Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

BIGBANG အဖွဲ့ဝင် အဆိုတော် G-Dragon ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်မှုထမ်းမည်

$
0
0

နာမည်ကျော် K-pop အမျိုးသား အဆိုတော်အဖွဲ့တခုဖြစ်တဲ့ BIGBANG အဖွဲ့မှ အဖွဲ့ဝင် G-Dragon ဟာ မကြာခင် စစ်မှုထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။ သူဟာ စစ်မှုထမ်းဆင့်ခေါ်စာကို လက်ခံရရှိခဲ့ပြီး စစ်မှုထမ်းမယ့်နေ့ကို သူ့ရဲ့ အေဂျင်စီ YG Entertainment က အတည်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။

“အကြောင်းကြားစာ ရရှိခဲ့တယ်ဆိုတာ အမှန်ပါပဲ။ BIGBANG အဖွဲ့ဝင် G-Dragon ကလည်း အကြောင်းကြားစာကို လက်ခံရရှိခဲ့ချိန်ကတည်းက စစ်မှုထမ်းဖို့အကြောင်းပဲ အမြဲတွေးနေခဲ့တာပါ။ သူက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ တာဝန်ကျ စစ်သားတဦးအနေနဲ့ စစ်မှုထမ်းဆောင်တော့မှာ ဖြစ်ပါတယ်” လို့ YG Entertainment ကုမ္ပဏီက ကြေညာချက်တခုမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် ကုမ္ပဏီက “သူဟာ အဲဒီနေ့မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်မှာကို ကာကွယ်တဲ့အနေနဲ့ တရားဝင် နှုတ်ဆက်ပွဲ မလုပ်ဘဲ တိတ်တဆိတ်ဘဲ စစ်မှုထမ်းဖို့ စီစဉ်ထားပါတယ်၊ သူဟာ သူရဲ့ စစ်မှုထမ်း တာဝန်ကို ပေါ့ပါးသွက်လက်စွာ ထမ်းဆောင်မှာ ဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

G-Dragon ဟာတိတ်တဆိတ်ပဲ စစ်မှုထမ်းလိုတဲ့အတွက် သီးခြားစစ်မှုထမ်းဆောင်မယ့် နေရာကို ထုတ်ဖော် ပြောကြားခဲ့ တာတော့ မရှိပါဘူး။ သူဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မဖြစ်မနေ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ တခုကို လက်ခံရရှိခဲ့ပေမယ့် ဒီဇင်ဘာလ၊ ဂျပန်နိုင်ငံမှာပြုလုပ်မယ့် BIGBANG အဖွဲ့ရဲ့ “Last Dance Tour” ရှိတဲ့အတွက် ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော်ကြားသူတွေဟာ ပရိုးမိုးရှင်းလုပ်ငန်းအကြောင်းပြချက်ပေးပြီး စစ်မှုထမ်းဆောင်ခွင့်ကို ၃ လကြာ ရွှေ့ဆိုင်း ထားလို့ရပါတယ်။ စစ်မှုထမ်းဆောင်ဖို့ ရွှေ့ဆိုင်းလိုက်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ အသက် ၂၉ နှစ်အရွယ် ရက်ပ်ပါ၊ အဆိုတော် G-Dragon က ဖျော်ဖြေပွဲမှာ မျက်ရည်လည်ရွဲနဲ့ အခုလိုပြောကြားခဲ့ပါတယ်။

“ဆောင်းရာသီ ပြီးရင် နွေဦး ရောက်ရှိလာသလိုပါပဲ၊ အားလုံး ကျန်းမာအောင်နေထိုင်ပြီး ဝမ်းမနည်းကြပါနဲ့၊ မကြာခင် ကျနော်တို့ ပြန်တွေ့နိုင်မှာပါ” လို့ ဖျော်ဖြေပွဲမှာ G-Dragon က ပြောခဲ့တာပါ။

မကြာသေးခင်ကပဲ ချစ်သူ မင်ဟိုရင်နဲ့ လက်ထပ်ခဲ့တဲ့ အဖွဲ့ဝင် Taeyang ဟာလည်း ဒီနှစ်ထဲမှာပဲ စစ်မှုထမ်းဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီဖျော်ဖြေပွဲမှာပဲ သူက ပရိသတ်ကို နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။ “ခင်ဗျားတို့လည်း သိတဲ့ အတိုင်းပဲ ဒီဖျော်ဖြေမှုပြီးတဲ့နောက် ကျနော်တို့ဟာ ပရိသတ်တွေ ဘယ်လောက် ခံစားရတယ် ဆိုတဲ့အပေါ် မူတည်ပြီး အချိန်တို ဒါမှမဟုတ် အချိန်အကြာကြီး ပြန်တွေ့နိုင်မှာ မဟုတ်ပါဘူး” လို့ Taeyang က ပြောခဲ့ပါတယ်။

ဒ့ါအပြင် ပိုမိုတိုးတက်လာပြီး ပိုမိုကောင်းတဲ့ပုံစံနဲ့ နောက်ပိုင်းမှာ ပြန်တွေ့ရပါစေမယ်လို့ ပရိသတ်ကိုလည်း အာမခံ ခဲ့ပါတယ်။ Taeyang က “ကျနော်တို့ အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ကျနော်တို့ စစ်မှုထမ်းနေတဲ့ အတောအတွင်းမှာ ကျနော်တို့ကို အမြဲတမ်းကြီးမားတဲ့ ခွန်အားပေးနေမှာပါ၊ ကျေးဇူးအများကြီးတင်ပါတယ်၊ ချစ်ပါတယ်” လို့ ပြောပါတယ်။

နောက်ထပ် BIGBANG အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Daesung ဟာလည်း နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင် အချိန်တချို့ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် သူလည်း ဒီနှစ်ထဲမှာပဲ စစ်မှုထမ်းမယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင် T.O.P လည်း သူရဲ့ ဆေးခြောက်အမှု အရှုပ်တော်ပုံနောက်ပိုင်း ပြည်သူ့ဝန်ထမ်း တဦးအနေနဲ့ စစ်မှုပြန်လည် ထမ်းဆောင်လျက် ရှိပါတယ်။ အဖွဲ့ဝင် Seungri ကတော့ တရုတ်ရုပ်ရှင် “Love Only” မှာ ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref ; aceshowbiz

The post BIGBANG အဖွဲ့ဝင် အဆိုတော် G-Dragon ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်မှုထမ်းမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ