Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲ ပြန်ဝင်လာတဲ့ စမိုင်းလ်

$
0
0

သရုပ်ဆောင် စမိုင်းလ်က အနုပညာလောကနဲ့ ဆယ်စုနှစ်တခုကြာ အဆက်အသွယ်ပြတ်ခဲ့ပြီးနောက် “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း အနုပညာလောကထဲကို ပြန်လည်ခြေချလာပြီ ဖြစ်ပါတယ်။

“အစ်မ အနုပညာအလုပ်တွေကို မလုပ်ဖြစ်တာ ဆယ်စုနှစ်တခုလောက်ရှိတယ်။ အစ်မကို အားပေးတဲ့ပရိသတ်တွေ၊ သူငယ်ချင်း ၊မိတ်ဆွေတွေကအစ အနုပညာအလုပ်မလုပ်တော့ဘူးလား ဆိုပြီး မေးကြတယ်။ အဲဒီတော့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီးတော့ တခုခုလုပ်ဦးမှပါဆိုပြီးတော့ စဉ်းစားတယ်။ ဟိုတလောက အစ်မရဲ့ နာမည်နဲ့ Smile TV ဆိုပြီးတော့ လျှောက်လိုက်သေးတယ်။ အဲဒါက မရခဲ့ပါဘူး။ မရခဲ့တဲ့အခါကျတော့ ကိုယ့်မှာ အိုင်ဒီယာတွေ ရှိတယ်။ အဲဒီကိုယ်ပိုင်အိုင်ဒီယာကို အသုံးချတဲ့အနေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကို လုပ်ဖို့စိတ်ကူးလိုက်ပြီး ရိုက်ဖြစ်တာပါ။ “လို့ အနုပညာလောကထဲ ပြန်လည်ရောက်ရှိလာပုံကို စမိုင်းလ်ပြောပါတယ်။

သရုပ်ဆောင် စမိုင်းလ် ပါဝင်တဲ့ “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကို သူ့ရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး ဖြစ်တဲ့ “သုခုမာလာ” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးတာဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှာ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးမှု ရပ်နားထားတဲ့ ပန်းဖြူ၊ ကြည်လဲ့လဲ့ဦးတို့နဲ့အတူ လူမင်း၊ ခန့်စည်သူ၊ ဖြိုးငွေစိုး၊ မင်းဦး၊ ခိုင်သင်းကြည်တို့လည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကတော့ ဝသောသူများကို ကြင်နာစေချင်တဲ့ အကြောင်းအရာကို ပရိသတ်ကို ပေးချင်တဲ့အတွက် အောက်တိုဘာ ၆ ရက်နေ့က စတင် ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။

“အဓိက ဇာတ်လမ်းပုံစံက ဝသောသူကို ကြင်နာစေချင်တာပါ။ အစ်မတို့က အရင်ငယ်တဲ့အချိန်တုန်းက လှကြတယ်၊ ပိန်ကြတယ်ပေါ့။ ယောကျ်ားရလာတဲ့အခါကျတော့ ခန္ဓာကိုယ်တွေက ဝလာကြတယ်။ အဲဒီတော့ တခြားသူတွေက ခန္ဓာကိုယ်ကို ပိန်တယ်။ ဝတယ်ပြောကြတယ်။ အဲဒီလိုအပြောခံရတာ များလာတော့ စိတ်ဓာတ်တွေကျကြတယ်။ စိတ်ဓာတ်ကျတော့ ပြန်စားတယ်၊ ပြန်စားတော့ ပြန်ဝတယ်။ ပြန်ဝတော့ ပြန်ပြောတာခံရတယ်။ အဲဒါနဲ့ သံသရာ လည်နေတာပေါနော်။ ပြောချင်တာက ဖေ့စ်ဘုတ်တခုကိုပဲ ကမ္ဘာမှတ်ပြီး စိတ်ဆင်းရဲမနေပါနဲ့။ လူ့ဘဝကြီးက တိုတိုလေးပါ ပျော်စရာတွေ အများကြီး ရှိပါတယ်ဆိုတဲ့ ပုံစံလေးကို ရိုက်ထားတာပါ။” လို့ စမိုင်းလ်ကပြောပါတယ်။

သရုပ်ဆောင်စမိုင်းလ်က “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားဟာ သာမန်တွေ့နေကျ မင်းသမီး ငယ်များ ဖြင့် ရိုက်ကူးခြင်းမဟုတ်ဘဲ ပြည့်ဖြိုးနေတဲ့ ကလေးအမေတွေချည်းဖြင့်သာ ရိုက်ကူးထားကြောင်း ရှင်းပြပါတယ်။

“ အပျိုလေးတွေ မဟုတ်ပဲ ပြည့်ပြည့်ဖြိုးဖြိူး ကလေးအမေတွေချည်းပဲပေါ့နော်။ နောက်တခုက ဇာတ်လမ်းမှာ မခိုင်လေးလည်းပါတယ်ပေါ့။ ပိန်တဲ့သူကိုလည်းပြောတယ် ဝတဲ့သူကိုလည်း ပြောကြတယ်။ ပုံစံနှစ်မျိုးလေး မြင်ရအောင် အဲဒီလိုပုံစံမျိုးလေး ထည့်ထားတာပါ” လို့ စမိုင်းလ်က ပြောပါတယ်။

The post “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲ ပြန်ဝင်လာတဲ့ စမိုင်းလ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...