Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Taylor Swift ရဲ့အထင်ကြီးသဘောကျမှု ရရှိစေရန် ပရိသတ်တဦး ဘဏ်ကို ဓားပြဝင်တိုက်ခဲ့

$
0
0

ကမ္ဘာကျော်အဆိုတော် Taylor Swift ရဲ့ “Look What You Made Me Do” (ကိုယ်မင်းအတွက် လုပ်ပေးတာကို ကြည့်လိုက်ပါ) သီချင်းစာသားထဲကလို ပရိသတ်တဦးက သူချစ်တဲ့အဆိုတော်အတွက် ရာဇဝတ်မှုတခုကို ကျူးလွန်လိုက် ပါတယ်။ အဲဒါကတော့ အသက် ၂၆ နှစ်အရွယ် Bruce Rowley ဆိုသူဟာ သူချစ်တဲ့ ကမ္ဘာကျော် စူပါစတား Taylor ရဲ့ အထင်ကြီးလေးစားမှုကို ခံယူရရှိစေဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဘဏ်တခုကို ဓါးပြဝင်တိုက်ခဲ့တဲ့အတွက် Ansonia မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဖမ်းဆီးခံလိုက်ရပါတယ် လို့ ကွန်နက်တီးကတ်ပြည်နယ် Ansonia မြို့ရဲတပ်ဖွဲ့က ပြောကြား လိုက်တာပဲ ဖြစ်ပါတယ်။

TMZ မီဒီယာရဲ့အဆိုအရ အဲဒီအမျိုးသားဟာ Connecticut ဘဏ်ကို ဝင်ရောက်ခဲ့ပြီးတော့ ဘဏ်ဝန်ထမ်းထံကနေ ငွေကို တောင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Rowley ဟာ လက်နက်ထုတ်တာမျိုး ၊ ခြိမ်းခြောက်တာမျိုး မလုပ်ခဲ့ပါဘူး။ ဘဏ် ဝန်ထမ်းကတော့ သူ့ကို အရေအတွက်အတိအကျမသိတဲ့ ငွေသားတချို့ပေးခဲ့ပါတယ်။ ရဲတွေရဲ့အဆိုအရ Rowley ဟာ Rhode Island မှာရှိတဲ့ Taylor ရဲ့ အိမ်ကို ကားနဲ့ မောင်းသွားခဲ့ပြီး အသက် ၂၈ နှစ်အရွယ် သူသဘောကျနှစ်ခြိုက်ရတဲ့ အဆိုတော်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုတော် Taylor က အိမ်မှာရှိမနေခဲ့ပါဘူး။ အဲဒီ နောက် Rowley ဟာ Taylor ရဲ့ အိမ်ခြံစည်းရိုးပေါ်ကနေ ပိုက်ဆံတချို့ကို ကြဲဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

ရဲတပ်ဖွဲ့ကတော့ Rowley ဟာ တကယ်ပဲ Taylor ရဲ့ အိမ်ကို သွားခဲ့သလားဆိုတာ အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပါ တယ်။ ဒါပေမယ့် Rowley ကို Rhode Island မှ ပြည်နယ်တပ်ဖွဲ့ဝင်တွေက မျက်မြင်တွေ့ရှိခဲ့ပြီးတော့ Connecticut ပြည်နယ် ပြန်လာရာလမ်းမှာ အနောက်ကနေ လိုက်လာခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ကိုတော့ ဒုတိယ အဆင့်ဓါးပြမှုနဲ့ စတုတ္ထအဆင့် ခိုးယူမှုတို့နဲ့ အမှုဖွင့်ထားပါတယ်။ သူ့ကို ဒေါ်လာ ၁ သိန်းနဲ့ အာမခံပေးထားပြီ ဖြစ်ပါတယ်။ TMZ မီဒီယာ ကနေ ရရှိခဲ့တဲ့ ရဲတပ်ဖွဲ့အစီရင်ခံစာမှာဆိုရင် Rowley ဟာ Taylor ကို အင်မတန်ကြိုက်နှစ်သက်တဲ့အကြောင်း ရဲတပ်ဖွဲ့ ထံမှာ ထပ်ခါတလဲလဲ ပြောဆိုနေခဲ့ပြီးတော့ Taylor ရဲ့ အချစ်ကိုပြန်ရဖို့အတွက် ဘဏ်ကနေ သူခိုးလာခဲ့တဲ့ ငွေထဲက အချို့ကို Ansonia ရဲဌာနထံကို လှူဒါန်းဖို့ စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး Taylor ရဲ့ အစွန်းရောက်ပရိသတ်တဦးနဲ့ ကြုံတွေ့ရတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်မှာလည်း အဆိုတော် Taylor ပိုင်ဆိုင်တဲ့ လော့စ်အင်ဂျလိစ်မြို့က အိမ်ထဲကို ခိုးဝင်လို့ အခြားအမျိုးသားတဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့ရသေးပါဘတယ်။ လော့စ်အင်ဂျလိစ်ကောင်တီခရိုင် ရှေ့နေရုံးက အသက် ၂၃ နှစ်အရွယ် Justin Lilly ဆိုသူဟာ အိမ်နံရံကိုတွယ်တက်ပြီး ရဲတပ်ဖွဲ့ရဲ့ ထွက်ခွာဖို့ သတိပေးချက်ကို လျစ်လျူရှုခဲ့ပြီးတဲ့နောက် သီးသန့် အိမ်ထဲကနေ ထွက်ခွာသွားဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရတဲ့ အကြောင်း ပြော ဆို ထားပါတယ်။ အဲဒီလို ပရိသတ်တယောက် အိမ်ထဲကို ကျူးကျော်ဝင်ရောက်လာစဉ် အိမ်ထဲမှာ Taylor ရှိ၊ မရှိ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

Ref: aceshowbiz

The post Taylor Swift ရဲ့အထင်ကြီးသဘောကျမှု ရရှိစေရန် ပရိသတ်တဦး ဘဏ်ကို ဓားပြဝင်တိုက်ခဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...