဆိုခိုင်းမယ်။ နောက်ထပ်သားလေး ၂ ယောက်ရှိတယ်။ သားသမီး သုံးယောက်ကို ကြည့်ရှုစောင့်ရှောက်နေတယ်’’ လို့ ထူးအယ်လင်းက ပြောပါတယ်။

သီချင်းတွေပဲ သီဆိုလေ့ရှိတဲ့ အဆိုတော် ထူးအယ်လင်းက “Special 9″ ရုပ်ရှင်မှာ လူဆိုးဂိုဏ်းခေါင်ဆောင် နေရာမှာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ကို အဆိုတော် ယုန်လေးက အကူအညီတောင်းတာကြောင့် ဟိုဘက်ကမ်းက (တဖက်နိုင်ငံက) လူဆိုးကြီးအဖြစ် သရုပ်ဆောင်ဖြစ်တယ်လို့ မီဒီယာတွေကိုပြောပါတယ်။

“Special 9 ဇာတ်ကားမှာ ကျနော်ပါဝင် သရုပ်ဆောင်ထားတာ မဆိုးပါဘူး။ ကိုယ့်ကိုယ်ကိုတောင် အမြင်ကပ်တယ်။ ယုန်လေးက ကျနေ်ာ့ကို ဟိုဘက်ကမ်းက လူဆိုးကြီး လုပ်ပေးပါဆိုတာနဲ့ ကျနေ်ာလည်းရိုက်ပေးဖြစ်သွားတာ။ ကတုံးနဲ့ သရုပ်ဆောင်ဖြစ်တာက ရဲဒင်းအမှုနဲ့ ပတ်သက်ပြီးတော့ ၁ လ ထောင်ကျတယ်”

“၁ လ ထောင်ကျတော့ ဆံပင် ညှပ်လိုက်တယ်။ ပြီးတာ့ ကျနော် ဘုန်းကြီးဝတ်တယ်။ ၉ ရက် ပြန်ထွက်လာတော့ ကတုံးကြီးနဲ့ ပိုမိုက်တယ် ဆိုတာနဲ့ ကတုံးနဲ့ပဲ ရိုက်ဖြစ်သွားတာပါ။ နောက်ပိုင်းတော့ ကတုံးနဲ့ မဟုတ်တော့ပါဘူး။ ဆံပင်ရှည်ထားတော့မှာပါ” လို့ ထူးအယ်လင်းက ပြောပါတယ်။

ထူးအယ်လင်းဟာ “ဥယျာဉ်မှူး” ဆိုတဲ့ သီချင်းကို အွန်လိုင်းကနေ ဖြန့်ပေးသွားဖို့ ရှိပြီး တေးစီးရီးသစ်လည်း ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ အဆိုတော် ထူးအယ်လင်းဟာ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး ပရဟိတ လုပ်ငန်းတွေကိုလည်း ကူညီလုပ်ကိုင်နေသူ ဖြစ်ပါတယ်။

The post “လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို စိတ်ချမ်းသာတယ်” appeared first on ဧရာဝတီ.

အားကစားသမားကောင်းတယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်” The Miracle Season”

$
0
0

ရုပ်ရှင်ချစ်ပရိသတ်တွေဒီတပတ်မှာ ဘာကားကြည့်ရမလဲ အတွေးခက်နေတယ်ဆိုရင် ဇာတ်ကားကောင်းတခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

ကစားသမားတွေဟာ အောင်မြင်မှုရဖို့ ဘယ်လိုအားထုတ်ရတယ်၊ အဖွဲ့အစည်းစိတ်ဓာတ်က ဘယ်လောက် အရေးပါ တယ်ဆိုတာမျိုးအပြင် သူငယ်ချင်းရဲ့ အိပ်မက်အကောင်အထည်ပေါ်လာစေဖို့ ကြိုးစားပေးတဲ့ သူငယ်ချင်းသံယောဇဉ် ဆိုတာမျိုးကိုလည်း ရိုက်ကူးပြထားပါတယ်။ ဒီကားကြည့်ရင် သင်ပါစိတ်ခွန်အားတွေတက်ကြွလာမယ်လို့ ပြောချင်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသမီးအသစ်လေးတွေဖြစ်တဲ့ Erin Moriarty နဲ့ Danika Yarosh တို့က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။

ဇာတ်လမ်းအကျဉ်းက ကယ်လီနဲ့ ကယ်ရိုလိုင်းဆိုတဲ့ နှစ်ယောက်က ငယ်စဉ်ကတည်းက တွဲလာကြတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ပါ။ ကယ်ရိုလိုင်းက ပျော်ပျော်နေတတ်ပြီး အထက်တန်းကျောင်းက ဘော်လီဘောအဖွဲ့ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။

သူမမှာ မကျန်းမာတဲ့ မိခင်ရှိပေမယ့် စိတ်ပျက်အားငယ်မနေဘဲ အမြဲတမ်းတက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် နေလေ့ရှိပါတယ်။ ဒါကြောင့် ကယ်ရိုလိုင်းကို လူတိုင်းက ချစ်ခင်သဘောကျပါတယ်။ တနေ့ ပါတီပွဲတခုအပြန်ကနေ ကယ်ရိုလိုင်းတယောက် မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူမလို စိတ်ကောင်းရှိပြီး အရည်အချင်းရှိ တဲ့ကစားသမားတယောက် စောစောစီးစီး ကြွေလွင့်သွားရတဲ့အတွက် တကျောင်းလုံးက စိတ်မကောင်းဖြစ်သလို အချစ်ဆုံးသူငယ်ချင်း ကယ်လီကိုယ်တိုင်လည်း ဘောလီဘော ဆက်ကစားနိုင်စွမ်း မရှိခဲ့ပါဘူး။

ဒီလို တသင်းလုံးဝမ်းနည်းပြီး လေ့ကျင့်မှုတွေမလုပ်နိုင်တဲ့အခါ ကယ်ရိုလိုင်းရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံဆုကို ရယူနိုင်ပါ့မလား၊ ကယ်လီ့ကိုကော အသင်းခေါင်းဆောင်အဖြစ် တခြားအဖွဲ့ဝင်တွေက လွယ်လွယ်ကူကူလက်ခံမလား ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။

ဒီကားအမျိုးအစားက Sport Drama ဖြစ်ပြီး ကြည့်နေရင်းနဲ့ ကိုယ်တိုင်လွယ်လွယ်ကူကူအရှုံးမပေးဖို့ အတွေးဝင်မိပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ုလို့ကောင်းတဲ့ ဇာတ်ကားတခုဖြစ်ပြီး တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။ IMDb 6.4 လည်းရထားတာကြောင့် ကြည့်ကောင်းတဲ့ဇာတ်ကားတခုဖြစ်ပါတယ်။

The post အားကစားသမားကောင်းတယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်” The Miracle Season” appeared first on ဧရာဝတီ.

“နေရယ်၊ လရယ်၊ အမှန်တရားရယ်”ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့တဲ့ ဒေါ်ဆွေဇင်ထိုက်

$
0
0

လက်ရှိ မြန်မာ့ရုပ်ရှင်လောကအပေါ် မကြာခဏဝေဖန်ထောက်ပံ့လေ့ရှိတဲ့ ဒေါ်ဆွေဇင်ထိုက်က မကြာခင်ပြသတော့မယ့် “နေရယ်၊ လရယ်၊ အမှန်တရားရယ်”ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။

“ Season 1 တုန်းကတော့ ကျမတို့က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို ရည်မှန်းပြီးတော့ ရွေးကောက်ပွဲ ပညာပေးအနေနဲ့ ၁၀ ပိုင်း လွှင့်ခဲ့ပါတယ်။ Season 2 ကတော့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးရမယ်ဆိုပြီးတော့ လူအများသိအောင်လို့ ကျမတို့ မြေယာပိုင်ဆိုင်မှု အကြောင်းပါမယ်။ သက်ငယ်မုဒိမ်း အကြောင်းပါတယ်။ လူကုန်ကူးမှု အကြောင်းပါတယ်”

” နောက် Season 3 ကိုတော့ ကျမ ‘ အဂတိ ‘ လိုက်စားခြင်းဆိုတဲ့ Direction ကိုပြောမယ်လို့ စိတ်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ ပါတဲ့သူတွေ အားလုံးက Salary ရပါတယ်။ ရတဲ့သူတွေကို ပေးတဲ့ Salary ဟာ အချိန်ကို ဘလော့ လုပ်ရတာ၂ လ ဖြစ်တဲ့အတွက် သူတို့ကို ပေးရတဲ့ Salary ထက် ၃၀% ၄၀% ပိုပေးပါတယ်။ ကျမကတော့ ပရိုဂျူဆာက တပြားမှမယူပါဘူး” လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

‘နေရယ်၊ လရယ်၊ အမှန်တရားရယ် ‘ ခေါင်းစဉ်အောက်က ရိုက်မယ်ဆိုရင် ဒါရိုက်တာအောင်ကိုလတ်နဲ့ပဲ ရိုက်ကူးမှုပြုလုပ်မှာ ဖြစ်ကြောင်းပြောပါတယ်။

“ကိုအောင်ကိုလတ်နဲ့ပဲ ပထမ Season 1 တုန်းကလည်း ရိုက်တယ်။ Season 2 လည်း ကိုအောင်ကိုလတ်နဲ့ ပဲရိုက်တယ်။ နောက်’ နေရယ်၊ လရယ်၊ အမှန်တရားရယ်’ ခေါင်းစဉ်အောက်ကရိုက်မယ်ဆိုရင် ကိုအောင်ကိုလတ်နဲ့ ပဲရိုက်မှာပါ။ ပထမ Season 1 တုန်းကတော့ လန်ဒန်ကရှေ့နေကြီး တယောက်နဲ့ ဇာတ်ညွှန်းရေးဆရာတယောက် သူတို့ ၂ ယောက်ကနေ ပြီးတော့ ရေးခဲ့တဲ့ ဇာတ်လမ်းပေါ့။ အဲ့ဒီဇာတ်လမ်းကိုမှ ကျမတို့ Dialog တွေထည့်တဲ့ အလုပ်ပဲ လုပ်တာပေါ့နော်”

“အခု Season 2 မှာတော့ ဇာတ်ညွှန်းရေးဆရာနဲ့ ရှေ့နေကြီးက အိုင်ဒီယာပဲပေးတာပေါ့နော်။ ကျမတို့က ဒီမှာအခြေအနေတွေကို ထည့်တယ်။ Yangon Film School က ကလေးတွေနဲ့ သူတို့ရဲ့ Supervisor အောက်မှာ Team အလိုက်ဇာတ်ညွှန်းရေးတတ်ဖို့ နည်းလမ်းတခုကိုလုပ်ပါတယ်။ အဲ့ဒီကနေ ထွက်လာတဲ့ ဇာတ်ညွှန်းကိုပဲ ကျမတို့ ရိုက်ကူးတာဖြစ်ပါတယ်။ ဒါကြောင့် Season 2 ရဲ့ ဇာတ်ညွှန်းဟာ ပိုပြီးတော့ မြန်မာဆန်တယ်လို့ပြောရမှာပါ” လို့ပြောပါတယ်။

အပိုင်း ၁ မှာ ကတည်းက အောင်မြင်ခဲ့တဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်း အပိုင်း ၂ ကို လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ စတင်ပြီး MRTV ရုပ်သံလိုင်းမှာ စတင်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။’

နေရယ်၊ လရယ်၊ အမှန်တရားရယ် ‘ဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ဘုဏ်းသိုက်၊ နေယံ၊ မိုးယံဇွန်၊ ဆုပန်ထွာ၊ ခင်ဇာခြည်ကျော်နှင့် သရုပ်ဆောင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။

The post “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့တဲ့ ဒေါ်ဆွေဇင်ထိုက် appeared first on ဧရာဝတီ.

ပြီးပြည့်စုံတဲ့ Selfie အလှပုံတပုံ ရရှိစေဖို့ လိုက်နာရမယ့် အချက် ၇ ချက်

$
0
0

သင်ဟာ Selfie ရိုက်ရတာကိုလည်း ဝါသနာပါပြီး ပုံလှလှလေးတွေ မရရှိလို့ စိတ်အနှောင့်အယှက် ဖြစ်နေရတယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် Selfie ရိုက်တဲ့အခါ လိုက်နာရမယ့် အချက်တွေကို ဖတ်ရှုကြည့်ရင်း ပြန်လည်အသုံးချ စေနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

(၁) SPF ပါဝင်တဲ့ Sunscreen ဒါမှမဟုတ် တခြားသော ခရင်မ်တမျိုးမျိုး လိမ်းထားမယ်ဆိုရင် Selfie ရိုက်တဲ့အခါ flash မီးဖွင့်ပြီး မရိုက်ဖို့ အကြံပြုချင်ပါတယ်။ မျက်နှာပေါ်မှာ လိမ်းထားတဲ့ ခရင်မ်တွေကြောင့် flash မီးဖွင့်ပြီး Selfie ဆွဲတဲ့အခါ မျက်နှာအဆီပြန်သလို ပြောင်ပြောင်လက်လက်ဖြစ်နေတတ်လို့ပဲ ဖြစ်ပါတယ်။

(၂) ပြီးပြည့်စုံတဲ့ Selfie ပုံတပုံရဖို့အတွက် ကင်မရာရှုထောင့်ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ဥပမာ- မေးနှစ် ထပ်ဖြစ်နေသူတယောက်အတွက် ဆိုရင်တော့ ကင်မရာကို အပေါ်စီးကနေ ထားရှိပြီး နဖူးနဲ့ တန်းတန်းမတ်မတ် အနေအထားမှာ ထားရှိခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။

(၃) Selfie ရိုက်တဲ့အခါ သင့်ဆံပင်တွေကို ရွှဲရွှဲကပ်ကပ်ဖြစ်နေတဲ့ ပုံစံမျိုးဟာ ကြည့်ရဆိုးစေတာကြောင့် Selfie ရိုက်ကာနီးမှာ ဆံပင်တွေကို အနည်းငယ်ဖွပြီး ရိုက်ခြင်းက သဘာဝကျကျ လှပနေစေမှာ ဖြစ်ပါတယ်။

(၄) Selfie ရိုက်တဲ့အခါ လိုတာထက်ပိုပြီး ပြုံးရယ်နေခြင်းဟာ မျက်လုံးတွေကို ကျဉ်းမြောင်းသွားစေတတ်သလို မျက်နှာနဲ့မျက်လုံးအောက်မှာရှိတဲ့ အရေးအကြောင်းတချို့ကိုလည်း ပေါ်စေတာကြောင့် အလွန်အကျူး ပြုံးရယ်ခြင်း မျိုးကို ရှောင်ရှားသင့်ပါတယ်။

(၅) မျက်တောင်ခဏခဏခတ်ခြင်းဟာလည်း ပြီးပြည့်စုံတဲ့ Selfie ပုံတပုံအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒါကြောင့် Selfie မရိုက်ခင်မှာ မျက်လုံးတွေကို ခဏလောက်မှိတ်ထားပြီးမှ ရိုက်ယူခြင်းက အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

(၆) Selfie ပုံထဲမှာ သဘာဝကျကျ လှပနေစေဖို့အတွက် သင့်မျက်နှာပေါ်မှာ ပန်းသွေးရောင် ပါးနီအနည်းငယ် လိမ်းခြယ်ပေးခြင်းက ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်တော့ ပါးနီလိမ်းခြယ်ထားခြင်းက လူငယ်ဆန်စေသလို ပေါ့ပေါ့ပါးပါးနဲ့ အထာကျနေစေလို့ပဲ ဖြစ်ပါတယ်။

(၇) Selfie ပုံကောင်းတပုံရရှိစေဖို့အတွက် နောက်ထပ်အရေးကြီးတာတခုကတော့ သင့်အနေနဲ့ နှုတ်ခမ်းနီကို အရောင်ရင့်ရင့်ဆိုးမယ်ဆိုရင် မျက်လုံးကို အရောင်ခပ်နုနု ခြယ်သပေးခြင်းက သင့်ကို Selfie ပုံထဲမှာ ပိုမိုလှပနေစေမှာ ဖြစ်ပါတယ်။

Ref. timesofindia.indiatimes.com

The post ပြီးပြည့်စုံတဲ့ Selfie အလှပုံတပုံ ရရှိစေဖို့ လိုက်နာရမယ့် အချက် ၇ ချက် appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live