Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဧပြီလ၂၀ ရက်နေ့မှ စတင်ကာ Myanmar Idol Season3 ပြသမည်

$
0
0

မြန်မာပြည်မှာ အအောင်မြင်ဆုံး သီချင်းဆိုပြိုင်ပွဲလို့ ပြောရမယ့် Myanmar Idol သီချင်းသီဆိုပြိုင်ပွဲ Season3 ကို လာမယ့် သောကြာနေ့က စတင်ပြီး ထုတ်လွင့်ပြသပေးတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် Myanmar Idol က မြန်မာပြည်အနှံ့ မြို့ကြီး ၅ မြို့က အဆိုဝါသနာရှင်များကို အသံစစ်ဆေးပြီး သွားရောက်ရွေးချယ်ထားတယ် လို့သိရပါတယ်။ ရန်ကုန်မြို့ ကြီးအပါအဝင် မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မကွေး မြို့တွေမှာ သွားရောက်ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဒိုင်တွေ ကတော့ ဒီနှစ်မှာ မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင် နဲ့ တင်ဇာမော်တို့ ဖြစ်ကြပါတယ်။ ယခင်နှစ်တွေက အကဲဖြတ်ဒိုင် ၃ ဦး ပါဝင်ပေမယ့် ဒီနှစ်မှာတော့ အကဲဖြတ်ဒိုင် ၄ ဦး ဖြစ်လာပါတယ်။

စီစဉ်တင်ဆက်သူအဖြစ်ကတော့ ယခုအခါ ပရိသတ်အခိုင်အမာ ရရှိထားပြီဖြစ်တဲ့ တင်ဆက်သူ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်။ Myanmar Idol Season1 ကစတင်ပြီး ပရိသတ်စိတ်ဝင်စားမှုခံရဆုံးနဲ့ ဝေဖန်မှု ခံရဆုံးဖြစ်တဲ့ Myanmar Idol အဆိုပြိုင်ပွဲကတော့ Season3 အထိ ရောက်ရှိလာတဲ့အထိ အောင်မြင်ရရှိထားတဲ့ ပြိုင်ပွဲတခုပါ။ ဒါ့အပြင့် အကဲဖြတ်ဒိုင်များ ရဲ့ ပြိုင်ပွဲဝင်များကို ဆုံးဖြတ်ပေးတဲ့စကားသံများကလည်း ပရိသတ်များကြား စိတ်ဝင်စားကြပြီး ကြိုက်နှစ်သက်ကြမှုနဲ့ အတူ ဝေဖန်ခံရမှုကိုလည်း ရရှိထားတယ်လို့ ပြောနိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ Season1 Winner အဖြစ် စောလားထော်ဝါး ရရှိခဲ့ပြီး Season2 Winner အဖြစ်တော့ သားငယ်က ရရှိခဲ့ပါတယ်။

ပြိုင်ပွဲဝင်များအတွက် ချီးမြှင့်ပေးတဲ့ ဆုကြေးငွေကလည်း မြင့်မားပြီး ဒီပြိုင်ပွဲကနေတဆင့် အဆိုတော်ဖြစ်ဖို့ အလား အလာကောင်းတဲ့အတွက် Myanmar Idol အဆိုပြိုင်ပွဲက ပရိသတ်တင်မကဘဲ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်များ အနေနဲ့လည်း ယှဉ်ပြိုင်မှု ပြင်းထန်တယ်တဲ့ ပြိုင်ပွဲတခုလည်း ဖြစ်ပါတယ်။ မြန်မာနှစ်ဆန်း တရက်နေ့မှာတော့ Myanmar Idol က မြို့ကြီး ၅ မြို့မှာ အကဲဖြတ်ဒိုင်တွေနဲ့အတူ သွားရောက်အသံစစ် ရွေးချယ်ခဲ့တယ်ဆိုပြီး ပြသခဲ့ကာ လာမယ့် သောကြာနေ့ ဧပြီလ ၂၀ ရက်နေ့မှာတော့ မန္တလေးမြို့ရဲ့ အသံစိစစ်မှုနဲ့ ရွေးချယ်မှု အဆင့်ဆင့်ကို MNTV နဲ့ Channel9 ကနေ ည ၉ နာရီက စတင်ပြီးအပတ်စဉ် သောကြာနေ့တိုင်း ပြသပေးတော့မှာ ဖြစ်ပါတယ်။

The post ဧပြီလ၂၀ ရက်နေ့မှ စတင်ကာ Myanmar Idol Season3 ပြသမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...