Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၈၆သိန်းတန်ပတ္တမြားလက်စွပ်လှူဒါန်းခဲ့တဲ့ မိတ်ကပ်မေဦး တို့ စုံတွဲ

$
0
0

မိတ်ကပ်ပညာရှင် မေဦးနဲ့ ချစ်သူဖြစ်တဲ့ ဟန်လင်းတို့ဟာ မြန်မာနှစ်ဆန်းတရက်နေ့မှာ နှစ်သစ်ကူးအလှူအဖြစ် သူတို့ ၂ဦးရဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့ စုစုပေါင်းတန်ဖိုး ၈၆ သိန်းရှိတဲ့ လက်စွပ်နှစ်ကွင်းကို ဗိုလ်တထောင်ဘုရားမှာ ဌာပနာပြုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သတ်လို့ မိတ်ကပ်မေဦးက “မေဦးတန်ဖိုးထား အမြတ်တနိုးဝတ်ဆင်ဖို့ ကျန်ခဲ့တဲ့၂နှစ်လောက်က ဝယ်ထား ခဲ့တဲ့ ပတ္တမြားလက်စွပ်နဲ့ ဦးဟန်လင်းရဲ့ လက်စွပ်လေး (စုစုပေါင်း ငွေကျပ် ရှစ်ဆယ့်ခြောက်သိန်းကျပ်တိတိ) ကို ဗိုလ်တထောင်ဆံတော်ရှင်မြတ်ကြီးမှာ နှစ်ဆန်းတရက်နေ့အလှူအဖြစ် ဌာပနာပြုလှူဒါန်းခဲ့ပါတယ်။ နတ်လူသာဓု ခေါ်နိုင်ကြပါစေ။” လို့ မေဦးက သူရဲ့Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လိင်တူချစ်သူတွေဖြစ်ကြတဲ့ သူတို့၂ဦးကတော့ အလှူအတန်းများကို မကြာခဏလုပ်လေ့ရှိပြီး လူအများကလည်း ချစ်ခင်စရာစုံတွဲလေးအဖြစ် သဘောကျကြပါတယ်။ မိတ်ကပ်ပညာရှင်မေဦးကတော့ မြန်မာပြည်ရဲ့ ထိတ်တန်းမိတ်ကပ်ပညာရှင်တဦးထဲတွင် တယောက် အပါအဝင်လည်း ဖြစ်ပါတယ်။

The post ၈၆သိန်းတန်ပတ္တမြားလက်စွပ်လှူဒါန်းခဲ့တဲ့ မိတ်ကပ်မေဦး တို့ စုံတွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles