ကိုရီးယား နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ အသက် ၃၁ အရွယ် ဆောင်ဂျွန်ကီနဲ အသက် ၃၅ အရွယ် ဆောင်းဟေကိုတို့ဟာ သူတို့မင်္ဂလာဧည့်ခံပွဲကို အောက်တိုဘာလ ၃၁ နေ့မှာ ပြုလုပ်မှာဖြစ်ပြီး မင်္ဂလာပွဲအပြီးမှာတော့ ဥရောပဘက်ကို ပျားရည်ဆမ်းခရီး ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။
သူတို့ရဲ့မင်္ဂလာဧည့်ခံပွဲကို ကိုရီးယားစတိုင် ကျွေးမွေးဧည့်ခံမှုနဲ့အတူ ဆိုးလ်မြို့မှာရှိတဲ့ The Shilla Seoul’s Bin Gwan ဟိုတယ်မှာ အဲဒီနေ့ ညနေ ၄ နာရီမှာ ကျင်းပမှာပါ။
သူငယ်ချင်းများနဲ့ မိသားစုများကိုပဲ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဆောင်းဟေကိုရဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော်တဖြစ်လဲ သရုပ်ဆောင် အိုဂျိုဟွန်းကလည်း ဒီ မင်္ဂလာဧည့်ခံပွဲမှာ သီချင်းဆိုပေးဦးမှာပါ။
ကိုရီးယား သရုပ်ဆောင် စုံတွဲတွေထဲမှာမှ ထင်ပေါ်ကျော်ကြားတဲ့ ဒီ စုံတွဲဟာ ပြီးခဲ့တဲ့နှစ်က Descendants Of The Sun ဒရမ်မာ ဇာတ်လမ်းတွဲ ရိုက်ကူးရင်း ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဇာတ်လမ်းတွဲထဲမှာ ဆောင်ဂျွန်ကီက ဗိုလ်ကြီး ရိုစီဂျင်အဖြစ်လည်းကောင်း၊ ဆောင်းဟေကိုက ဆရာဝန်မလေး ကန်မိုယွန်းအဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး လက်ထပ်မယ့်အစီအစဉ်ကို သူတို့ရဲ့အေဂျင်စီများက ပြီးခဲ့တဲ့ဇူလိုင်လက ထုတ်ဖော်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
Ref: The Strait Times
The post မင်္ဂလာဧည့်ခံပွဲအပြီး ဥရောပကို ပျားရည်ဆမ်းခရီးထွက်မယ့် ဆောင်ဂျွန်ကီနဲ့ဆောင်းဟေကို appeared first on ဧရာဝတီ.