Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် Liam Payne နဲ့ Cheryl Tweedy တို့ရဲ့ အချစ်ရေး မုန်တိုင်းထန်နေပြီလား

$
0
0

“One Direction” အဖွဲ့မှ အဖွဲ့ဝင် အဆိုတော်တဦး ဖြစ်တဲ့ Liam Payne နဲ့ မကြာခင်ကမှ ရင်သွေးလေး လွယ်ထားတဲ့ အဆိုတော် Cheryl Tweedy တို့ဟာ ချစ်သူသက်တမ်း ၂ နှစ်ကြာပြီးနောက်မှာ သူတို့နှစ်ဦးရဲ့ အချစ်ရေး “ခရီးလမ်း ကြမ်းတမ်းနေပြီလား” ဆိုတဲ့ ပရိသတ်တချို့ရဲ့ မေးခွန်းထုတ်မှုကို ဒီတပတ်ထဲမှာ မီဒီယာရှေ့မှောက် အတူထွက်ပြပြီး သံသယတွေကို ချေဖျက်ပြလိုက်ပါတယ်။

ကမ္ဘာကျော် အဆိုတော်တွေ ဖြစ်ကြတဲ့ သူတို့ စုံတွဲနှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ BRIT ဆုပေးပွဲမှာ အတူတကွ ပွဲတက်ပြီး သူတို့နှစ်ဦးရဲ့ အကွဲအပြဲ သတင်းတွေကို မဟုတ်ဘူးလို့ ပယ်ချနိုင်ခဲ့ ပေမယ့် ပရိသတ်တွေရဲ့ သိလိုစိတ်ကိုတော့ မချေဖျက်နိုင်ခဲ့ပါဘူး။

“Girls Aloud” ဆိုတဲ့ Girl Band အဆိုတော်အဖွဲ့ဝင်ဟောင်း Cheryl Tweedy ဟာ သူ့ရဲ့ Twitter အကောင့် ကနေ အဆိုပါ ကောလာဟလ သတင်းတွေကို တုန့်ပြန်ခဲ့ပြီး မီဒီယာတွေအနေနဲ့ တန်ဖိုးရှိတဲ့ ဇာတ်လမ်းမျိုးတွေ ကိုသာ ပြောဆိုရေးသားကြဖို့ တောင်းဆိုလိုက်ပါတယ်။

သူတို့နှစ်ဦးရဲ့ ပွဲတက်တဲ့ပုံစံဟာ “အပေါ်ယံ ဟန်ဆောင်မှု” သာဖြစ်တယ်လို့ မီဒီယာတွေရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ အသက် ၃၄ နှစ်အရွယ်၊ အဆိုတော် Cheryl Tweedy က “တော်ကြပါတော့၊ ဒီလိုမျိုး မဟုတ်မမှန် အငြင်းအခုန် သတင်းတွေနဲ့ သူတို့အချစ်ရေး မဟုတ်တဲ့ သတင်းတွေဆိုရင်တော့ ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

Cheryl Tweedy က “ရှင်တို့ရဲ့ အကောင်းမြင်တဲ့ သတင်းတွေအတွက် ရှင်တို့ရဲ့ မီဒီယာကို အသုံးပြုပါ/ ကျမ ဒီတစ်ပတ်ထဲမှာ လူငယ်ထောင်ပေါင်းများကို ကူညီ ပေးနိုင်မယ့် စင်တာတခုကို ဖွင့်ခဲ့ပါတယ်။ ရှင်တို့ရဲ့ စတန့် ထွင်တဲ့ သီအိုရီတွေက မိုက်ရူးရဲဆန်ပြီး ကလိန်ကကျစ် ကျပါတယ်” လို့ Newcastle မြို့မှာရှိတဲ့ သူ့ရဲ့ လူငယ်စင်တာဖွင့်ပွဲမှာ ပြောပါတယ်။

ယခု သီတင်းပတ် အစောပိုင်းမှာပဲ သူရဲ့ လူငယ်စင်တာ ဖွင့်ပွဲအတွက် ပရိုမိုးရှင်းလုပ်ဖို့ “BBC Breakfast” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝနေထိုင်မှုဟာ အလုပ်အပေါ်မှာ အနှောင့်အယှက်ပေး နေတယ်ဆိုတဲ့ ဇာတ်လမ်းမျိုး တွေကြောင့် စိတ်ရှုပ်ရသလားဆိုတဲ့ မေးခွန်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ဖြေဆိုပေးခဲ့ပါတယ်။

“စိတ်ကသိကအောင့် ဖြစ်စေရတာလား ဆိုတော့ “ဟင့်အင်း၊ ကျမကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမက အလုပ်အပေါ်မှာပဲ အာရုံစိုက်ထားတတ်လို့ပါ။ ကျမ အဲဒီကိစ္စတွေအတွက် မဟုတ်ဘဲ ဒီမှာရှိနေဖို့ ၇ နှစ်တာ ကာလကို စောင့်ဆိုင်းခဲ့ရပါတယ်၊ အဲဒါဟာ ကျမအတွက် အရေးအကြီးဆုံး အပိုင်းပါပဲ” လို့ Cheryl Tweedy က ပြောကြားပါတယ်။

Cheryl ဟာ ဘောလုံးအကျော်အမော် Ashley Cole (အက်ရှ်လေကိုးလ်) နဲ့ လက်ထပ်ထားတဲ့အချိန်၊ Liam ကလည်း အသက် ၁၄ နှစ်အရွယ် X Factor မှာ ပထမဆုံးဝင်ပြိုင်တဲ့အချိန်မှာ နှစ်ဦးသား ပထမဆုံး တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

Ref ; contactmusic

The post အဆိုတော် Liam Payne နဲ့ Cheryl Tweedy တို့ရဲ့ အချစ်ရေး မုန်တိုင်းထန်နေပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...