Quantcast
Viewing all articles
Browse latest Browse all 7343

မြင်နေကျ ပုံစံနဲ့ ကွဲထွက်တဲ့ သီချင်းတွေပါမယ့် ရွှေထူးရဲ့ “Illumination (I)”

အဆိုတော်ရွှေထူးရဲ့ ဒုတိယမြောက် တကိုယ်တော်အခွေဖြစ်တဲ့ “Illumination (I)” သီချင်းခွေမှာ ပရိသတ်တွေ မြင်နေကျ ပုံစံကနေ ကွဲထွက်တဲ့ သီချင်းမျိုးတွေ သီဆိုထားတယ်လို့ ရွှေထူးက ပြောပါတယ်။

“သီချင်းတွေကတော့ ကျနော့်ရဲ့ အရင်ကအခွေ “စိတ်ကူးယဉ်စာအုပ်” ထဲကလို သီချင်းမျိုးတွေလည်း ပါတယ်။ အရင်က ရွှေထူးပုံစံ မဟုတ်တဲ့ သီချင်းတွေလည်း ပါတယ်။ ပုံစံဆန်းတွေလည်း ပါတယ်။ အချစ်သီချင်း ၊အသည်းကွဲသီချင်း၊ အမြူးအကြွ သီချင်းလေးတွေ ပါပါတယ်။ အသည်းကွဲသီချင်းကိုမှ အရင်ကလို Pop ပုံစံမဟုတ်ပဲနဲ့ R&B ပုံစံမျိုး ဆိုထားပါတယ်” လို့ အဆိုတော် ရွှေထူးက ပြောပါတယ်။

“Illumination (I)” သီချင်းခွေမှာ သီချင်းစုစုပေါင်း ၁၃ ပုဒ် ပါဝင်ပြီး အဆိုတော် ရွှေထူးနဲ့အတူ အဆိုတော် Lil’Z ၊ Oasis ၊YZet ၊A Latt ၊ဒိုးပတ် ၊Ar Dan ၊ Black-T တို့ တွဲဖက်ပါဝင် သီဆိုထားတယ်လို့ သိရပါတယ်။

အဆိုတော် ရွှေထူးရဲ့ “Illumination (I)” သီချင်းခွေ မိတ်ဆက်ပွဲ / ယုဖြူဟန်/ ဧရာဝတီ
Image may be NSFW.
Clik here to view.

အခွေနာမည်ကို (I) လို့ ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့ “အခွေနာမည်ကတော့ ရွှေထူးရဲ့ I ပေါ့။ Illumination (I) ဆိုတာ ကျနော်အခွေထဲမှာ မပါဘူး။ နာမည်သီးသန့် ပေးထားတာ။ အဓိပ္ပာယ်ကတော့ ကျနော့်ကိုယ် ကျနော်ပဲ ရည်ညွှန်းပါတယ်။ ကျနော့်ကိုယ် ကျနော် နေရာသစ်တခုကို သွားတယ်။ အလင်းထဲကို ကျနော် ဝင်သွားတယ်။ ကျနော့်ကိုယ် ကျနော် Upgrade လုပ်တယ်လို့ ယူဆတယ်” လို့ ရွှေထူးက ပြောပါတယ်။

အဆိုတော် ရွှေထူးက သူ့ရဲ့ဒုတိယမြောက်အခွေ (I) ကို သူကိုယ်တိုင် ထုတ်လုပ်တာဖြစ်ပြီး အဆိုပါ သီချင်းခွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့၊ မြန်မာပလာဇာမှာ အနုပညာရှင်များနဲ့အတူ လက်မှတ်ရေးထိုး ရောင်းချ ပေးသွားမယ်လို့ သိရပါတယ်။

Image may be NSFW.
Clik here to view.

သီချင်းဆိုတဲ့ အပိုင်းမှာလည်း ပရိသတ်အတွက် နားထောင်စရာ သီချင်းများ အဆက်မပြတ်ရအောင် သီဆိုပေးနေသလို သရုပ်ဆောင်တဲ့ အပိုင်းမှာလည်း မတ်လအတွင်း ဒါရိုက်တာ မီးပွား ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီး ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့အတူ တွဲဖက်ပြီး ပါဝင် သရုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

“ဝတ်မှုန်ရွှေရည်နဲ့ ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားက ၃ လ ပိုင်း အလယ်လောက်မှာ ရိုက်ပါမယ်။ Character ကတော့ ကျနော်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ရူးသွပ်ပြီး ကြောင်တောင်တောင်ဖြစ်နေတဲ့ ကောင်လေးပါ။ ပြင်ဆင်မ ှုအနေနဲ့က အဝတ်အစားပိုင်းကိုလည်း ဟိုတခါလို နေပူထဲမှာ လောင်းကုတ်ကြီး တကားကားနဲ့ မဖြစ်တော့ဘူး။ ပေါ့ပေါ့ပါးပါး ဖြစ်အောင် ကြိုးစားထားတယ်။ ကျနော့်ကိုယ် ကျနော် ပြင်ဆင်တာကတော့ ရုပ်ရှင်ကားတွေ အများကြီး ကြည့်ဖြစ်တယ်” လို့ ရွှေထူးက ပြောပါတယ်။

ရွှေထူးက သူ့ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ကားကြီးမှာ ပရိသတ်ရဲ့ အားပေးမှုနဲ့အတူ ဝေဖန်မှုများလည်း ရရှိခဲ့ပါတယ်။

The post မြင်နေကျ ပုံစံနဲ့ ကွဲထွက်တဲ့ သီချင်းတွေပါမယ့် ရွှေထူးရဲ့ “Illumination (I)” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...