Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝိညာဉ်ဆန်ဆန် “အချစ်စစ်” ရုပ်ရှင်ဇာတ်ကား iflix မှာ ကြည့်ရှုနိုင်

$
0
0

ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးပြီး သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ ရွှေမှုံရတီ၊ ဆုမြတ်နိုးဦးတို့ ပါဝင်သရုပ်ဆောင် ထားတဲ့ “အချစ်စစ်” ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး iflix မှာ ကြည့်ရှုနိုင်ပြီလို့ သိရပါတယ်။

“အချစ်စစ်” ရုပ်ရှင်ဇာတ်ကားဟာ ဇာတ်လမ်း အကြည်တော်၊ ဇာတ်ညွှန်း အဆွေတော်တို့ ရေးသားပြီး ဖီးနစ် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ၂၀၁၆ ခုနှစ်အတွင်းက ရုံတင်ပြသခဲ့တဲ့ ဝိဉာဉ်ဆန်ဆန် အချစ် ရုပ်ရှင်ဇာတ်ကားတခု ဖြစ်ပါတယ်။

“အချစ်စစ်” ရုပ်ရှင်ဇာတ်ကားမှာ ဝိညာဉ်လောကကိုလည်း ဒါရိုက်တာ သိန်းဟန် (ဖီးနစ်)မှ Special Effect များ အသုံးပြုကာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဝိညာဉ်လောကကို သာမန်မြင်နေကျ မြင်ကွင်းများမှ ကွဲထွက်ပြီး ဒဏ္ဍာရီဆန်ဆန် ကျောက်ဆောင် ကျောက်တောင်များ၊ တိမ်ခိုးတိမ်ငွေ့များ၊ ရေတံခွန်များ၊ ပန်းရောင် သစ်ပင်သစ်ရွက်များနဲ့ ပုံဖော် ရိုက်ကူးထားတာ တွေ့ရပါတယ်။

ဝိညာဉ်လောက ဇာတ်ဝင်ခန်းတွေ ရိုက်ကူးတာနဲ့ ပတ်သက်ပြီး “နေရာကို ရိုက်ဖို့အတွက် တော်တော် ရှာရတယ်။ ဒါပေမယ့် ရိုက်ပြီးတဲ့အချိန်မှာကျတော့ ဒီထက်ပိုပြီး ထူးဆန်းနေတယ်။ သစ်ပင်သစ်ရွက် အစိမ်းဆိုတာက နေရာတိုင်းမှာ ကြည့်လို့ ရတယ်။ ဆိုတော့ ကိုယ်ရိုက်ပြချင်တာက ဝိညာဉ်လောကအနေနဲ့ သူက အထက်ဘုံလည်း မရောက်၊ လောကမှာလည်း မရှိဘဲနဲ့ ဝိဉာဉ်တွေပဲ ရောက်တဲ့ အဲဒီလိုမျိုး နေရာလေးဖြစ်အောင် ရိုက်ခဲ့ကြတယ်” လို့ ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) က ဆိုပါတယ်။

ဆက်လက်ပြီး “ရိုက်တဲ့နေရာမှာလည်း အခက်အခဲက အများကြီးပဲ။ အားလုံးလည်း ပင်ပန်းကြတယ်။ ဒီ ဇာတ်ကားက စိတ်ခြောက်ခြားမှုထက် အချစ်နဲ့ပိုပြီး ပတ်သက်တယ်။ အချစ်ဆိုတဲ့ စကားလုံးက ရိုးတယ်။ ဒါပေမဲ့ စစ်ဆိုတဲ့ စကားလုံးက လူတိုင်း ကြောက်ကြတယ်။ အချစ်နဲ့စစ်နဲ့ ပေါင်းလိုက်တဲ့အချိန်မှာ လူတိုင်း အရမ်းလိုချင်တဲ့ အရာတခု ဖြစ်သွားတယ်” လို့ သူက ဆိုပါတယ်။

iflix မှ “အချစ်စစ်” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲ

ဒီဇာတ်ကားမှာ အကယ်ဒမီ နေတိုးက ကားတိုက်ခံရလို့ ဝိညာဉ်အဖြစ် မျောနေတဲ့ ဇာတ်ကောင် “နေလင်းထွန်းတောက်” အဖြစ် သရုပ်ဆောင်ထားပြီး၊ ရွှေမှုံရတီက ဝိဉာဉ်မလေး “မေ” အဖြစ် သရုပ်ဆောင်ထားပါတယ်။ အချစ်စစ်ကြောင့် နေနဲ့မေ ဒီဇာတ်ကားမှာ လူသားအဖြစ် ပြန်ဆုံတွေ့မလား၊ အခက်အခဲတွေကြားက အချစ်စစ်ကို ရှာဖွေ့တွေ့မလား ဆိုတာကို ဇာတ်လမ်းမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

“အချစ်စစ်” ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့တဲ့နှစ် ရုံတင်ပြသခဲ့စဉ်က မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် iflix မှာ ယခု ပြန်လည်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ “အချစ်စစ်” ရုပ်ရှင်ကို သမားရိုးကျ ဖြန့်ချိရေးပုံစံအတိုင်း မပြုလုပ်ဘဲ ရုံတင် ပြသပြီးနောက် iflix မှာသာ ပြန်လည် ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

Iflix ဝန်ဆောင်မှုမှာ နိုင်ငံတကာမှ ဟောလိဝုဒ်၊ ဘောလိဝုဒ်၊ ကိုရီးယား ဒရာမာ၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ ရုပ်ရှင်ဇာတ်ကားများအပြင် မြန်မာရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့ “Bangkok To Mandalay”၊ “ဧဒင်ရဲ့ နတ်သမီး”၊ “Charm” ရုပ်သံဇာတ်လမ်း၊ “ရွှေမိုးငွေမိုး သွန်းဖြိုးလို့ရွာ”၊ “မင်္ဂလာရှိတဲ့ အရပ်” စတဲ့ ဇာတ်လမ်းတွဲများအပြင် “အချစ်စစ်” ရုပ်ရှင်ဇာတ်ကားတို့ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

iflix ဝန်ဆောင်မှုဟာ လစဉ်ကြေးပေးသွင်းပြီး အင်တာနက်မှတဆင့် ရုပ်ရှင်များ၊ ဗီဒီယိုဇာတ်ကားများ၊ TV Show များကို တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ Website နဲ့ Application ဝန်ဆောင်မှုတခုဖြစ်ပြီး iflix ကို ဖုန်း၊ Tablet, Laptop, Desktop, TV အပါအဝင် Device ၅ မျိုးပါ အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

The post ဝိညာဉ်ဆန်ဆန် “အချစ်စစ်” ရုပ်ရှင်ဇာတ်ကား iflix မှာ ကြည့်ရှုနိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...