Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Kylie Jenner အသုံးမပြုတော့လို့ ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ အရှုံးပေါ်သွားတဲ့ Snapchat

$
0
0

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လူမှုကွန်ရက်မီဒီယာ Snapchat ကို ဒီဇိုင်း ပြန်လည်ရေးဆွဲပြီးတဲ့နောက် အဲဒီ Application ရဲ့ အနာဂတ်ဟာ ဝေဝါးလို့ သွားပါတော့တယ်။ အကြောင်းရင်းကတော့ Snapchat ဘုရင်မလို့ တင်စားကြတဲ့ Kylie Jenner က အဲဒီ Application ကို အသုံးပြုတော့မှာမဟုတ်ဘူးလို့ သူ့ Twitter အကောင့်မှာ တင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

Kylie က “ဒါဆိုရင် Snapchat ကို ဘယ်သူမှ ထပ်မဖွင့်ကြတော့ဘူးပေါ့။ ကျမကတော့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ အဲဒီ Snap ကိုတော့ ချစ်နေဆဲပါ။ ကျမ အချစ်ဦးရယ်” လို့ Twitter မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရေးသားခဲ့တာပါ။

စီးပွားရေး မီဒီယာတခုဖြစ်တဲ့ Bloomberg ရဲ့ အဆိုအရ Snapchat ကုမ္ပဏီရဲ့ ရှယ်ယာဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ၆ ဒဿမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး Kylie ရဲ့ Twitter အကောင့်မှာ ရေးသားချက်အပေါ် အခြေခံကာ ဈေးကွက် တန်ဖိုး ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံဖိုး အရှုံးပေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။

Kylie ရဲ့ Twiiter အကောင့်ပေါ်က စကားတခွန်းကြောင့် ရင်းနှီးမြှုပ်နှံသူအချို့ကို ထွက်ပြေးစေခဲ့တယ်လို့ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားလို့ရကြောင်း အဓိကသုတေသနအုပ်စု လေ့လာသူ Brian Wieser က ဆိုပါတယ်။

Snapchat ဘုရင်မလို့ တင်စားကြတဲ့ Kylie Jenner (ဓာတ်ပုံ – marieclaire ,tmz)

Gerber Kawasaki ကျန်းမာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌနဲ့ စီအီးအို Ross Gerber ကတော့ Kylie ရဲ့ စကားဟာ စီးပွားရေးကို နှေးကွေးသွားစေခဲ့ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။ မိတ်ကပ် ဘုရင်မ Kylie ကို Gerber က “သူဟာ အရေးကြီးဆုံးလူတွေကို ကိုယ်စားပြုနေပါတယ်။ သူရဲ့ အင်အားက တော်တော် ကြီးမားပါတယ်”လို့ ဆိုပါတယ်။

ပြန်ပြင်လိုက်တဲ့ ဒီဇိုင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတာ Kylie တယောက်တည်း မဟုတ်ပါဘူး။ လူဦးရေ ၁ သန်း လောက် ဟာလည်း Change.org ဝက်ဘ်ဆိုက်မှာ Snapchat ရဲ့ ဒီဇိုင်းကို ပြန်လည်ပြောင်းလဲပေးဖို့ လက်မှတ်ရေးထိုး တောင်းဆို ထားကြပါတယ်။ အဲဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ သတင်းစကားတခုမှာ ဆိုရင်တော့ “Snapchat ရဲ့ Update အသစ်ကို ဖြန့်ချိလိုက်တာနဲ့အတူ သုံးစွဲသူတော်တော်များများဟာ အသုံးပြုဖို့ ပိုလွယ်အောင် မလုပ်ပေးထားဘူးဆိုတာကို တွေ့ခဲ့ ရပါတယ်။ ပြီးတော့ တချို့ Feature တွေကို လည်း ခက်အောင်လုပ်ထားပါတယ်” လို့ ဖော်ပြထားပါတယ်။

Snapchat ကလည်း အခုလိုမျိုး ပြောကြား၊ လက်မှတ်ထိုးထားတဲ့သူတွေကို သူတို့သိရှိ ကြားသိပါကြောင်း အသိပေး ထားပါတယ်။ ဒါပေမယ့် ပြောင်းလဲထားတဲ့ ဒီဇိုင်းကို ဖယ်ရှားဖို့ အရိပ်လက္ခဏာတော့ မပြထားပါဘူး။ အဲဒီအစား ကုမ္ပဏီက လိုချင်တဲ့ Stories တွေကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်မယ့် Feature အသစ်တွေ ပါဝင်လာမယ့် အစီအစဉ်ကို ကြေညာခဲ့ ပါတယ်။

Ref ; aceshowbiz

The post Kylie Jenner အသုံးမပြုတော့လို့ ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ အရှုံးပေါ်သွားတဲ့ Snapchat appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...