Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကင်ဆာရောဂါ တိုက်ဖျက်ရေး လှုံ့ဆော်မှုမှာ ပန်းရောင်ဝတ်စုံနဲ့ ပါဝင်ခဲ့တဲ့ Deadpool

$
0
0

Deadpool နဲ့ Omaze အဖွဲ့သားတွေဟာ ကင်ဆာရောဂါ တိုက်ဖျက်ရေးအတွက် ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အဖွဲ့ဖွဲ့စည်းခဲ့ကြပါတယ်။ ကင်ဆာရောဂါကာကွယ်ရေး၊ စောစီးစွာသိရှိရေးနဲ့ ရောဂါခံစားနေရသူတွေကို ထောက်ပံ့ ကူညီပေးရေး အတွက် ရည်ရွယ် ထားတဲ့ ကိုယ်ကျိုးမဖက်တဲ့ အဖွဲ့ဖြစ်တဲ့ “F**k Cancer” ဆိုတဲ့ ကမ်ပိန်းကို စတင်လိုက်ပြီ ဖြစ်ကြောင်း အဲဒီဗီဒီယိုထဲမှာ Deadpool က ကြေညာခဲ့တာဖြစ်ပါတယ်။

မင်းသား Ryan Reynolds ဟာ အဲဒီဗီဒီယိုထဲ ဆိုဖာခုံပေါ်မှာ ထိုင်နေတဲ့ ပန်းရောင် Deadpool အဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကို အထူးသတင်းစကား ဝေမျှပေးခဲ့ပါတယ်။

မင်းသား Ryan က “ဟယ်လို၊ အံ့သြသွားကြလား၊ ဘာလို့ ပန်းရောင်ဝတ်စုံ ဝတ်ထားလဲဆိုပြီးတော့လေ။ ကောင်းပြီ ကမ္ဘာကြီးက ကျနော့်ဆီမှာ စွဲလမ်းမှုအသစ် တခုဖြစ်တဲ့ ပန်းရောင်နဲ့အတူ ကြီးမားတဲ့နှလုံးသား ရှိတယ်ဆိုတာ မြင်တွေ့ နိုင်ပါတယ်။ ပြောရမယ်ဆိုရင် ကျနော်က Celine Dion ကို ပိုသဘောကျပါတယ်။ Pink ဆိုတဲ့ ပန်းရောင်က ကျနော်နဲ့ ရင်းနှီးတဲ့ အရာတခုဖြစ်တဲ့ ကင်ဆာနဲ့ လှပတဲ့ကြိုးတချောင်းလိုမျိုး ဆက်နွယ်နေပါတယ်”လို့ ပြောပါတယ်။

သူကဆက်ပြီး “ကျနော် ရုပ်ရှင်အချို့မာကတ်တင်းဆင်းချိန်မှာ အမှတ်တရအနေနဲ့ ပိုင်ဆိုင်နိုင်စေဖို့ အခွင့်အရေးပေးတဲ့ အနေနဲ့ ကျနော့်ဝတ်စုံကို လှူဒါန်းချင်ပါတယ်။ ခင်ဗျားတို့ စိတ်ကူးထားတဲ့အတိုင်း အကန့်အသတ်နဲ့ပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းဟာ တကြိမ်တိုက်ခိုက်ရုံနဲ့ သူရဲကောင်းတယောက် ဖြစ်နိုင်ပါတယ်။ စူပါ ပါဝါတွေ၊ ခေါင်းဆောင်းတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက် ဝတ်စုံတွေ မလိုအပ်ပါဘူး။ ပိုက်ဆံပဲ လိုအပ်တာပါ။ တကယ်ပါ ကျနော်တို့ အဲဒါကို တကယ် လိုအပ်ပါတယ်၊ ဒီဝတ်စုံတွေက ဈေးမပေါပါဘူး” လို့ ပြောပါတယ်။

အဲဒီဝတ်စုံကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးကို ရယူချင်တဲ့ ပရိသတ်တွေဟာ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာကနေ ဒေါ်လာ ၅ ထောင်အထိ ဘယ်နေရာကမဆို ပါဝင်လှူဒါန်း နိုင်ပါတယ်။ အဲဒီအလှူငွေတွေဟာ လှူဒါန်းငွေပမာဏနဲ့ ကိုက်ညီတာ မျိုးကို Unlock လုပ်ပြီး ဝယ်ယူရရှိနိုင်မှာပါ။

ဥပမာ အမေရိကန် ၁ဝ ဒေါ်လာက Entry အရေအတွက် အခု ၁၀၀ နဲ့ ကန်ဒေါ်လာ၂၅ ဒေါ်လာဆိုရင် Entry အရေအတွက် အခု ၂၅ဝ ရရှိမှာပါ။ ဒေါ်လာ ၁၀၀၀ အထက် လှူဒါန်းမယ်ဆိုရင်တော့ လက်မှတ်ထိုးထားတဲ့ ရုပ်ရှင်ပိုစတာ၊ မင်းသား Ryan အသံသွင်းထားတဲ့ အသံမက်ဆေ့ချ်လိုမျိုး လက်ဆောင်တွေကို ရရှိမှာဖြစ်ပါတယ်။

မင်းသား Ryan ခေါင်းဆောင်ပါဝင်ထားတဲ့ “Deadpool 2” ရုပ်ရှင်ကို အမေရိကန်နိုင်ငံမှာ လာမယ့် မေ ၁၈ ရက်မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။

Ref : aceshowbiz

The post ကင်ဆာရောဂါ တိုက်ဖျက်ရေး လှုံ့ဆော်မှုမှာ ပန်းရောင်ဝတ်စုံနဲ့ ပါဝင်ခဲ့တဲ့ Deadpool appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles