အခုနှစ်အတွက် ရုပ်သံလောကမှာ သြဇာကြီးမားတဲ့ ၆၉ ကြိမ်မြောက် Emmys ဆုပေးပွဲကို လာမယ့် စက်တင်ဘာ ၁၇ရက် နေ့မှာ ကျင်းပပေးအပ်တော့မှာ ဖြစ်ပြီး ကဏ္ဍအလိုက် ဘယ်သရုပ်ဆောင်တွေက အမ်မီဆု ရနိုင်မလဲဆိုတာ ကျနော်တို့ နည်းနည်းလောက် ကြိုပြီး ရင်ခုန် စိတ်လှုပ်ရှားထားကြရအောင်ပါ။
Emmy ဆုဆိုတာကတော့ အမေရိကန်နိုင်ငံရဲ့ရုပ်မြင်သံကြားကဏ္ဍအတွက် ထုတ်လုပ်တဲ့ ရုပ်သံတွေထဲက အကောင်းဆုံး ကဏ္ဍအလိုက် ဆုပေးအပ်တာ ဖြစ်ပါတယ်။
ဇာတ်ကားဆုရှင်တွေအတွက် အော်စကာဆုပေးတယ်၊ ပြဇာတ်တွေအတွက် တိုနီဆုပေးတယ်၊ ဂီတပိုင်းအတွက် ဂရမ်မီဆု ပေးတယ်။ ဒီလိုပါပဲ၊ အခု Emmy ဆုဆိုတာကလည်း တီဗီကနေ ပြသတဲ့ ရုပ်သံအစီအစဉ်တွေထဲက အကောင်းဆုံးတွေကို ဆုပေးတာ ဖြစ်ပါတယ်။
ပထမဆုံး အမ်မီဆုကို ၁၉၄၉ခုနှစ် ဇန်နဝါရီ ၂၅ရက်နေ့က စတင် ပေးအပ်လာခဲ့တာ ဖြစ်ပြီး အခုနှစ် အမ်မီဆုပေးပွဲက တော့ ၆၉ ကြိမ်မြောက်အဖြစ် ကျင်းပပေးအပ်မှာ ဖြစ်ပါတယ်။
အခုနှစ် ဆုပေးပွဲကို လာမယ့် ၂၀၁၇ စက်တင်ဘာ ၁၇ ရက်မှာ၊ အမေရိကန်၊ ကယ်လီဖိုးနီးယား၊ လေ့ာအိန်ဂျလိစ်က Microsoft Theater မှာ ကျင်းပပါမယ်။
ဒီနှစ် အမ်မီဆုအတွက် ဆန်ကာတင် အများဆုံး ပါရှိနေတဲ့ ရုပ်သံကတော့ ဟာသပိုင်းက Veepက ၁၀ဆု၊ ဒရမ်မာပိုင်းက The Handmaid’s Taleနဲ့ Westworld က ၇ဆုစီနဲ့ Limited ထဲက Feud” Bette and Joan က ၁၀ဆုစီ ပါရှိထားတာ တွေ့ရပါတယ်။
Drama Series ဆန်ကာတင် စာရင်းမှာတော့ Better Call Saul, The Crown, The Handmaid’s Tale, House of Cards, Stranger Things, This is Us နဲ့ Westworld တွေ ရှိနေတာ တွေ့ရပါတယ်။
ဘယ်သူရနိုင်သလဲ – This is Us
ဘယ်သူရသင့်သလဲ – The Handmaid’s Tale – အသံပိုင်း အထူးကောင်းမွန်တယ်၊ ဒါရိုက်တာရဲ့ပညာသားပါပါ ရိုက်ချက် တွေကို တွေ့ရတယ်၊ ရှေးဝတ္ထုကို အခုခေတ်နဲ့ အံဝင်အောင် အကောင်းဆုံးရိုက်ကူးထားတာ ဖြစ်ပါတယ်။
Comedy Series ဆန်ကာတင် စာရင်းမှာ Atlanta, black-ish, Master of None, Modern Family, Silicon Valley, Unbreakable KimmySchmidtနဲ့ Veepတွေ ရှိနေတာပါ
ဘယ်သူရနိုင်သလဲ – Veep
ဘယ်သူရသင့်သလဲ – Atlanta – လိင်ပညာဦးစားပေး၊ လူမှု ဆက်ဆံရေးနဲ့ အခြေခံလူတန်းစားတွေကို ဘဝကို ပေါ်လွင် အောင် ရိုက်ကူးထားတယ်။ တမင်ရယ်မောရအောင် ဆိုတာထက် သဘာဝကျကျ ရယ်မောနိုင်အောင် ရိုက်ကူးထားတာ တွေ့ရပါတယ်။
Limited Series ဆန်ကာတင် စာရင်းမှာ Big Little Lies, Fargo, Feud: Bette and Joan, The Night Of နဲ့ Genius တွေ တွေ့ရပါတယ်
ဘယ်သူရနိုင်သလဲ – Big Little Lies
ဘယ်သူရသင့်သလဲ – The Night Of – ဇာတ်ကားမှာ ဝန်ကြီးတယောက်ရဲ့စွမ်းဆောင်ရည်တွေကို ပေါ်လွင်အောင် တင် ဆက်ထားတယ်။ အမေရိကန် မွတ်စလင်တွေအပေါ် အခြေခံပြီး တရားဥပဒေရေးပိုင်းပညာတွေကိုပါ ပေးစွမ်းနိုင်အောင် ရိုက်ကူးထားတာ တွေ့ရပါတယ်။
ဒရမ်မာပိုင်းဇာတ်ဆောင်မင်းသမီးဆု ဆန်ကာတင် စာရင်းမှာ Viola Davis, Claire Foy, Elisabeth Moss, Keri Russell, Evan Rachel Wood နဲ့ Robin Wright တွေ ရှိနေပါတယ်။
ဘယ်သူရနိုင်သလဲ – Elisabeth Moss
ဘယ်သူရသင့်သလဲ – Elisabeth Moss – ဒီဆုကို Moss မှ မရရင်တော့ တခုုခုလွဲမှားဆုံးဖြတ်မိကြတာပဲ ဖြစ်မှာပါ။ သူမ ဟာ The Handmaid’s Tale ထဲမှာ သရုပ်ဆောင်ထားတာ ကောင်းမွန် ပီပြင်လွန်းလှပါတယ်။
ဒရမ်မာပိုင်းဇာတ်ဆောင်မင်းသားဆု ဆန်ကာတင် စာရင်းမှာ Sterling K. Brown, Anthony Hopkins, Bob Odenkirk, Matthew Rhys, Live Schreiber, Kevin Spacey နဲ့ Milo Ventimgliaတွေ ရှိနေတာပါ။
ဘယ်သူရနိုင်သလဲ – Sterling K. Brown
ဘယ်သူရသင့်သလဲ – Matthew Rhys – လျှို့ဝှက်ထောက်လှမ်းရသူ တယောက်ရဲ့ ခံစားချက်ကို ပေါ်လွင်အောင် သရုပ် ဆောင်ထားနိုင်ပါတယ်။ အမေရိကန်-ရုရှ ဆက်ဆံရေးအကြား ရောက်ရှိစုံစမ်းနေရသူ ဖြစ်ပြီးTheAmericans မှာ အ ကောင်းဆုံး ကြည့်ရှုခံစားနိုင်ပါတယ်။
ဟာသပိုင်းအကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆု ဆန်ကာတင် စာရင်းမှာ Pamela Aldon, Tracee Ellis-Ross, Jane Fonda, Lily Tomlin, Allison Janney, Ellie Kemperနဲ့ Julia Louis-Dreyfusတွေ ရှိနေတာပါ။
ဘယ်သူရနိုင်သလဲ – Julia Louis-Dreyfus
ဘယ်သူရသင့်သလဲ – Ellie Kemper -ဇာတ်လမ်းတွဲတစ်ခုထဲမှာ တည်ငြိမ်သူအဖြစ်ရောပေါ့ပေါ့ပါးပါးနေသူအဖြစ်ရော ဇာတ်ကောင်ပုံစံ ၂မျိုး ၃မျိုးလောက်ထိအောင် ပီပြင်စွာ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ Unbreakable KimmySchmidt မှာ ကြည့်နိုင်ပါတယ်။
ဟာသပိုင်း အဓိကဇာတ်ဆောင် မင်းသားဆု ဆန်ကာတင် စာရင်းမှာ Anthony Anderson, Aziz Ansari, Zach Galifianakis, Donald Glover, William H. Macyနဲ့ Jeffrey Tamborတွေ ရှိနေပါတယ်။
ဘယ်သူရနိုင်သလဲ – Jeffrey Tambor
ဘယ်သူရသင့်သလဲ – Donald Glover – တက်ကြွတဲဲ့ သရုပ်ဆောင်ကွက်တွေ တွေ့ရတယ်၊ ကိုယ့်ကိုယ်ကိုယ် အကောင်း ဆုံး ပြုပြင်နေထိုင်နေသူတဦးအနေနဲ့ရော ဟာသမြောက်အောင်ပါ သရုပ်ဆောင်ထားတာပါ။ Atlanta ဇာတ်ကားမှာ မြင် နိုင်ပါတယ်။
အခြားအပိုင်းတွေမှာတော့ Limited Series ပိုင်း၊ အဓိကဇာတ်ဆောင် အမျိုးသမီးဆုကို Big Little Lies ထဲက Nicole Kidman ရနိုင်တယ်လို့ တစ်ပြေးနေသလို သူ့ကိုပဲ ရသင့်တယ်လို့ ရွေးချယ်ထားတာ တွေ့ရပါတယ်။
အဓိကဇာတ်ဆောင် အမျိုးသားဆုကိုတော့ Fargo ထဲက Ewan McGregor ကရနိုင်တယ်လို့ တစ်ပြေးနေသလို သူ့ကိုပဲ ရသင့်တယ်လို့ ရွေးချယ်ဖော်ပြထားတာလည်း တွေ့ရပါတယ်။
ဒရမ်မာပိုင်း ဇာတ်ပို့မင်းသမီးဆု ကို This is Us ထဲက Chrissy Metz ရနိုင်တယ်လို့ တစ်ပြေးနေပြီး The Handmaid’s Tale ထဲက Ann Dowd ရသင့်တယ်လို့ ရွေးချယ်ထားတာလည်း တွေ့ရပါတယ်။
ဇာတ်ပို့မင်းသားဆုကိုတော့ The Crown ထဲက John Lithgow က ရနိုင်တယ်လို့ တစ်ပြေးနေပြီး Westworld ထဲက မင်းသား Jeffrey Wright ကရနိုင်တယ်လု့ိ ရွေးချယ်ထားတာလည်းတွေ့ရပါတယ်။
ဟာသပိုင်း၊ ဇာတ်ပို့မင်းသမီးဆုကို Saturday Night Liveထဲကမင်းသမီး Kate McKinnonကရနိုင်တယ်လို့ တစ်ပြေးနေ ပေမယ့် Transparent ထဲကမင်းသမီး Kathryn Hahn ရသင့်တယ်လို့ ခန့်မှန်းထားပါတယ်။
ဇာတ်ပို့ အမျိုးသားဆုကိုတော့ Saturday Night Live ထဲကမင်းသား Alec Baldwin ရနိုင်တယ်လို့ တစ်ပြေးနေပြီး Veep ထဲက Matt Wash ရသင့်တယ်လို့ ခန့်မှန်းထားတာလည်း တွေ့ရပါတယ်။
Limited Series ပိုင်း၊ ဇာတ်ပို့မင်းသမီးဆုမှာတော့ American Crime ထဲက မင်းသမီး Regina King ရနိုင်တယ်လို့ တစ် ပြေးနေပြီး Big Little Liesထဲက Laura Dern ရသင့်တယ်လို့ ဆိုထားပါတယ်။
ဇာတ်ပို့မင်းသားဆုအပိုင်းမှာတော့ Big Little Liesထဲက Alexander Skarsgard ရနိုင်တယ်လို့ တစ်ပြေးနေပြီး Fargo ထဲ က David Thewlis ရသင့်တယ်လို့ ဆိုထားတာလည်း တွေ့ရပါတယ်။
Ref: www.businessinsider.com
The post အခုနှစ် Emmys ဆုအတွက် တစ်ကြိုခန့်မှန်းများ appeared first on ဧရာဝတီ.