Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အက်ရှင်ဇာတ်ကားများရိုက်ကူးခြင်းမှရပ်နားတော့မယ့် Taken မင်းသား လီယမ် နီဆမ်

$
0
0

လီယမ် နီဆမ် ဟာ Taken ဇာတ်ကားများနဲ့ ကမ္ဘာကျော်ခဲ့သူတဦးဆိုလည်းမမှားပါဘူး။ သို့ပေမယ့် လီယမ်က အဲဒီလို အက်ရှင်ဇာတ်ရုပ်မျိုးဟာ သူ့အသက်အရွယ်နဲ့မဖြစ်နိုင်တော့ဘူးလို့ ဆိုလိုက်ပါတယ်။

တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် Sky News သတင်းဌာနရဲ့ အင်တာဗျူးတခုမှာ “ပရိုဂျူဆာတွေက မက်လောက်စရာ အနုပညာကြေးတွေနဲ့ ကျနော်ကို Taken အပိုင်းသစ် ထပ်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ .. ကျနော့် အသက်က ၆၅ နှစ်ရှိနေပြီဗျ” လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “အားပေးနေတဲ့ ပရိသတ်တွေကလည်း အက်ရှင်မင်းသားအနေနဲ့ ဆက် သရုပ်ဆောင်ပါဦးလို့ တခဲနက် တောင်းဆိုနေဆဲပါပဲ” လို့ ဆိုပါတယ်။

Taken ဇာတ်ကားများဟာ အက်ရှင် အသားပေးဇာတ်အိမ်မျိုးဖြစ်ပြီး နီဆမ်ဟာ အငြိမ်းစားသူလျှို ဘရိုင်ယန်မေးစ် ဇာတ်ရုပ်နဲ့ လူဆိုးများကို လိုက်လံရှာဖွေပြီး လက်စားချေတဲ့ ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။

နီဆမ်ဟာ အဆိုပါ ဇာတ်ရုပ်မျိုးနဲ့လည်း အလွန်လိုက်ဖက်တယ်လို့ပရိသတ်များရဲ့ မှတ်ချက်ပြုခြင်းခံခဲ့ရပြီး Taken ဇာတ်ကားသုံးကားစလုံးက ဝင်ငွေသန်းပေါင်းများစွာရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို အိုင်းရစ်ချ် မင်းသား နီဆမ်ကိုလည်း တကမ္ဘာလုံးက လက်ခံအားပေးလာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

မကြာသေးခင်က ကနေဒါနိုင်ရဲ့ နာမည်ကြီး စားသောက်ဆိုင်တခုက သူတို့ဆိုင်ရဲ့ဆန်းဝစ်ချ်(Sandwich) ကို လီယမ်နီဆမ်ရဲ့ အမည်မှည့်ထားကြောင်း ကြေညာခဲ့ပါသေးတယ်။

၂၀၁၅ ခုနှစ်က နီဆမ်ရဲ့ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ နီဆမ်တယောက် ဒီလို ဇာတ်ရုပ်မျိုးမှာ သရုပ်ဆောင်ဖို့ နှစ်နှစ်သာ ကျန်တော့တယ်လို့ ပြောခဲ့ဖူးတာကြောင့် နီဆမ်ဟာ အက်ရှင်ဇာတ်ကားများ ရိုက်ကူးရာမှ အနားယူတော့မယ်ဆိုတဲ့ သတင်းက ယခုအချိန်မှာ သိပ်အံ့သြစရာတော့ မဟုတ်ပါဘူး။

အဲဒီ အချိန်တုန်းကတော့ နီဆမ် က “နှစ်နှစ်ထက်ပိုပြီးလည်းဖြစ်နိုင်ပါတယ်။ ဘုရားသခင်က ကျနော့်ကို ကျန်းမာအောင် ဆောင်ကြဉ်းပေးထားမယ့် အချိန်ထိပေါ့” လို့ပြောဆိုခဲ့ဖူးပါတယ်။

`Hard Powder´ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဟာလည်း နီဆမ် နောက်ဆုံးရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပြီး လောလောဆယ် Trailer ပဲ ထွက်ရှိထားပါတယ်။ ဒီ ဇာတ်ကားထဲမှာလည်း ဆီးနှင်းတွေကို ရှင်းလင်း ရတဲ့ ယာဉ်မောင်းတဦးဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ထားပြီး သားဖြစ်သူကို သတ်သွားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို ပြန်လည်လက်စားချေရတဲ့ဇာတ်အိမ်မျိုးဖြစ်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုရွန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်သို့ သရုပ်ဆောင် နီဆမ်က သူ့ရဲ့ဇာတ်ကားသစ်တကားဖြစ်တဲ့ “Mark Felt: The Man Who Brought Down the White House” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပေးဖို့ရန် တက်ရောက်လာခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားမှာ နီဆမ်က FBI အရာရှိတဦးအဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။ ၁၉၇၂ ခုနှစ်က အမေရိကန်နိုင်ငံရှိ Watergate အရှုပ်တော်ပုံကိစ္စနဲ့ပတ်သက်လို့  နောက်ဆုံးမှာ သမ္မတ ရစ်ချတ်နီဆင် ရာထူးမှနှုတ်ထွက်ခဲ့ရတဲ့ အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တကားပဲ ဖြစ်ပါတယ်။

http://edition.cnn.com တွင် ဖော်ပြထားတဲ့ Liam Neeson might be ‘Taken’ a break from action ဆိုတဲ့ သတင်းကို ငြိမ်းချမ်းစိုးမှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post အက်ရှင်ဇာတ်ကားများရိုက်ကူးခြင်းမှရပ်နားတော့မယ့် Taken မင်းသား လီယမ် နီဆမ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လာဘ်ပေး ရန်မလို


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


မြန်မာမာရီယိုဂိမ်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု