Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော်ကြီး Prince သေဆုံးမှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးအမှုကို ပိတ်သိမ်း

$
0
0

အဆိုတော်ကြီး Prince သေဆုံးမှုနဲ့ ပတ်သက်တဲ့ စုံစမ်းဖော်ထုတ်နေတဲ့အမှုကို ရာဇဝတ်မှု စွဲချက်တင်တာ မရှိဘဲ ပိတ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ Carver County ရှေ့နေ Mark Metz က ဆိုပါတယ်။

‘Purple Rain’ သီချင်းအဆိုတော်ကြီး Prince ဟာ မင်နီဆိုးတားပြည်နယ်၊ Paisley Park မှာရှိတဲ့ သူ့နေအိမ်မှာပဲ fentanyl မတော်တဆ ဆေးလွန်ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ အသက် ၅၇ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အချိန်မတန်ဘဲ ကွယ်လွန်ခဲ့တာ ၂ နှစ်ကြာမြင့်ခဲ့ပေမယ့်လည်း လူတဦး တယောက်ကိုမျှ တရားစွဲဆိုနိုင်ခဲ့တာ မရှိဘဲ အမှုကို ပိတ်သိမ်း ခဲ့တာလည်း ဖြစ်ပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ရှေ့နေ Mark Metz က “ အထူးကြပ်မတ်ထားတဲ့ ဥပဒေ စိုးမိုးရေး စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ပေမယ့်လည်း fentanyl တွေပါဝင်တဲ့ Vicodin ဆေးအတုကို Prince က ဘယ်လိုရရှိခဲ့သလဲဆိုတာ ဒါမှမဟုတ် အဲဒီ Vicodin ဆေးအတုကို ဘယ်သူက Prince ကိုပေးခဲ့တာလဲဆိုတဲ့ ယုံကြည်ရလောက်တဲ့ သက်သေမရှိပါဘူး၊ ဒါ့ကြောင့် ဖြစ်နိုင်ချေအကြောင်းပြချက်နဲ့ သံသယရှိသူ မရှိလို့ Carver County ရှေ့နေရုံးက Prince ရဲ့ သေဆုံးမှုနဲ့ သက်ဆိုင်တဲ့ မည်သည့် ရာဇဝတ်မှု စွဲချက်ကိုမှာ စွဲဆိုနိုင်ခဲ့တာ မရှိပါဘူး ” လို့ ပြောကြားထားပါတယ်။

အဆိပ်စမ်းစစ်ချက် အစီရင်ခံစာထဲမှာတော့ Prince ကွယ်လွန်ချိန်မှာ သူ့ခန္ဓာကိုယ်ထဲ fentanyl ပမာဏ မြင့်မားနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြခဲ့ပြီးတဲ့နောက် အမှုကို ပိတ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ Prince နဲ့ နီးစပ်တဲ့ Fleetwood Mac အဆိုတော် Stevie Nicks ကတော့ ကွယ်လွန်သူအဆိုတော် Prince ဟာ ဆေးလွန်တာဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ နှစ်မှာပဲ ပြောဆိုထားပါတယ်။

သူက “ကျမရဲ့ ချစ်မြတ်နိုးရတဲ့သူက ဘာကြောင့် အဲဒီလောက်သောက်လိုက်လဲ မသိပါဘူး၊ ဒါမှမဟုတ် တမင် ရည်ရွယ်ချက်ရှိရှိ သောက်လိုက်တာလား၊ မတော်တဆ အများကြီး သောက်မိသွားတာလားဆိုတာ မသိရပါဘူး” လို့ ပြောပါတယ်။

အသက် ၆၉ နှစ်အရွယ် အဆိုတော် Stevie က Prince ဟာ ၁၉၉၆ ခုနှစ်မှာ သားဖြစ်သူ Ahmir မွေးဖွားပြီး တပတ် အတွင်းမှာပဲ သေဆုံးခဲ့ပြီးတဲ့နောက် သားသမီးနဲ့ လက်တွဲဖော် မရှိခဲ့တဲ့အတွက် အထီးကျန်နေခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

Stevie က “ကျမတို့ ဒီအသက်ဒီအရွယ်ရောက်လာတဲ့အချိန်မှာ သူက ကျမထက် ငယ်ပါတယ်၊ ကျမက စံချိန်တွေလည်း ဒီထပ်တင်နိုင်မှာမဟုတ်တော့ဘူး၊ ကျမ ကျန်းမာရေး အခြေအနေကြောင့် နယ်လှည့်ဖျော်ဖြေပွဲလည်း လုပ်နိုင်မှာ မဟုတ်တော့ဘူး၊ သူက လက်မထပ်ရသေးဘူး၊ ကလေးလည်းမရှိဘူး၊ တယောက်တည်းနေတဲ့သူဖြစ်တဲ့အတွက် လူတချို့နဲ့ အပြင်ထွက်မလည်နိုင်ဘူးလေ” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ref : cotactmusic

The post အဆိုတော်ကြီး Prince သေဆုံးမှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးအမှုကို ပိတ်သိမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ