Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ချစ်ခြင်းမေတ္တာရဲ့ ရိုးရှင်းမှုကို ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်း Barfi! (2012)

$
0
0

ဒီတခါမှာတော့ IMDB rating (8.1) ရရှိထားပြီး ဒါရိုက်တာ Anurag Basu ရိုက်ကူးထားတဲ့ Barfi ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်းလေးတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားကောင်းတကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့စစချင်းအဖွင့်မှာ Barfi ဆိုတဲ့ ဆွံအနားမကြားတဲ့ကောင်လေးကို အိုမင်းနေတဲ့ အဘိုးအို တယောက်အသွင်နဲ့ တွေ့မြင်ရမှာဖြစ်ပြီး အဲဒီကစလို့ တဖြည်းဖြည်းချင်းအတိတ်ကို ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။ စုံထောက်အရာရှိ Dutta ဟာ Barfie ကို ဘဏ်ဖောက်ထွင်းမှုနဲ့လိုက်လံ ဖမ်းဆီးနေပြီး Barfie တယောက်ဘဏ်ဖောက်မှုနဲ့ အချုပ်ခန်းထဲကို ရောက်သွား ပါတော့တယ်။ ဘဏ်ဖောက်ထွင်းမှုရဲ့ နောက်ကွယ်က Barfie ရဲ့ အတိတ်ဇာတ်လမ်းတွေကိုတော့ တဖြည်းဖြည်းချင်း ကြည့်ရှှု့ရမှာ ဖြစ်ပြီး Barfie တယောက် အချုပ်ခန်းထဲရောက်နေချိန်မှာ Shruti ဆိုတဲ့ အိမ်ထောင်ရှိ အမျိုးသမီးလေးက Barfie ကိုလာရောက်တွေ့ဆုံခဲ့ပြီး သူမဟာ မိဘသဘောမတူတာကြောင့် Barfie နဲ့ ဖူးစာလွဲခဲ့သူလည်းဖြစ်ပါတယ်။

Shruti နဲ့ ဖူးစာလွဲခဲ့ပြီးနောက်ပိုင်းမှာ မိဘချမ်းသာပေမယ့် ဆွံ့အနားမကြားတဲ့ရောဂါသည်လေး ဖြစ်တာကြောင့် စွန့်ပစ်ခံ ခဲ့ရတဲ့ Jhilmil ဆိုတဲ့ ကောင်မလေးနဲ့ Barfieတယောက် သံယောဇဉ်တွယ်ခဲ့ပါတယ်။ မိဘသဘောတူသူနဲ့ လက်ထပ်လိုက် ရပေမယ့် Barfie ကိုဆက်ချစ်နေသေးတဲ့ Barfie ရဲ့အချစ်ဦး Shruti ၊ Burfie နဲ့ Jhilmil တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ကို ရိုးရိုးရှင်းရှင်းပဲ ဒါရိုက်တာက ရိုက်ကူးပြသထားပါတယ်။ ဒီဇာတ်ကားဟာ အိန္ဒိယဇာတ်ကားတွေရဲ့ ထုံးစံလိုဖြစ်နေတဲ့ အကတွေနဲ့ သီချင်းတွေကို ပါဝင်ထည့်သွင်းရိုက်ကူးထားခြင်းမရှိဘဲ မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra တို့ရဲ့ သဘာဝကျကျသရုပ်ဆောင်မှုတွေနဲ့ ကောင်းမွန်လှတဲ့ နောက်ခံတေးဂီတ ပံပိုးမှုတွေကပါ ကြည့်ရှုသူ ပေး ရတဲ့ အချိန်တွေကို တန်ဖိုးရှိစေမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဆုရရှိမှုမှာရော Box Office မှာပါ စံချိန်တင်စာရင်းဝင်ခဲ့တဲ့၊ ဘောလိဝုဒ်ရုပ်ရှင် သမိုင်းကြောင်းကို အချိုးအကွေ့ဖြစ်စေတဲ့ ဇာတ်ကားကောင်း တကားလည်း ဖြစ်ပါတယ်။ ၂၁၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားမှာပါဝင်တဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်မှုတွေဟာ သိမ်မွေ့ထိရှလှတာကြောင့် ဘောလိဝုဒ်ဇာတ်ကား ကောင်း ချစ်သူတွေအတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။

The post ချစ်ခြင်းမေတ္တာရဲ့ ရိုးရှင်းမှုကို ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်း Barfi! (2012) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...