Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမေရိကန် အဆိုတော် Lancifer နဲ့ သီချင်းတပုဒ် သီဆိုနေတဲ့ ဖြူဖြူကျော်သိန်း

$
0
0

အဆိုတော် ဖြူဖြူကျော်သိန်းက အမေရိကန် အဆိုတော် Lancifer နဲ့ ပထမဆုံး သီချင်းတပုဒ် တွဲဖက်သီဆို ထားပြီး မကြာခင်မှာ ပရိသတ်များ နားထောင်ရတော့မယ်လို့ ပြောပါတယ်။

“ဒါဟာ ကိုယ့်အတွက်ရော၊ သူ့အတွက်ရော၊ ပရိသတ်တွေအတွက်ရော၊ ကိုယ့်ဆီက ဂီတအနေအထား အတွက်တွေရော ပုံစံအသစ်လေးတခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သီချင်းကတော့ Melody နဲ့ Rap ပါမှာဆိုတော့ ဖြူဖြူကတော့ Melody ကို ဆိုပါမယ်။ သီချင်းကတော့ တော်တော်ကို မြောက်မြောက်လေးနဲ့ Positive ဖြစ်တဲ့ စာသားလေးတွေနဲ့ သွားထားပါတယ်”လို့ အဆိုတော် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

အဆိုပါ သီချင်းကို အမေရိကန် အဆိုတော် Lancifer က မြန်မာလိုရေးသားထားပြီး ဖြူဖြူကျော်သိန်းက Melody ပိုင်းကို သီဆိုမှာ ဖြစ်ကာ Lancifer က Rap စာသား သီဆိုမှာ ဖြစ်ပါတယ်။ အဲဒီ သီချင်းကို Channel 7 မှာ ပြသလျက်ရှိတဲ့ On Air အစီအစဉ်မှာ မတ်လအတွင်း အချိန်ကိုက်ပြီး Single Release အနေနဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။

သူတို့နဲ့ ဖြူဖြူနဲ့က ၂၀၁၄ ကနေ စပြီးတော့ မဲဆောက်မှာ “ထိုင်း-မြန်မာ ချစ်ကြည်ရေး ကုန်စည်ပြပွဲ”မှာ စဆုံတယ်။ အဲဒီ နောက်ပိုင်း သူတို့က ကိုယ့်ဆီကို လိုက်ရှာပြီးတော့ လိုက်ချလာကြတယ်။  ဖြူဖြူနဲ့ သီချင်းလေးတပုဒ်ကို ဆိုချင်တယ်။ ကိုယ့်အနေနဲ့လည်း စိတ်ဝင်စားစရာ ကောင်းတယ်။ သူတို့ရဲ့ Music ပုံစံလေးတွေ ဖန်တီးထားတာလေးတွေက ကောင်းပါတယ်” လို့ အမေရိကန် အဆိုတော် Lancifer နဲ့ တွေ့ဆုံဖြစ်ခဲ့ပုံကို ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဆရာဝန်၊ အဆိုတော် ဖြူဖြူကျော်သိန်းဟာ လတ်တလော အတွဲခွေများမှာ ပါဝင်သီဆိုထားပြီး သူမရဲ့ တကိုယ်တော် သီချင်းခွေကတော့ ယခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ Mini Album အနေနဲ့ ထွက်ရှိ သွားမယ်လို့ ဆိုပါတယ်။

The post အမေရိကန် အဆိုတော် Lancifer နဲ့ သီချင်းတပုဒ် သီဆိုနေတဲ့ ဖြူဖြူကျော်သိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343