Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုံဝင်ငွေအများဆုံး နံပါတ် ၁ နေရာကို ‘A Quiet Place’ ရုပ်ရှင်ပြန်လည် သိမ်းပိုက်

$
0
0

သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်တဲ့  “A Quiet Place”  ဟာ  မြောက်အမေရိကန်ရုံဝင်ငွေ စာရင်းမှာ ထိပ်ပိုင်းနေရာကို  ပြန်လည်ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မင်းသား John Krasinski နဲ့ မင်းသမီး Emily Blunt တို့ပါဝင်ထားတဲ့ အဲဒီ ရုပ်ရှင်ဟာ အသံနဲ့ ခြောက်လှန့်တတ်တဲ့ မကောင်းဆိုးရွား  တွေရန်ကနေ ကာကွယ်နေထိုင်ရတဲ့  တိတ်ဆိတ်အေးချမ်းစွာ နေလိုကြတဲ့  မိသားစုတခုအကြောင်း  ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ဟာ ဧပြီလအစောပိုင်းက စတင်ပြသခဲ့တဲ့သီတင်းပတ်မှာပဲ ဇယားထိပ်ပိုင်းမှာ  ရောက်ရှိခဲ့ပါတယ်။  အဲဒီနောက် ဧပြီ ၁၅ ရက်မှာပြသပြီးခဲ့တဲ့ မင်းသား Dwayne ‘The Rock’ Johnson ရဲ့ “Rampage” ရုပ်ရှင်ထံ နံပါတ် ၁ နေရာကို  လွှဲပေး ခဲ့ရပါတယ်။

ဒါပေမယ့် “A Quiet Place” ရုပ်ရှင်တာ တတိယမြောက်သီတင်းပတ်မှာ ရုံဝင်ငွေ ဒေါ်လာ ၂၂ သန်းနဲ့ နံပါတ် ၁ နေရာကို  ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး စုစုပေါင်းဒေါ်လာ ၁၃၂ သန်း ရုံဝင်ငွေ ရရှိထားပြီး ဖြစ်ပါတယ်။ “Rampage” ရုပ်ရှင် ကတော့ ဒေါ်လာ ၂၁ သန်းနဲ့ ဒုတိယနေရာနဲ့ မင်းသမီး Amy Schumer ရဲ့ ဟာသဇာတ်မြူး ရုပ်ရှင်သစ် “I Feel Pretty” က ဒေါ်လာ ၁၆ ဒသမ ၂ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

စတုတ္ထနေရာမှာ ရှိနေတာက၂၀၀၂ ခုနှစ်က အောင်မြင်ခဲ့တဲ့ ဟာသဇာတ်မြူးရုပ်ရှင် နောက်ဆက်တွဲ ဇာတ်လမ်း တခု ဖြစ်တဲ့ “Super Troopers 2” ဖြစ်ပြီး ဒီကားဟာ  ဝေဖန်သူတွေရဲ့ ဆိုးရွားတဲ့ လက်ခံမှုကို ရရှိထားပေမယ့်  ရုံဝင်ငွေ  ဒေါ်လာ ၁၄  ဒသမ ၇ သန်းရရှိထားထားပါတယ်။ မင်းသမီး Lucy Hale ပါဝင်ထားတဲ့ “Truth or Dare” ရုပ်ရှင်ကတော့ ဒုတိယမြောက် ရုံတင် သီတင်းပတ်မှာပဲ ဝင်ငွေ ဒေါ်လာ ၇ ဒသမ ၉ သန်းနဲ့ ထိပ်တန်းရုပ်ရှင်း ၅ ကားစာရင်းမှာ  ပါဝင်ခဲ့ ပါတယ်။

အခုသီတင်းပတ်ရဲ့ ဧပြီ ၂၇ ရက်သောကြာနေ့မှာဆိုရင် “Avengers: Infinity War” ရုပ်ရှင်ကို စတင်ရုံတင်  ပြသတော့ မှာဖြစ်ပြီး ရုံစတင်တဲ့သီတင်းပတ်မှာပဲ ဒေါ်လာ သန်း ၂၀၀ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယိ့ အခုလို တာ ထွက်ကောင်းဖို့ မျှော်လင့်ထားတဲ့ Marvel ရုပ်ရှင်က ဒီတခုတည်း မဟုတ်ပါဘူး။ စူပါဟီးရိုး ရုပ်ရှင်တခုဖြစ်တဲ့ “Deadpool 2” ရုပ်ရှင်ဟာ ယခုနှစ်အတွက် လက်မှတ်ကြိုတင်ရောင်းချရမှုအများဆုံး ရုပ်ရှင်စာရင်းမှာဆိုရင်  “Avengers: Infinity War” နဲ့ “Black Panther” ရုပ်ရှင်တို့ရဲ့ အနောက်မှာ ရပ်တည်နေပါတယ်။ Deadline မီဒီယာရဲ့ အဆိုအရ ကုမ္ပဏီရဲ့ ၁၈ နှစ်သမိုင်းမှာ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့  “Fifty Shades of Grey”  ရုပ်ရှင်ပြီးရင် တောင်းဆိုမှုအများဆုံး R အဆင့် သတ် မှတ်ခံတဲ့ ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။

aceshowbiz

The post ရုံဝင်ငွေအများဆုံး နံပါတ် ၁ နေရာကို ‘A Quiet Place’ ရုပ်ရှင်ပြန်လည် သိမ်းပိုက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles