Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာ “Black Panther” ရုပ်ရှင်ကို “Pacific Rim Uprising” ကျော်တက်

$
0
0

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ သရဖူဆောင်းနိုင်သူ အသစ်တယောက် ထွက်ပေါ်လာပါပြီ။ Universal Pictures နဲ့ Legendary Entertainment တို့ရဲ့ “Pacific Rim Uprising” ရုပ်ရှင်ဟာ ရုပ်ရှင်ရုံပေါင်း ၃၇၀၈ ခုမှာ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၂၈ သန်းရရှိခဲ့ပြီး အဖွင့်လှခဲ့ပါတယ်။ အဲဒီပမာဏဟာ Marvel နဲ့ Disney တို့ရဲ့ သီတင်း ၅ ပတ်ကြာ ရုံဝင်ငွေ သရဖူဆောင်းခဲ့တဲ့ “Black Panther” ရုပ်ရှင်ကို ကျော်တက်နိုင်စေခဲ့ပါတယ်။

“Pacific Rim Uprising” ရုပ်ရှင်ဟာ ရုံဝင်ငွေ ဇယားမှာ ချန်ပီယံအသစ်ဖြစ်ပေမယ့် ၂၀၁၃ခုနှစ် ဇူလိုင်လမှာ ဖြန့်ချိခဲ့တဲ့ သူ့ရှေ့က မူလ”Pacific Rim” ရုပ်ရှင်က အမေရိကန် ဒေါ်လာ ၃၇ ဒဿမ ၃ သန်းနဲ့ ပွဲဦးထွက်ခဲ့တာ ဖြစ်တဲ့အတွက် နည်းနည်းတော့ တာထွက်အား နည်းတယ်လို့ ဆိုရမှာပါ။

ကမ္ဘာတဝန်းက အခြား နိုင်ငံတွေမှာတော့ မူရင်း “Pacific Rim” ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာထက် လူကြည့် ပိုများပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အမေရိကန် ဒေါ်လာ ၁၂၂ ဒဿမ ၅ သန်း ရရှိခဲ့ပါတယ်။ အဲဒီထဲက ဒေါ်လာ ၆၅ သန်းဟာ တရုတ်ဈေးကွက်ကနေ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

မူရင်း “Pacific Rim” ရုပ်ရှင်ကို ဒါရိုက်တာ Guillermo Del Toro က ရိုက်ကူးခဲ့တာဖြစ်ပြီး အခု ရုပ်ရှင်အသစ်ကိုတော့ ဒါရိုက်တာ Steven S. DeKnight က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အဖြစ် John Boyega, Scott Eastwood နဲ့ Rinko Kikuchi တို့ ပါဝင်ထားကြပါတယ်။ ရုပ်ရှင်ဝေဖန်ရေး ဆရာတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှု ကို ခံထားရပြီး CinemaScore မှာ ဘီအဆင့်သာ ရရှိထားပါတယ်။

comScore မှ ရုံဝင်ငွေ လေ့လာသူ Paul Dergarabedian က “၂၀၁၃ ခုနှစ်က မူရင်းရုပ်ရှင်နဲ့ ဆင်တူတာက ‘Pacific Rim Uprising’ ရုပ်ရှင်ဟာ အထူးပြုချက်တွေနဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တခုကို ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ ညီမျှတဲ့ နိုင်ငံတကာ ရုပ်ရှင်ရုံဝင်ငွေပေါ်မှာ အလုံးစုံ မှီတည်ထားပါတယ်၊ မြောက်အမေရိကမှာထက်  နိုင်ငံတကာမှာ ပွဲဦးထွက်လေး ဆခွဲလောက် ပိုများနေတာဟာ ‘Uprising’ ရုပ်ရှင်ဟာနိုင်ငံတကာမှာ အထူးသဖြင့် တရုတ်နိုင်ငံ အခြေစိုက်ပရိသတ်တွေကနေ အထူးစိတ်ဝင်စားမှု များပြားနေတဲ့အပေါ် အခြေတည်ထားပါတယ်လို့”  ပြောပါတယ်။

“Black Panther” ရုပ်ရှင်ကတော့ စတင်ရုံတင်ပြသပြီး သီတင်း ၆ ပတ်အတွင်းမှာပဲ မြောက်အမေရိကမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၆ ဒဿမ ၇ သန်း၊ နိုင်ငံတကာမှာ ဒေါ်လာ ၁၂ ဒဿမ ၉ သန်း ရရှိပြီး စုစုပေါင်း ဒေါ်လာ ၁ ဒဿမ၂၄ ဘီလီယံ ရရှိထားပြီ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာအမေရိကန်နိုင်ငံ မှာရုံဝင်ငွေအများဆုံး ရရှိထားတဲ့ စူပါဟီးရိုး ရုပ်ရှင်လည်း  ဖြစ်ပါတယ်။

“I Can Only Imagine” ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရှိနေတဲ့ နံပါတ် ၃ နေရာမှာပဲ အမေရိကန် ဒေါ်လာ ၁၃ ဒဿမ ၈ သန်းနဲ့ ဆက်လက်ရပ်တည်နေပြီး အသစ်ဖြန့်ချိလိုက်တဲ့ “SherlockGnomes” ရုပ်ရှင်ကတော့ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၆ သန်းနဲ့ နံပါတ် ၄ နေရာကနေ ပွဲဦးထွက်လာခဲ့ပါတယ်။

မင်းသမီး Alicia Vikander ခေါင်းဆောင် ပါဝင်ထားတဲ့ “Tomb Raider” ရုပ်ရှင်ကတော့ ခန့်မှန်းခြေ ရုံဝင်ငွေ အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၄ သန်းနဲ့ နံပါတ် ၂ နေရာကနေ နံပါတ် ၅ အထိ ဆင်းသွားခဲ့ပါတယ်။ သမ္မာကျမ်းစာ အခြေခံရုပ်ရှင်  “Paul, Apostle of Christ” ကတော့ အမေရိကန် ဒေါ်လာ ၅ သန်းနဲ့ ပွဲဦးထွက်လာခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – မြောက်အမေရိကမှာ “Tomb Raider” ရုပ်ရှင် ရုံတင်နေပေမယ့် “Black Panther” ရုံဝင်ငွေကို မကျော်တက်နိုင်သေး

ရုံဝင်ငွေ ဒေါ်လာ ၁၉၂ သန်းနဲ့ အဖွင့်လှခဲ့တဲ့ လူမည်းအသားပေး စူပါးဟီးရိုးရုပ်ရှင် “Black Panther”

Ref; aceshowbiz

The post မြောက်အမေရိက ရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာ “Black Panther” ရုပ်ရှင်ကို “Pacific Rim Uprising” ကျော်တက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...