Disney ဇာတ်ကောင်တွေထဲက ကလေးတို့ရဲ့ ဇာတ်လိုက်ကျော် Winnie the Pooh (ဝက်ဝံအရုပ်လေး) ရဲ့ စွန့်စားခန်း တွေကို ကာတွန်းကနေ တကယ့်ရုပ်ရှင် ဇာတ်လမ်းအဖြစ် မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရတော့မှာပါ။
Live Action အဖြစ် ပုံဖော်ရိုက်ကူးလိုက်တဲ့ ဒီဇာတ်လမ်းလေးမှာ Pooh နဲ့ Christopher တို့ ကြီးလာတဲ့ အရွယ်မှာ ပြန်တွေ့ကြပုံကို ရိုက်ကူးပုံဖော်ထားပါတယ်။
ဇာတ်လမ်းကို ဒါရိုက်တာ မက်ဖော်စတာ (Marc Forster) က ရိုက်ကူးပေးထားပြီး Christopher Robin အဖြစ် မင်းသား အီဝမ် မက်ဂရက်ဂေါ (Ewan McGregor) ၊ ဇာတ်လိုက်ကျော်လေး Winnie the Pooh ရဲ့နောက် ခံအသံကိုတော့ ဂျင်ကမ်မင်း (Jim Cummings) တို့က အဓိကသရုပ်ဆောင်သွားမှာပါ။
Christopher ရဲ့ မိန်းမ Evelyn အဖြစ် ဟေးလေ အက်ဝဲလ် (Hayley Atwell) ၊ သမီး Madeline အဖြစ် ဘရုန့် ကာမီရှယ် (Bronte Carmichael) ၊ Christopher ရဲ့ ဘော့စ် Keith Winslow အဖြစ် မာ့ခ် က်တစ် (Mark Gatiss) တို့က အားဖြည့် ထားပါတယ်။
အရုပ်ကလေးတွေရဲ့ သူငယ်ချင်း Christopher တယောက် အရွယ်ရောက်လာချိန်မှာ ငယ်စဉ်က သူ့ရဲ့ လက်တွဲဖော် Winnie the Pooh တို့ ပြန်လည်တွေ့ဆုံခန်းတွေက တခါမှ စိတ်မကူးဖူးတဲ့ စွန့်စားခန်းအသစ်တွေကို မြင်တွေ့ရမှာပါ။ အခုချိန်မှာ ပြန်ကြည့်မိလိုက်သူတိုင်း အတိတ်က ကလေးဘဝကို ပြန်လည် ခေါ်ဆောင်ပေးသွားနိုင်မယ့် ဇာတ်ကား ကောင်းတကားပါ။
သြဂုတ်လမှာ ရုံတင်မယ့် Disney ရဲ့ Christopher Robin ဇာတ်လမ်းလေးကို အမြည်းကြည့်ချင်တယ်ဆိုရင် Teaser ထွက်ပြီဆိုတဲ့ အကြောင်း သတင်းပေးချင်ပါတယ်။ ငယ်ငယ်ကဖတ်ခဲ့ကြတဲ့ စာအုပ်ထဲက Winnie the Pooh (ဝက်ဝံရုပ်) ဇာတ်ကောင်လေးက ကြည့်ရှုသူတွေကို ပိတ်ကားပေါ်က တဆင့် စာဖတ်သူတို့ ငယ်ဘဝကို ဘယ်လို ပြန်ခေါ်သွားမလဲ ဆိုတာ စောင့်မျှော်ကြည့်ရအောင်။
Christopher Robin ဇာတ်လမ်း Teaser
Ref ; Oh My Disney
The post Disney ဇာတ်ကောင် Winnie the Pooh ကို အသက်သွင်းထားတဲ့ Christopher Robin ရုပ်ရှင် appeared first on ဧရာဝတီ.