Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စိတ်ကျရောဂါကြောင့် မကောင်းဆိုးရွား ဝင်ပူးခံရသလို ဖြစ်ခဲ့ရတဲ့ အဆိုတော် Meghan Trainor

$
0
0

ကမ္ဘာကျော် အဆိုတော် Meghan Trainor ဟာ မကောင်းဆိုးရွား ဝင်ပူးတာခံခဲ့ရတယ်လို့ ထင်ခဲ့ဖူးပြီး အသံကြိုး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် အိပ်နေရင်း သေလုနီးပါး ဖြစ်ခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်၊ အဆိုတော် Meghan Trainor ဟာ ၂၀၁၅ ခုနှစ်မှာ အသံကြိုးကို ပြုပြင်ခဲ့ပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် အဖြစ် ၂၀၁၆ ခုနှစ်မှာ အသံပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီလိုမျိုး ဆေးကုသမှု ဆိုင်ရာ ကိစ္စရပ်တွေကြောင့် စိတ်ကျရောဂါ ခံစားခဲ့ရပြီးနောက် မှောင်မိုက်တဲ့ နေရာတခုမှာ ရောက်ရှိနေသလို ဖြစ်ခဲ့ရပြီး နောက်တကြိမ် နိုးထနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ ကြောက်စိတ်နဲ့ အနား မယူနိုင်ခဲ့တဲ့အတွက် ရူးမတတ် အနေအထားမျိုး စိုးရိမ်ထိတ်လန့်ခဲ့ရဖူးတယ်လို့ Meghan က ပြောပါတယ်။

“ခွဲစိတ်ပြီးတဲ့နောက် ကျမဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကျမကို သရဲဝင်ပူးသလို ခံစားခဲ့ရပါတယ်။ မကောင်းဆိုးရွားတွေက တိုက်ခိုက်နေသလိုပါပဲ။ ကျမရူးသွားပြီလို့ကို ခံစားနေရတာပါ။ စိတ်ရောဂါ ဖြစ်နေပြီလို့ ကျမထင်ခဲ့တာပါ။ စိတ်ထဲမှာဆိုရင် အရမ်းကို မှောင်မိုက်တဲ့ နေရာတခုကို ရောက်သွားခဲ့ပါတယ်။ ခွဲစိတ်ထားတဲ့အတွက် ၄ လလောက် ကျမ စကား ကောင်းကောင်း မပြောနိုင်ခဲ့ပါဘူး။

“ကျမအတွက် တကယ့်ကိုပဲ ကျန်းမာရေး ချို့တဲ့စေခဲ့တာပါ။ အတွေးတွေအားလုံးက အတွင်းစိတ်ထဲမှာ ဖြစ်လာခဲ့ပါတယ်။ ခေါင်းထဲမှာ တယောက်တည်း အထီးကျန်နေသလို ခံစားလာရပါတယ်။ ရှိနေဖို့အတွက် ကြေက်ဖို့ကောင်းတဲ့ နေရာတခုပါ၊ နောက်နေ မနက်မှာ မနိုးထ နိုင်တော့မှာကို ကြောက်ရွံ့ပြီး အိပ်လို့လည်း မရပါဘူး။ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာပါ။ ကျမ အသက်မွေးဝမ်းကြောင်း လုပ်ငန်းရော ဘဝရော ပြီးဆုံးသွားပြီလို့ ထင်ခဲ့ရတာပါ” လို့ အဆိုတော် Meghan Trainor က ပြောပါတယ်။

ကံကောင်းချင်တော့ “No Excuses” သီချင်း အဆိုတော် Meghan ဟာ ဆရာဝန်တွေ၊ ကုထုံးပညာရှင်တွေ၊ စိတ်ရောဂါ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တခုကြောင့် ပြန်လည်သက်သာလာခဲ့ပေမယ့် ခက်ခဲတဲ့ လုပ်ငန်းစဉ် တခု ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“Spy Kids” ရုပ်ရှင်မင်းသား Daryl Sabara နဲ့ စေ့စပ်ထားတဲ့ အဆိုတော် Meghan ဟာ အဲဒီကိစ္စနဲ့ပတ်သက်လို့ ခံစားရတာ ပိုကောင်း မလာခဲ့ဘဲ သူ့ရဲ့ အဲဒီအကြောင်းကြောင့် အလားတူ ပြဿနာမျိုး ရင်ဆိုင်ခံစားနေရတဲ့ အခြား သူတွေကိုလည်း မျှော်လင့်ချက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတဲ့ အကြောင်း ပြောဆိုထားပါတယ်။

သူက “ကျမကိုယ်ကျမ သည်းမခံနိုင်တော့ဘဲ ကျမ ဦးနှောက်ထဲမှာ အဲဒါတွေ ဖြစ်နေခဲ့တာကို ရုန်းကန်ခဲ့ရပါတယ်။ အဲဒါဟာ ခက်ခဲတဲ့ လုပ်ငန်းစဉ်ပါ။ မှောင်မိုက်တဲ့ အပေါက်တခုကနေ ကုတ်တွယ် တက်ခဲ့ရပါတယ်။ ပြီးတော့ ကျမ ဘယ်တော့မှလည်း ပိုကောင်းမလာခဲ့ပါဘူး” လို့ Daily Star Sunday သတင်းစာကို ပြောကြားခဲ့ပါတယ်။

Ref : contactmusic

The post စိတ်ကျရောဂါကြောင့် မကောင်းဆိုးရွား ဝင်ပူးခံရသလို ဖြစ်ခဲ့ရတဲ့ အဆိုတော် Meghan Trainor appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343