Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆောင်းရာသီ အိုလံပစ် အခမ်းအနားတွေမှာ အဆိုတော် PSY ဘာကြောင့် မဖျော်ဖြေတာလဲ

$
0
0

တောင်ကိုရီးယားနိုင်ငံ၊ “၂၀၁၈ ခုနှစ်၊ PyeongChang ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ” ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားအတွက် ညွှန်ကြားရေးမှူး Song Seung Hwan က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ tbs FM ရေဒီယိုလိုင်းရဲ့ “Kim Eo Jun’s News Factory” အစီအစဉ် ထုတ်လွှင့်မှုမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အဆိုပါ ရေဒီယို အစီအစဉ် ထုတ်လွှင့်ချက်မှာတော့ ညွှန်ကြားရေးမှူး Song က အဲဒီအခမ်းအနား ၂ ခုလုံးအတွက် အသီးသီးသော အမြင်တွေကို ဆွေးနွေးခဲ့ပြီး အများက သိချင်နေကြတဲ့ မေးခွန်းတခုကိုလည်း ဖြေကြားပေးခဲ့ပါတယ်။

ရေဒီယိုအစီအစဉ် တင်ဆက်သူက “တော်တော်များများ ပြောနေကြတာ တခုရှိပါတယ်။ နိုင်ငံတကာမှာ နာမည်ကျော်တဲ့ အဆိုတော်တွေ အများကြီးရှိတဲ့ အထဲမှာမှ အဆိုတော် PSY (Gangnam Style သီချင်း သီဆိုသူ) က ဘာလို့ အသိအမှတ်ပြု မခံလိုက်ရတာလဲဆိုတဲ့ မေးခွန်းပါ။ လူတော်တော်များများက အဲဒီ အခမ်းအနားတွေမှာ PSY ဘာလို့ မဖျော်ဖြေတာလဲ ဆိုပြီး မေးနေကြပါတယ်” လို့ မေးမြန်းခဲ့ပါတယ်။

ညွှန်ကြားရေးမှူး Song က “ကျနော် PSY နဲ့တွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ‘Gangnam Style’ သီချင်းကိုပဲ ဆက်လက် ဖျော်ဖြေဖို့ ဆိုတဲ့ အတွေးနဲ့ စိတ်ဒုက္ခ ရောက်နေခဲ့ပါတယ်။ အဲဒီအစား ဖွင့်ပွဲအခမ်းအနား အတွင်းမှာ အားကစားသမားတွေ ဝင်လာချိန်မှာ “Gangnam Style” သီချင်းကို ဖွင့်ပြခဲ့ပါတယ်။ အဲဒီအတွက် PSY က သီချင်းကို သူကိုယ်တိုင် စီစဉ်မယ် ဆိုပြီး ပြောခဲ့ပါတယ်။ ဒါကြောင့် အသုံးပြုခဲ့တဲ့ အဲဒီသီချင်းဟာ PSY ကိုယ်တိုင် စီစဉ်ခဲ့တာ ဖြစ်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် “PSY ဟာ ဖျော်ဖြေဖို့အတွက် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါသလား” ဆိုတဲ့ မေးခွန်းကိုတော့ ညွှန်ကြားရေးမှူး Song က “မှန်ပါတယ်၊ အာရှအားကစား ပြိုင်ပွဲတုန်းက သူတော်တော်လေး ဝေဖန်ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ PSY ဟာ ၂၀၁၄ ခုနှစ်၊ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေသူ တယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။

ညွှန်ကြားရေးမှူး Song က “နာမည်ကျော်ကြားသူ တယောက်ဖြစ်ရတာ တော်တော်လေးခက်ခဲမယ်လို့ ကျနော် ထင်ပါတယ်။ တချို့ပွဲတွေမှာ သူတို့ ဖျော်ဖြေမယ်ဆိုရင် လူတွေက ဘာလို့ သူတို့ပါလာတာလဲ ဆိုပြီး ဝေဖန်ကြတယ်။ မဖျော်ဖြေပြန်ရင်လည်း မဖျော်ဖြေလို့ ဆိုပြီးတော့ အဝေဖန်ခံကြရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref ; soompi

The post ဆောင်းရာသီ အိုလံပစ် အခမ်းအနားတွေမှာ အဆိုတော် PSY ဘာကြောင့် မဖျော်ဖြေတာလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...