Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာကျော် သီချင်းတပုဒ် သီဆိုဖို့ ကမ်းလှမ်းခံရတဲ့ Big Bag အဖွဲ့

$
0
0

ကမ္ဘာအနှံ့ တနိုင်ငံမှာ သီချင်းတပုဒ္ ဖန်တီးသီဆိုကြတဲ့ ကမ္ဘာကျော် Rock Legend Band တခုဖြစ်တဲ့ Queen အဖွဲ့ရဲ့ “NewYork City “ လို့ အမည်ရတဲ့ သီချင်းကို မြန်မာနိုင်ငံအနေမှ Big Bag အဖွဲ့ကို ဖန်တီးသီဆိုရန်အတွက် Queen အဖွဲ့ရဲ့ မန်နေဂျာ Jim Beach က ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

“NewYork City” ဆိုတဲ့သီချင်းကို ကမ္ဘာအနှံ့က Artists တွေက တနိုင်ငံကိုတပုဒ် ဖန်တီးကြပြီး Worldwide ဖြန့်မှာပါ။ အဲ့ဒီ Project အတွက် ကျနော်တို့ BigBag ပါဝင်ဖို့ Jim ရဲ့ကမ်းလှမ်းချက်ကိုလည်း ကျနော်တို့ ဝမ်းသာဂုဏ်ယူစွာ လက်ခံခဲ့ပါတယ်။ Asia ကလောလောဆယ် ဂျပန်ရယ်၊ မြန်မာရယ ်ပါပါမယ်“လို့ အဆိုတော် ဟန်ထူးလွင်က သူ့ရဲ့ Facbook အကောင့် စာမျက်နှာမှာ ရေးသား ပြောပြထားပါတယ်။

Queen အဖွဲ့ / ဟန်ထူးလွင် Facebook

ဆက်လက်ပြီး အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) က “နောက်တပတ်ကျရင် Jim နဲ့တွေ့မယ့် Brian May(Lead guitarist of Queen) အတွက် Big Bag Album တွေ ထည့်ပေးလိုက်ပါတယ်။ Brian ကို ဆက်ဆက် ပေးပေးပါမယ် ပြောပါတယ်။ CD ထဲမှာ Dear Sir Brian May We’ve never met yet you taught me everything” လို့ ကျနော့်လက်ရေးနဲ့ ရေးပေးခွင့် ရလိုက်တယ်”လို့ ပြောပါတယ်။

Queen အဖွဲ့မှ Jim Beach နဲ့ တွေ့ဆုံစဉ် / ဟန်ထူးလွင် Facebook

အဆိုပါ ကမ်းလှမ်းခြင်း ခံရတဲ့အတွက် ဟန်ထူးလွင်က “Artist တယောက်ဖြစ်ရတာရော၊ Big Bag ဖြစ်ရတာရော ဒီနေ့မှာ ဂုဏ်အယူဆုံးပါပဲ” လို့ ဝမ်းသာစကား ဆိုထားပါတယ်။

The post ကမ္ဘာကျော် သီချင်းတပုဒ် သီဆိုဖို့ ကမ်းလှမ်းခံရတဲ့ Big Bag အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...