Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အနုပညာအလုပ်တွေလုပ်ဖို့ အလယ်တန်းကျောင်း ထွက်ခဲ့ရတဲ့ မင်းသမီး “Jennifer Lawrence”

$
0
0

ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီးချော Jennifer Lawrence (ဂျန်နီဖာလောရန့်စ်) ဟာ ဟောလိဝုဒ်မှာ A အဆင့်ရှိတဲ့ မင်းသမီး၊ အော်စကာဆုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီး တဦးအနေနဲ့ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပေမယ့် သေချာတာတခုက သူဟာ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခဲ့ခြင်း မရှိခဲ့ဘူး ဆိုတာပါပဲ။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ “60 Minutes” ဆိုတဲ့ အမေရိကန် တီဗွီအစီအစဉ်တခုရဲ့ ကြိုတင် အမြည်းဗီဒီယိုမှာ အသက် ၂၇ နှစ် အရွယ် မင်းသမီး Jennifer ဟာ ဟောလိဝုဒ်မှ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ သူ့ရဲ့ မွေးရပ်မြေ Kentucky ပြည်နယ်၊ Louisville မြို့မှာရှိတဲ့ အလယ်တန်းကျောင်းကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့အကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ်။

“ကျမ အလယ်တန်းကျောင်းကနေ ထွက်ခဲ့ရပါတယ်။ ကျမမှာ ပညာရေး ပြီးမြောက်မှုလက်မှတ်နဲ့ ဒီပလိုမာ မရှိပါဘူး။ ကျမက ကိုယ့်ထူးကိုယ်ချွန်ခဲ့ရတာပါ။ ကျောင်းတက်နေတဲ့အချိန်မှာ ရုန်းကန်ခဲ့ရပါတယ်။ အရမ်းလည်း မထူးချွန်ခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်” လို့ မင်းသမီး Jennifer Lawrence က CBS News သတင်းထောက် Bill Whitaker ကို ပြောပါတယ်။

ကျောင်းထွက်ခဲ့ရတာကို နောင်တ ရပါသလားဆိုတဲ့ မေးခွန်းကို Jennifer က “ဟင့်အင်း၊ ကျမ တကယ် နောင်တ မရပါဘူး။ ကျမ ကိုယ့်လမ်းကိုယ် ဖောက်ချင်ခဲ့တာပါ။ ကျမ ဘာလုပ်ချင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပြီးတော့ အဲဒီကို သွားတဲ့ လမ်းကြောင်းမှာ ဘာကိုမှ မလိုချင်ခဲ့ပါဘူး။ နှစ်ပေါင်းများစွာကြာ သူငယ်ချင်းတွေတောင် ကျမရဲ့ အနုပညာရေးလောက် အရေးမကြီးခဲ့ပါဘူး။ ကျမဆိုလိုတာ အသက် ၁၄ နှစ်ကစလို့ပေါ့” လို့ ဖြေကြားခဲ့ပါတယ်။

မင်းသမီး Jennifer က သူဟာ သရုပ်ဆောင်လုပ်ဖို့ မွေးဖွားလာခဲ့ကြောင်းကို ပြောပြပေးခဲ့ပါတယ်။ “ရှင်းပြဖို့တော့ ခက်ပါတယ်။ ကျမ ဒါကို လုပ်ရမယ်။ ဒါဟာ ကျမအတွက် လုပ်ရမယ့် အရာပဲ ဆိုတဲ့ ခံစားချက်တခုက လွှမ်းမိုးနေခဲ့ပါတယ်။ ပြီးတော့ အသက် ၁၄ နှစ်အရွယ်မှာ ကျောင်းထွက်ပြီး အနုပညာအလုပ် လုပ်ချင်တယ်ဆိုတာကို နားလည်ပေးဖို့ ဆိုတာက မိဘတွေကတော့ နင်ရူးနေလားဆိုပြီး ပြောမှာပဲလေ” လို့ Jennifer က ဆိုပါတယ်။

“X-Men: First Class” နဲ့ “X-Men: Apocalypse” ရုပ်ရှင်တို့မှာ ရုပ်ပြောင်းရုပ်လွှဲ စွမ်းအားရှင် Mystique အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် “ဘဲလေး အကမယ် ဖြစ်ရမယ်” ဆိုတဲ့ အိပ်မက်ကို စွန့်လွှတ်ခဲ့ရပြီး ရုရှားထောက်လှမ်းရေး အရာရှိအဖြစ် လေ့ကျင့်ပေးခံခဲ့ရတဲ့ အကြောင်း ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်သစ် “Red Sparrow” မှာလည်း Jennifer က ပါဝင် သရုပ်ဆောင်ထားပါတယ်။

“ကျမ အဲဒီဇာတ်ညွှန်းကို ဖတ်လိုက်ရတဲ့အချိန်မှာ အဲဒီလူ ဘယ်လိုတောင် ခံစားခဲ့ရမလဲဆိုတဲ့ ခံစားချက်ကို ကျမ သိလိုက်ရ သလိုပါပဲ။ ကျမမှာ ယုံကြည်ချက်ရှိပြီး လက်မလွှတ်ချင်ဘူးလို့ ဆိုတဲ့ တစုံတခု ကျမ ဦးနှောက်ထဲမှာ ရှိနေတယ် ဆိုတာ ကျမသိတောင် မသိထားခဲ့ပါဘူး” လို့ဆိုပါတယ်။

မင်းသမီး Jennifer ပါဝင်သရုပ်ဆောင် ထားတဲ့ “Red Sparrow” ရုပ်ရှင်ကို မတ်လ ၂ ရက်ကစလို့ အမေရိကန်နိုင်ငံ တဝန်းမှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒီ သည်းထိတ်ရင်ဖိုရုပ်ရှင်ကို သူနဲ့အတူ နောက်ဆုံး “The Hunger Games” ရုပ်ရှင် ၃ ခုမှာ လက်တွဲရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Francis Lawrence က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Ref ; aceshowbiz

 

 

The post အနုပညာအလုပ်တွေလုပ်ဖို့ အလယ်တန်းကျောင်း ထွက်ခဲ့ရတဲ့ မင်းသမီး “Jennifer Lawrence” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...