Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နှစ်ပေါင်း ၂၀ ကြာ တကိုယ်တော် တောင်ဖြိုသမား (သို့မဟုတ်) Manjhi – The Mountain Man (2015)

$
0
0

ဒီတပတ် ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့ အိန္ဒိယမှာ နာမည်ကြီးတဲ့ Bollywood ဇာတ်ကားကောင်း၊ ၂၀၀၇ ခုနှစ်က ကွယ်လွန်သွားတဲ့ Dashrath Manjhi ရဲ့အတ္တုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ True Story ဇာတ်လမ်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက IMDB rating (8.1) ရှိပြီး သဘာဝကျတဲ့ ရိုက်ချက်တွေနဲ့ အိန္ဒိယနိုင်ငံရဲ့ တကယ့်အဖြစ်အပျက်တွေကို အနုပညာမြောက်စွာ ရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတကားပါ။

ဇာတ်လမ်းကတော့ ၁၉၆၀ ကာလများဆီက အိန္ဒိယနိုင်ငံရဲ့ “ဇာတ်နိမ့်၊ ဇာတ်မြင့်” ခွဲခြားမှုတွေ ကြီးစိုးနေတဲ့ Bihar ပြည်နယ်နားမှာရှိတဲ့ Gehlaur ဆိုတဲ့ ရွာငယ်လေးမှာ ဇာတ်နိမ့်အနွယ်ဝင် Dashrath Manjhi ဆိုသူမှာ သူတို့ အနွယ်ဝင်တွေ ထုံးစံအတိုင်း ငယ်ငယ်တည်းက စေ့စပ်ထားသူ ရှိပါတယ်။ ငွေကြေးချို့တဲ့တဲ့ သူ့ဖခင်က အကြွေး ပြန်မဆပ် နိုင်လို့ Manjhi ကို သူဌေးတယောက်ဆီမှာ ပေါင်လို့ ထွက်ပြေးပြီး အရွယ်ရောက် လူငယ်ပိုင်းလောက်ကျမှ ရွာကို ပြန်လာခဲ့ပါတယ်။

Manjhi – The Mountain Man (2015) ရုပ်ရှင်ဇာတ်ကား

သူပြန်လာတော့ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှုတွေ မရှိတော့တဲ့အကြောင်း ကြေညာလိုက်တဲ့အတွက် အားလုံးဟာ ပျော်လွန်းလို့ ကခုန်နေကြချိန်မှာ မိန်းမချောလေး တယောက်နဲ့ ဆုံမိပြီး မြင်မြင်ချင်းပဲ ချစ်မိသွားပါတယ်။

အံ့သြစရာကောင်းတာက အဲ့ဒီမိန်းမချောလေးဟာ သူနဲ့ငယ်ငယ်တည်းက စေ့စပ်ထားတဲ့သူ ဖြစ်နေတာပါပဲ။ ဒါပေမယ့် မိန်းကလေးရဲ့အဖေဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့သူနဲ့ သဘောမတူဘဲ ငွေနဲ့ပဲ သူ့သမီးကို လေလံပစ်နေခဲ့ပါတယ်။ ဖူးစာပါတတ်သူတို့ ထုံးစံအတိုင်း Manjhi တို့ ချစ်သူနှစ်ဦးဟာ ခိုးပြေးခဲ့ကြပါတယ်။ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ သူတို့ နှစ်ဦးသားကတော့ ပျော်ရွှင်နေကြတာပါပဲ။

Manjhi – The Mountain Man (2015) ရုပ်ရှင်ဇာတ်ကား

သူတို့ Gehlaur ရွာလေးရဲ့ ရွာဝင်ထွက်ပေါက်မှာ တောင်ကြီးတလုံးက ပိတ်ဆို့နေပါတယ်။ ရွာသူရွာသားတွေဟာ ဝမ်းရေးအတွက် ဒီတောင်ကြီးကိုပဲ ဖြတ်ကျော်ပြီး အလုပ်လုပ်ကိုင် နေရပါတယ်။ တောင်တန်းကြီးရဲ့ အလွန်မှာတော့ အရာရာဟာ ဖိတ်ဖိတ်တောက်နေပေမယ့် ဒီရွာလေးမှာတော့ အနိုင်ကျင့် ဖိနှိပ်မှုတွေသာ ပြည့်နှက်နေတာပါ။

အဲဒီနောက်မှာတော့ Manjhi တယောက်မျက်ရည်တွေ၊ နာကျည်းချက်တွေနဲ့ တောင်တန်းကြီးကို စိန်ခေါ်ပါတော့တယ်။ အိမ်က ပေါက်တူးတလက်ကိုယူပြီး နေ့စဉ်နဲ့အမျှ တောင်ဖြိုတဲ့အလုပ်ကိုပဲ ၂၂ နှစ်တိုင်တိုင် လုပ်ပါတော့တယ်။ သူဘာလို့ အဲဒီ တောင်ကြီးကို အငြိုးတကြီး ဖြိုနေရလဲ ဆိုတာတော့ ဇာတ်လမ်းကို ဆက်လက် ကြည့်ရှုရင်းနဲ့မှ ခံစားနားလည် သွားမှာပါ။

တောင်ဖြိုသမား Dashrath Manjhi နဲ့ ဇာတ်ကားထဲမှ သရုပ်ဆောင်

“လူအများက မဖြစ်နိုင်ဘူး” လို့ ပြောပေမယ့် Manjhi ဟာ ၂၂နှစ်ကြာအောင် တယောက်တည်း တောင်ဖြိုနေခဲ့ပြီး ၂၀၀၇ ခုနှစ်၊ သူကွယ်လွန်သွားတဲ့ အချိန်မှာတော့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဈာပန ပြုလုပ်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ် မှာတော့ Manjhi ရဲ့ဇွဲလုံ့လကို အသိအမှတ်ပြုတဲ့အနေနဲ့ Dashrath Manjhi လမ်းဆိုပြီး အိန္ဒိယအစိုးရက တရားဝင် အသိအမှတ်ပြုပေးခဲ့ပါတယ်။

The post နှစ်ပေါင်း ၂၀ ကြာ တကိုယ်တော် တောင်ဖြိုသမား (သို့မဟုတ်) Manjhi – The Mountain Man (2015) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles