Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အရိပ်” ဇာတ်ကားမှာ စုစုလှိုင်အဖြစ် မေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်မည်

$
0
0

တချိန်က နာမည်ကြီးဇာတ်ကားတကားဖြစ်တဲ့ အရိပ် ဆိုတဲ့ ဇာတ်ကားကို ယခုအခါမှာ ပြန်လည်ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။ နာမည်ကြီး ဇာတ်ကား အရိပ် မှာ အဓိက ဇာတ်ကောင် စုစုလှိုင် ဆိုတဲ့ ဇာတ်ကောင်ကို မင်းသမီး ပန်းဖြူက သရုပ်ဆောင်ခဲ့ပြီး အဲဒီဇာတ်ကားကနေ နာမည်ရလာခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ဒီဇာတ်ကားနဲ့ပဲ ပန်းဖြူက ၁၉၉၇ခုနှစ်မှာ အကယ်ဒမီဆုကို ရရှိခဲ့ပါသေးတယ်။

ယခုအခါ ပြန်လည်ရိုက်ကူးမယ့် အရိပ်ဇာတ်ကားမှာတော့ စုစုလှိုင်နေရာ အရင် ပန်းဖြူ သရုပ်ဆောင်ခဲ့တဲ့ နေရာမှာ မင်းသမီးမေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပါဝင်သရုပ်ဆောင်ရမယ့် စုစုလှိုင်ဇာတ်ကောင်အတွက် ပါဝင်သရုပ်ဆောင်မယ့် မေမြင့်မိုရ်က “ရင်ခုန်ခဲ့ရတဲ့ ခုထိ ရင်ခုန်နေဆဲဖြစ်တဲ့ ဇာတ်ကောင် လေး စုစုလှိုင်” ဆိုပြီး သူမရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။

ဇာတ်လမ်းကတော့ လူကုံတန်အသိုင်းအဝိုင်းထဲမှာကြီးပြင်းလာပြီး မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် စိတ်ဒဏ်ရာ ရရှိနေတဲ့ မိန်းမငယ်တဦး ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စုစုလှိုင်ရဲ့ မိခင်နေရာမှာ ပထမ အရိပ်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ စိုးမြတ်သူဇာကပဲ ထပ်မံသရုပ်ဆောင်မှာဖြစ်ပြီး ဖခင်နေရာမှာတော့ အရင်က သရုပ်ဆောင်ဇော်လင်းဖြစ်ပြီး ယခုအခါမှာတော့ သရုပ်ဆောင် ရန်အောင်က ပါဝင် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို MRTV 4 ကနေ ဇာတ်လမ်းတွဲအနေနဲ့ ရိုက်ကူးထုတ်လွင့်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

The post “အရိပ်” ဇာတ်ကားမှာ စုစုလှိုင်အဖြစ် မေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ