Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကွာရှင်းစရိတ် အဖြစ်ရရှိတဲ့ ဒေါ်လာ ၇ သန်းထဲမှ တချို့တဝက်ကို မင်းသမီး Amber Heard လှူဒါန်း

$
0
0

မင်းသား Johnny Depp နဲ့ လမ်းခွဲခဲ့ပြီးနောက် ရရှိထားတဲ့ ကွာရှင်းစရိတ် တချို့တဝက်ကို မင်းသမီး Amber Heard က လော့စ်အင်ဂျလိစ် ကလေးများ ဆေးရုံကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ် အရွယ် မင်းသမီး Amber Heard ဟာ ၂၀၁၆ ခုနှစ်မှာ မင်းသား Johnny Depp နဲ့ လမ်းခွဲခဲ့ပြီးနောက် ကွာရှင်းစရိတ် အဖြစ် အမေရိကန် ဒေါ်လာ ၇ သန်းရရှိခဲ့တာ ဖြစ်ပြီး အမေရိကန် ပြည်သူ့လွတ်မြောက်ရေး ယူနီယံနဲ့ ကလေးများဆေးရုံတို့ကို လှူဒါန်းမယ်လို့လည်း ကတိပြုထား တာ ဖြစ်ပါတယ်။

ကလေးများဆေးရုံက ၂၀၁၇ ခုနှစ်အတွက် အစီရင်ခံစာ ထုတ်ပြန်လိုက်တဲ့အထဲမှာ ကန်ဒေါ်လာ ၁ သန်း ကနေ ၅ သန်းအထိ ကြားပမာဏရှိတဲ့ အရေအတွက် အတိအကျ မသိရတဲ့ ငွေပမာဏတခုကို လှူဒါန်းခဲ့တယ် ဆိုပြီး ”Honor Roll of Donors” အလှူရှင် စာရင်းမှာ ”Ms. Amber Heard” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ ဆိုရင် “ကျနော်တို့ဟာ ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သူတို့ရဲ့ ရက်ရောမှုအတွက် ထူးခြားတဲ့ အလှူရှင်တွေကို အသိအမှတ်ပြု ဂုဏ်ယူပါတယ်၊ ခင်ဗျားတို့ကို သက်ရောက်မှု ရှိစေခဲ့တဲ့ ဘဝတွေကို ပိုင်ဆိုင်တဲ့ ကလေးတွေနဲ့  မိသားစုတွေ အားလုံး၊ လော့စ်အင်ဂျလိစ် ကလေးများဆေးရုံမှ အားလုံးကိုယ်စား အထူးကျေးဇူး တင်ရှိပါတယ်” လို့ ဖော်ပြထားပါတယ်။

မင်းသား Johnny နဲ့ မင်းသမီး Amber တို့ဟာ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ကွာရှင်းစရိတ်ကို ဖြေရှင်းပြီးပြီလို့ ပူးတွဲ ကြေညာချက်တခုမှာ ပြောကြားခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ တရားဝင် အပြီးတိုင် ကွာရှင်းပြတ်စဲခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီနောက် မင်းသမီး Amber က အခုလို ပရဟိတ လှူဒါန်းမှုကို ပြုလုပ်ခဲ့တာလည်း  ဖြစ်ပါတယ်။

မင်းသား Johnny နဲ့ လမ်းခွဲချိန်ကနေစပြီးတော့ မင်းသမီး Amber ဟာ Space X ကုမ္ပဏီရဲ့ စီအီးအို Elon Musk နဲ့ အချစ်ဇာတ်လမ်းတွေ ရှိခဲ့ပြီး လမ်းခွဲခဲ့ကြပြန်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ ပြန်ပြေလည် ခဲ့ကြပေမယ့် ဒီနှစ် အစပိုင်းမှာပဲ ထပ်မံလမ်းခွဲ လိုက်ကြပြန်ပါတယ်။

Elon က ချစ်သူနဲ့ လမ်းခွဲ လိုက်ပြီ ဖြစ်ကြောင်း၊ နာကျင်ခံစားရကြောင်း၊ သူလမ်းခွဲချင်တာထက် မင်းသမီးဘက်မှ လမ်းခွဲလိုစိတ်ပို မိုများပြားကြောင်း မကြာသေးခင်ကပဲ  ပြောကြား ထားပါသေးတယ်။

Ref ; contactmusic

The post ကွာရှင်းစရိတ် အဖြစ်ရရှိတဲ့ ဒေါ်လာ ၇ သန်းထဲမှ တချို့တဝက်ကို မင်းသမီး Amber Heard လှူဒါန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ကရဝေး စိုက်ပျိုးနည်း


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ