နာမည်ကျော် မော်ဒယ် Kylie Jenner ရဲ့ ကိုယ်ရံတော် Tim Chung ဟာ အခု Kylie ရဲ့ သမီးလေး Stormi Webster ရဲ့ အဖေရင်းဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ပရိသတ်တွေကြားမှာ ပျံ့နှံ့လာခဲ့ချိန်ကစလို့ အများရဲ့ အာရုံစူးစိုက်မှုကို ခံနေရပြီး သူ့အစ်မဖြစ်သူကတော့ အဲဒီလိုမျိုး ကောလာဟလတွေအပေါ် တုန့်ပြန်ပြောဆို ထားပါတယ်။
Kylie Jenner ဟာ သူကိုယ်ဝန်လွယ်ထားရတယ်လို့ သတင်းတွေပျံ့နှံ့ပြီး လပေါင်းများစွာကြာပြီးတဲ့ နောက် ချစ်သူ Travis Scott ရဲ့ ရရှှိတယ်လို့ဆိုတဲ့ ပထမဆုံးရင်သွေးလေးကို ဒီနှစ် ဖေဖော်ဝါရီလထဲမှာ မွေးဖွားခဲ့တာပါ။
အခုအချိန်မှာတော့ အဲဒီသမီးလေး Stormi Webster ရဲ့ ဓာတ်ပုံတွေကို Instagram မှာ တင်ရာကနေ တဆင့် ကလေးဟာ ချစ်သူ Scott နဲ့ ရုပ်ရည် မတူဘဲ Kylie ရဲ့ အနီးကပ်ကိုယ်ရံတော် မော်ဒယ် Tim Chung ရဲ့ ရုပ်ရှည် အသွင်အပြင်နဲ့ ဆင်တူနေတာကစလို့ သတင်းတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ကောလာဟလတွေ အကြီးအကျယ် ထွက်ပေါ်နေချိန်မှာပဲ Tim ရဲ့ အစ်မဖြစ်သူ Jenny ကတော့ သူ့မောင်ဖြစ်သူဟာ Stormi ရဲ့ ဖခင်ရင်းဖြစ်တယ်လို့ မယုံကြည်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းကိုလည်း သူမသိဘူးလို့ ဆိုလိုက်ပါတယ်။
အခုလိုမျိုး Tim ရဲ့ အစ်မဖြစ်သူက အဲဒီသတင်းတွေကို ကြားသိထားခြင်း မရှိတဲ့အကြောင်း ပြောထားပေမယ့် သတင်းတွေ ပျံ့နှံ့မှုအရှိန်အဟုန်က နှေးမသွားပါဘူး။ Kylie အပြင်ထွက်ချိန်တခုမှာ Tim နဲ့အတူ တွဲပြီး တွေ့လိုက်ရတဲ့ ဓာတ်ပုံတခုနဲ့ Stormi ရဲ့ ဓါတ်ပုံတွေကို နှိုင်းယှဉ်ပြီး ပြီးခဲ့တဲ့ အပတ်မှာ အခုလိုမျိုး ကောလာဟလတွေ စတင်ခဲ့ပေမယ့် Twitter သုံးစွဲသူ တချို့ကတော့ အခုကောလာဟလဟာ အမှန်ဖြစ်နိုင်တယ်လို့ တထစ်ချ ယုံကြည်ထားသူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် Kylie ရဲ့ကလေးဟာ ချစ်သူနဲ့ရတာလား၊ ကိုယ်ရံတော်နဲ့ရတာလားဆိုတဲ့ အဖြစ်မှန်ကို ဇဝေဇဝါဖြစ်နေတဲ့သူတချို့လည်း ရှိနေပါတယ်။
အခုလိုမျိုး ဖြစ်နိုင်ချေသတင်းတွေက ပြီးခဲ့တဲ့သီတင်းပတ်ကို လွှမ်းမိုးခဲ့ပေမယ့် Kylie နဲ့ Travis တို့ကိုတော့ စိတ်ရှုပ်ရလောက်စေတဲ့ အနေအထားမျိုးအထိ ရောက်ခဲ့ဟန်မတူပါဘူး။ အကြောင်းကတော့ သူတို့နှစ်ဦးဟာ အခုထိ တပူးတွဲတွဲ ရှိနေတုန်းကြောင့်ပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ မေ ၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ 2018 Met Gala ကို နှစ်ဦးသား တက်ရောက်ခဲ့ပြီးတော့ အဲဒီမတိုင်ခင်မှာလည်း သမီးလေး Stormi နဲ့အတူ အားလပ်ရက် အပန်းဖြေခရီး ထွက်ခဲ့ကြပါသေးတယ်။
Ref; hollywoodlife
The post ပထမဆုံး ရင်သွေးလေးကို အနီးကပ်ကိုယ်ရံတော်နဲ့ ရခဲ့တာလို့ သတင်းထွက်နေတဲ့ Kylie Jenner appeared first on ဧရာဝတီ.