Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာ့ရုပ်ရှင်လောက သက်ကြီးအနုပညာရှင်တွေ ဘာကြောင့်နေရာမရသလဲ

$
0
0

နိုင်ငံတကာ ရုပ်ရှင်လောကမှာ အသက်အရွယ်ကြီးရင့်သွားပေမယ့်လည်း လိုက်ဖက်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ သရုပ်ဆောင်နေကြတဲ့ ဝါရင့်သက်ကြီးသရုပ်ဆောင်တွေအောင်မြင်လျက်ရှိပေမယ့် မြန်မာ့ရုပ်ရှင်လောကမှာတော့ အသက် အရွယ်ကြီးရင့်သွားရင် အနားယူလိုက်ရတဲ့ အနေအထားဟာ ထုတ်လုပ်သူတွေရဲ့ သံသယနဲ့ မစွန့်စားရဲတာတွေကြောင့်လို့ အသက် ၈၂ နှစ်အရွယ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးအောင်လွင် က ဧရာဝတီကိုပြောပါတယ်။

“အဲဒါကတော့ ပရိသတ်ကို သွားအပြစ်ပြောလို့မရဘူး၊ ဘကြီးတို့က ကောင်းအောင်ရိုက်ရင် ဇာတ်လမ်းကို ကြိုက်မှာပဲ၊ နံပတ်တစ်ကတော့ ထုတ်လုပ်သူပဲ။ ထုတ်လုပ်သူက အဲဒါကို စွန့်စားပြီးမရိုက်ရဲဘူး၊ စိတ်လည်းမကူးဘူး။ သူတို့က ဒီနေ့ ပေါ်ပင်ဘယ်သူဖြစ်နေသလဲ။ အဲဒီနောက်ကိုလိုက်ပြီးတော့ ရိုက်တဲ့အခါကျတော့ ဒီအဖိုးကြီးတွေကို ကြိုက်ပါ့မလားဆိုတဲ့ သံသယနဲ့ သူတို့မစွန့်စားရဲဘူး” လို့ သူက ဆိုပါတယ်။

သရုပ်ဆောင် ပညာသာမက ရုပ်ရှင်ဇာတ်ကားတည်းဖြတ်၊ ဒါရိုက်တာပညာတို့ကိုပါ ကျွမ်းကျင်တတ်မြောက်တဲ့ အကယ်ဒမီ ဦးအောင်လွင်က သရုပ်ဆောင်အနုပညာသမားတွေအနေနဲ့လည်း ပညာရပ်တခုတည်းတတ်မြောက်နေရုံနဲ့ မပြီးသေးဘဲ ဘယ်လို ပညာရပ်မျိုးမဆို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူသင့်တယ်လို့လည်း ဆိုပါတယ်။

ဒီလိုပညာရပ်မျိုးစုံကို သူ့အနေနဲ့ ကျွမ်းကျင်တတ်မြောက်ထားတဲ့အတွက်ကြောင့်လည်း ဒီနေ့ထက်ထိ အနုပညာလောကမှာ ရှင်သန်ရပ်တည်နေနိုင်ခဲ့တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ဘကြီးကို ခု ဒါရိုက်တာနေရာကဖြုတ်လိုက်ရင် သရုပ်ဆောင်လုပ်လို့ရတယ်၊ သရုပ်ဆောင်နေရာကဖြုတ်လိုက်ရင် ဘကြီးဇာတ်ညွှန်းရေးလို့ရတယ်၊ ဝတ္ထုရေးလို့ရတယ်၊ ကားပြန်ဆက်လို့ရတယ်။ ဘကြီးမှာ အသုံးဝင်တဲ့ နေရာတွေ အများကြီးပဲ” လို့ ဦးအောင်လွင်က ပြောပြပါတယ်။

ဆက်လက်ပြီးသူက “တကယ်တမ်းရုပ်ရှင်ပညာတတ်ချင်လား၊ ကိုယ့်ဆရာ ညံ့ညံ့၊ တော်တော် ကောင်းကောင်း မကောင်းကောင်း မှတ်တမ်းရေး၊ မှတ်တမ်းရေးရင်း ကားဆက်ခန်းရိုက်ရမှာ၊ မှတ်တမ်းရေးတဲ့ပညာနဲ့ ကားဆက်ခန်းလုပ်တဲ့ပညာကို နှစ်ခု ယှဉ်တွဲလိုက်လို့ရှိရင် ဇာတ်ညွှန်းပညာဆိုတာ ခေါင်းထဲမှာအော်တိုရောက်လာမှာ၊ ဇာတ်ညွှန်းပညာပါရလာရင် မှတ်တမ်းရေးကတည်းက ဒါရိုက်တာပညာကို အော်တိုသင်ပြီးသား ဖြစ်သွားမယ်။ အဲဒီပညာရပ်ကို စုံအောင်သင်လိုက်ရင် ဒီလောကထဲကနေ ကိုယ့်ကို ဘယ်သူမှ ကန်ထုတ်လို့မရတော့ဘူး။ အခု မြင်နေရတာက စာစောင်ထဲပါဖို့ရယ်၊ ဖေ့စ်ဘွတ်ထဲပါဖို့ရယ်၊ ရုပ်မြင်သံကြားထဲပါဖို့ရယ်၊ ဒါပဲကြိုးစားကြတာကိုး” လို့ လတ်တလော ရုပ်ရှင်အနုပညာရပ်များကို လေ့လာလိုက်စားချင်သူများအတွက် သုံးသပ်ပြောဆိုပါတယ်။

၁၉၅၈ ခုနှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အကယ်ဒမီ ဦးအောင်လွင်ဟာ ဒါရိုက်တာ စံရွှေမောင်အမည်ဖြင့် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သူတဦးဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် “နော်ကူးမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြင့် ဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

 

ဆက်စပ်သတင်း – စေတနာတွေပျောက်နေလို့ မြန်မာဇာတ်ကားတွေ မကောင်းတာ

 

The post မြန်မာ့ရုပ်ရှင်လောက သက်ကြီးအနုပညာရှင်တွေ ဘာကြောင့်နေရာမရသလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...