Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အလုပ်မအားတဲ့ ဇနီးအတွက် ချစ်သူများနေ့မှာ အသည်းပုံကိတ် လုပ်ပေးခဲ့တဲ့ မင်းသား Ryan Reynolds

$
0
0

မင်းသား Ryan Reynolds ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ “ချစ်သူများနေ့”မှာ ဇနီးဖြစ်သူ မင်းသမီး Blake Lively အတွက် အသည်းပုံ စတော်ဘယ်ရီ ကိတ်တလုံး ပြုလုပ်ပေးခဲ့တယ်ဆိုတဲ့ အကြောင်း သူ့ရဲ့ Instagram အကောင့်မှာ ပရိသတ်တွေကို ကြေညာပြောပြခဲ့ပါတယ်။

“ကျနော့် ဇနီးအတွက် ဒီကိတ်ကို ဖုတ်ပေးခဲ့ပါတယ်” လို့ ရေးသားပြီး မင်းသား Ryan Reynolds က ကိတ်မုန့်ကို အထူးအဆန်း အကြည့်နဲ့ ကြည့်နေတဲ့ပုံ သူ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ ပြီးတော့သူက “ကျနော်က သိပ္ပံပညာရှင် တယောက် မဟုတ်ပေမယ့် သကြားရည်က ကော်ဖြစ်သွားပါတယ်” လို့လည်း အဲဒီပုံမှာ ပြောထားပါတယ်။

ခင်ပွန်းသည် Ryan က အဲဒီလို စတော်ဘယ်ရီကိတ်မုန့် ဖုတ်နေချိန်မှာပဲ ဇနီးဖြစ်သူ Blake ကတော့ ခေါင်းအစ ခြေအဆုံး အနီရောင်ဝတ်စုံကို ဝတ်ဆင်ပြီး “Michael Kors’ New York Fashion Week” ပွဲကို တက်ရောက် နေပါတယ်။ အသက် ၃၁ နှစ်အရွယ် မင်းသမီးဟာ ပွဲကို မထွက်ခွာမီ သူ့ရဲ့ ဝတ်စုံဓာတ်ပုံကို သူ့ Instagram အကောင့်မှာ ဝေမျှခဲ့ပါသေးတယ်။

မင်းသမီး Blake Lively “Instagram” မှာ တင်ခဲ့တဲ့ပုံ ( blakelively/instagram)

“ပြသဖို့အချိန်ကျပါပြီ” လို့ ရေးသားတဲ့ ဓာတ်ပုံမှာ တောက်ပနေတဲ့ အနီရောက်ကုတ် အကျီကို ဝတ်ဆင်ထားပြီး မင်းသမီး Blake က ဓာတ်ပုံကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ သူ့ရဲ့ ဒဏ်ရာရထားတဲ့ ညာဘက်လက်ကိုလည်း ဆေးပတ်တီး စည်းထားတာ ပုံမှာ တွေ့ရပါတယ်။

Michael Kors show ကိုရောက်ရှိချိန်မှာတော့ Blake ကို Entertainment Tonight မီဒီယာက ဒုတိယကလေး မွေးဖွားခဲ့ပြီးနောက် ကိုယ်အလေးချိန် ၆၁ ပေါင် လျော့ကျခဲ့ရတဲ့အကြောင်း မေးမြန်းခဲ့ပါတယ်။ Blake က “ဖြေးဖြေးနဲ့ မှန်မှန် လျှော့ချင်နေခဲ့တာပါ၊ ပြီးတော့ ကျမ လုပ်နိုင်ခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “၁၄ လတောင်ကြာခဲ့ပါတယ်။ ဒါပေမယ့် ကျမ ဂုဏ်ယူမိပါတယ်။ ဒါကြောင့် မိခင်တွေအတွက် အဲဒါကို သိဖို့လည်းလိုအပ်တယ်။ ဒါရှင်တို့ပိုင်တဲ့အရာ၊ ရှင်တို့ ဖြစ်ချင်တဲ့အရာသာ ဖြစ်ပါတယ်။ ကလေး မွေးပြီးတဲ့ နောက် ကျမ ဘယ်လိုတောင် ပိန်သွားလဲဆိုတာကို ကြည့်လိုက်ရင် ကျမဘယ်လောက်တောင် ကိုယ်ကျပ်ခါးစည်းတွေ ဝတ်ခဲ့ရသလဲ ဆိုတာ အရေးမကြီးတော့ပါဘူး။ ကျမရှိရမယ့် အလေးချိန်ထက် ၆၁ ပေါင်လောက် ပိုလွန်နေခဲ့တဲ့အတွက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Ref ; aceshowbiz

The post အလုပ်မအားတဲ့ ဇနီးအတွက် ချစ်သူများနေ့မှာ အသည်းပုံကိတ် လုပ်ပေးခဲ့တဲ့ မင်းသား Ryan Reynolds appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...