Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Big Bag နဲ့ J-me တို့ ဖျော်ဖြေမယ့် Youk shi ဖျော်ဖြေပွဲ

$
0
0

Alternative, Punk သီချင်းအမိုက်စားတွေကြောင့် အမြဲနာမည်ရနေတဲ့ Big Bag အဖွဲ့နဲ့ နာမည်ကြီး Hip Hop အဆိုတော် J-me တို့ ပူးပေါင်း ဖျော်ဖြေသွားမယ့် Youk shi ဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာလ ၇ ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီဖျော်ဖြေပွဲကိုတော့ Youk shi MOB Scene လို့အမည်ပေးထားပါတယ်။ ဒီပွဲကနေတဆင့် အော်လ်တာနေးတစ်၊ ပန့်နဲ့ ဟစ်ဟေ့ာပ်တေးဂီတတွေကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားကြောင်း၊ ပြည်တွင်းတေးဂီတကို ပြည်သူတွေရဲ့ အမြင်တိုးတက်လာအောင်လို့ လုပ်ဆောင်တာဖြစ်ကြောင်း သိရပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ဂီတအမျိုးအစားတွေကြားမှာ ဆန့်ကျင်ကွဲလွဲမှုတွေကို အဆုံးသတ်ဖို့နဲ့ ပြည်သူတွေဟာ စိတ်ကျေကျေနပ်နပ်နဲ့ အိမ်ကိုပြန်သွားနိုင်စေတဲ့ ဖျော်ဖြေမှုကိုတင်ဆက်တဲ့ အကောင်းဆုံးပွဲတခုကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်၊ ဖျော်ဖြေပွဲအဝင်ဝမှာလည်း ကော်ဇောနီခင်းပြီး ကြိုဆိုမှာဖြစ်တယ်လို့လည်း Youk Shi ဖေ့စ်ဘုတ်စာမျက်နှာကနေ တဆင့် ရေးသားထားပါတယ်။

ပွဲမှာ ပါဝင်ဖျော်ဖြေမည့် အဆိုတော် J-me က “မဆိုဖြစ်တဲ့သီချင်းအဟောင်းတွေ၊ ဒီခေတ်ကလေးတွေ မသိလောက်တဲ့ သီချင်းအဟောင်းတွေရှိတယ်။ ကျနော့်ပရိသတ်တွေက ၂၀၁၄ ခုနှစ်လောက်ကတည်းကရှိတယ်။ ကျားပေါက်ဆို အဲဒီထက်တောင်စောသေးတယ်။ အဲဒီတုန်းက မဆိုဖြစ်တဲ့သီချင်းတွေရှိတယ်။ အဲဒါတွေကို ဆိုစေချင်တယ်။ တခါမှ စင်ပေါ်မှာ မဆိုဖူးတာတွေဆိုဖြစ်မယ်။ ကျနော့်အခွေအသစ် အမွေစားအမွေခံထဲမှာပါမယ့် ကျနော်တို့ ၂ ယောက်ဖန်တီးထားတဲ့ သီချင်းအသစ်ကို ပထမဦးဆုံးအနေနဲ့ဖျော်ဖြေသွားမယ်။ လက်မှတ်တွေကို စောစောဝယ်ထားကြပါ” လို့ ပြောပါတယ်။

Youk shi အနေနှင့် ဂီတဖျော်ဖြေပွဲများကို ပြုလုပ်ခဲ့ပြီး ယခုအခါအမျိုးသားကဇာတ်ရုံတွင် ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ မတူညီတဲ့ ဂီတ နှစ်ခုကို ပူးပေါင်း ဖျော်ဖြေမှာ ဖြစ်တာကြောင့် လူစိတ်ဝင်စားမှုလည်း များပြားပါတယ်။ ဒီဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များကိုတော့ ငွေကျပ် ၁၅၀၀၀၊ ၂၀၀၀၀၊ ၂၅၀၀၀ နှင့် ၃၀၀၀၀ ဆိုပြီး သတ်မှတ်ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။

The post Big Bag နဲ့ J-me တို့ ဖျော်ဖြေမယ့် Youk shi ဖျော်ဖြေပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...