နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး Nicole Kidman (နီကိုးလ်ကစ်မင်းန်) ရဲ့ စိတ်ဝင်စားစရာ အကျင့်၊ လူသိပ် မသိသေးတဲ့ အကြောင်းအရာတခုကို Vanity Fair မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင် တခုမှာ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့လူသိနည်းတဲ့ အကျင့်တခုကတော့ “ပေါက်ဖက်၊ နောက်ချေးထိုးပိုး၊ ဓါးခုတ်ကောင်၊ ပုရစ်” စတဲ့ အကောင်တွေ၊ အင်းဆက်ပိုးမွှားတွေကို စားရတာ နှစ်သက်တယ်လို့ Nicole က အဲဒီ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
‘Killing of a Sacred Deer’ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကျော် ဟောလိဝုဒ်မင်းသမီး Nicole က အခုလိုမျိုး အင်းဆက် အကောင်တွေကို စားရတာ နှစ်သက်သူဆိုတာ မယုံနိုင်စရာပါပဲ။
“ကမ္ဘာပေါ်မှာ အင်းဆက်ပိုးမွှား အကောင်တွေကို စားသုံးတဲ့ လူ ၂ ဘီလီယံအထဲမှာ ကျမလည်း အပါအဝင် တယောက်ပါ။ ပြောရမယ်ဆိုရင် ကျမ Suvivor အစီအစဉ် (အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး TV Series) မှာတောင် အနိုင်ရရှိနိုင်ပါတယ်” လို့ Nicole က Vanity Fair မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
Clik here to view.

ဒါ့အပြင် Nicole ရဲ့ ခင်ပွန်းသည် Keith Urban (ကိတ်အာဘန်) ကလည်း ဇနီးဖြစ်သူ Nicole ကို အခုလိုမျိုး ကြမ်းကြမ်းတမ်းတမ်း မဖြစ်စေလိုကြောင်း ပြောပါတယ်။
Nicole က “ဟုတ်တယ်၊ Keith က ကျမကို အမြဲပြောတယ်။ ကျမက အကြမ်းပတမ်းနိုင်ပြီး အကဲဆတ် လွန်းတယ်တဲ့။ ပြီးတော့ ကျမအတွက် စားသောက်စရာတွေ သူပြင်ပေးပါ့မယ်တဲ့။ သူက အဲလို အမြဲ ပြောတယ်။ မင်းက တကယ့်ကိုပဲ ကြမ်းကြမ်းတမ်းတမ်းပဲတဲ့။ သူကကျမကို ဒီလိုဖြစ်စေချင်တာ မဟုတ်ဘူး၊ ကျမ ဝလာဖို့လည်း မလိုဘူးတဲ့လေ” လို့ ဆိုပါတယ်။
Nicole ဟာ အမြဲလိုလို ဆက်ဆက်ထိ မခံတတ်တဲ့သူမျိုး ဖြစ်ပြီး အမြဲတစေ အချိန်တော်တော် များများမှာ ခံစားချက် ပြင်းထန်နေတဲ့သူ တယောက်လို့ သိရပါတယ်။
“ကျမက အမြဲတမ်း ကြမ်းတမ်းတဲ့ ကလေး၊ ဆတ်ဆတ်ထိ မခံတဲ့ ကလေးဆိုပြီး ကျမအမေက ပြောတယ်။ ဒါကြောင့်လည်း ကျမက လက်တွေ့ကျတဲ့ ခံစားချက်တွေ ပြင်းထန်နေရတာ ဖြစ်တယ်။ ကျမက အတွေးနယ် ချဲ့တတ်တဲ့သူ၊ ကျမက အကဲဖြတ်တယ်၊ ခွဲခြမ်းစိတ်ဖြာတယ်၊ ခံစားတယ်၊ ငိုတယ်၊ ဆွေးနွေးတယ်၊ ဒေါသ ထွက်တယ်၊ အဲဒီလိုမျိုး စိတ်ခံစားချက်တွေကိုတော့ ကျမ အမြဲ ကြုံတွေ့နေရတာပါပဲ” လို့ Nicole က ပြောပါတယ်။
အခုလိုမျိုး ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး Nicole Kidman (နီကိုးလ်ကစ်မင်းန်) ရဲ့ ထူးခြားတဲ့ အကျင့် စရိုက်ကတော့ မယုံနိုင်လောက်အောင်ပါပဲ။
Ref: contactmusic.net
The post ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး Nicole Kidman ရဲ့ လူမသိသေးတဲ့ အကျင့် appeared first on ဧရာဝတီ.