Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Big Bag နဲ့ အတူ သီချင်းဆိုခွင့် ရလို့ ဝမ်းသာနေတဲ့ Mary

$
0
0

တမူထူးခြားတဲ့ ဆိုဟန်နဲ့ ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုရှင် Mary က Big Bag နဲ့ အတူတွဲ သီဆိုထားတဲ့ Accident လို့ အမည်ပေးထားတဲ့  သီချင်းလေး မကြာခင် ထွက်လာမှာ ဖြစ်လို့ ရင်ခုန်ပြီး ဝမ်းသာနေပါတယ် လို့ ပြောပါတယ်။ အဲဒီ သီချင်းကို Big Bag ရေးတာပါ။တမူထူးခြားတဲ့ ဆိုဟန်နဲ့ ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုရှင် Mary က Big Bag နဲ့ အတူတွဲ သီဆိုထားတဲ့ Accident လို့ အမည်ပေးထားတဲ့  သီချင်းလေး မကြာခင် ထွက်လာမှာ ဖြစ်လို့ ရင်ခုန်ပြီး ဝမ်းသာနေပါတယ် လို့ ပြောပါတယ်။ အဲဒီ သီချင်းကို Big Bag ရေးတာပါ။

“Mary က သီချင်း လေ့ကျင့်ရင် Big bag သီချင်းတွေနဲ့ လေ့ကျင့်ခဲ့တာ ဆိုတော့ အခုလို သီချင်းတွဲဆိုခွင့် ရတာကို အသံသွင်း နေရင်းနဲ့တောင် ဒါက အိမ်မက်ကြီးလား ဆိုပြီးတော့ အရမ်း ဝမ်းသာနေတာ” လို့ ပြောပါတယ်။

Mary ဟာ သူမကိုယ်တိုင် ရေးစပ် သီဆိုထားတဲ့ “ဝဲ”၊ “Mask”၊ “3 am” စတဲ့ သီချင်းတွေနဲ့ အွန်လိုင်းမှာ လူသိများလာတာ ဖြစ်ပြီး Big Bag နဲ့ အတူ သီဆိုတားတဲ့ Accident ဆိုတဲ့ သီချင်းကိုလည်း မကြာခင်မှာ အွန်လိုင်းမှတဆင့် ပရိသတ်ဆီ ပို့ဆောင်ပေးမှာ ဖြစ်တယ် လို့ ဆိုပါ တယ်။

အရင်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့ပေမယ့် အခုလို လူသိများ လာတာကြောင့် အနေအထိုင် ဆင်ခြင်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး – “Mary က လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်တယ်၊ အခုလို လူတွေသိသွားတဲ့ အတွက် အနေအထိုင် ဆင်ခြင်ရတာတွေ ရှိလာတယ်၊ ဝတ်တာ စားတာက အစ ဂရုစိုက်ရတာတွေ ရှိတယ်” လို့ Mary က ပြောပါတယ်။

လက်ရှိမှာတော့ Mary ဟာ ဂျပန်နိုင်ငံက တက္ကသိုလ်တခုမှာ တက်ရောက် ပညာသင်ယူလျက် ရှိပြီး ကျောင်းပိတ်ရက် တွေမှာ မြန်မာပြည် ပြန်လာပြီး သီချင်းရေး၊ သီချင်းဆို စတဲ့ အနုပညာ အလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။

တဖက်က ကျောင်းတက်နေဆဲ ဖြစ်တဲ့ အတွက် တကိုယ်တော် အခွေ မစီစဉ်နိုင်သေးဘဲ ရတဲ့ အချိန်အတွင်း သီချင်းလေး တွေကို ပရိသတ် အတွက် ဖန်တီး ပေးနေပြီး ကျောင်းပြီးတဲ့ အခါ အနုပညာ အလုပ်ကို သေသေချာချာ လုပ်ကိုင် သွားမှာ ဖြစ်တယ် လို့လည်း Mary က ပြောပါတယ်။

“ကျောင်းတက်လိုက်၊ ပြန်လာလိုက်နဲ့ပဲ။ စနေ၊ တနင်္ဂနွေဆို ပြန်လာပါတယ်၊ Accident ဆိုတဲ့ သီချင်းလေး ထွက်ဖို့ ရှိပါတယ်။ စီးရီး လုပ်ဖို့ အတွက် အချိန် မရှိသေးဘူး။ ကျောင်းပြီးမှပဲ ပြန်လုပ်ဖြစ်မယ်၊ Mary ကို အားပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ Mary သီချင်းတွေကိုလည်း သည်းခံပြီး စောင့်နေပေးပါ။ အချိန်နည်းတဲ့ အထဲမှာ သီချင်းတွေ လုပ်နေရတဲ့ အတွက် လိုအပ်ချက်တွေ ရှိနေခဲ့ရင်လည်း ခွင့်လွှတ်ပေးပါ” လို့ Mary က ပြောပါတယ်။ ။

The post Big Bag နဲ့ အတူ သီချင်းဆိုခွင့် ရလို့ ဝမ်းသာနေတဲ့ Mary appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...