Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မေမေ့ကြောင့် နေ့တိုင်းပြုံးပျော်ခွင့်ရတယ် လို့ဆိုတဲ့ အဆိုတော် နီနီခင်ဇော်

$
0
0

ဒီနေ့မှာကျရောက်တဲ့ အမေများနေ့နဲ့ ပတ်သတ်လို့ မိခင်ဖြစ်သူနဲ့ အမှတ်တရ တွေ ရှိနေတယ်လို့လည်း အဆိုတော် နီနီခင်ဇော်က ဧရာဝတီကို ဆိုပါတယ်။ နီနီခင်ဇော်က “နီနီ့အတွက်ကတော့ နေ့တိုင်းဟာ အမေများနေ့ပါပဲ ။ မေမေ့ကြောင့်ပဲ နီနီဟာ နေ့တိုင်း ပြုံးပျော်ခွင့်ရတယ်။ ရှင်သန်ခွင့်ရတယ် ။ အမေ့ကြောင့်အမှန်တွေကို တွေးတောခွင့်ရတယ် ။ ဒါကြောင့်လည်း နေ့တိုင်းဟာအမေများနေ့ ဖြစ်တဲ့အတွက် အမေ့ကိုရှိခိုးပါတယ်။ အမေများနေ့မှာလည်း ရှိခိုးပါတယ်။ နေ့ရက်တိုင်းမှာလည်း ရှိခိုးပါတယ်” လို့ ဧရာဝတီကို ဆိုပါတယ်။

မိခင်ကို ချစ်တဲ့ သားသမီးတယော်ဖြစ်တဲ့ အဆိုတော်နီနီခင်ဇော်က သူရဲ့ မိခင်ပေါ်ထားရှိတဲ့ စိတ်ထားနဲ့ ပတ်သတ်လို့လည်း အခုလို ဆိုပါတယ်။ “အခု နီနီကြိုးစားတယ်ဆိုတာလည်း အမေ့ကြောင့်ပါပဲ ။ အမေပျော်မယ်လို့ထင်ပါတယ်” လို့ ဆိုပါတယ်။

နီနီခင်ဇော်ရဲ့ အမေများနေ့အတွက်အစီအစဉ်နဲ့ ပတ်သတ်ပြီး “တခြား မှတ်မှတ်ရရရယ်လို့တော့မရှိပါဘူး။ အမေ့ကိုမွေးနေ့ဆိုရင်လည်း Suprise တွေလုပ်ပေးဖြစ်တယ်။ ဒီနှစ်အမေများနေ့ကိုတော့ The Voice နဲ့အတူ ဖြတ်သန်းရမှာ ပေါ့နော်။ အမေ့ကို The Voice ခေါ်ပြီးတော့လေ ။အမေများနေ့က တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ပုံမှန်အလုပ်တွေပဲ လုပ်ဖြစ်ပါတယ်။ အမေများနေ့မှာမို့ အမေ့ကိုပိုချစ်တယ်လို့ မရှိပါဘူး။ နေ့တိုင်းချစ်ပါတယ်။”လို့ ပြောပြခဲ့ပါတယ်။

အဆိုတော်နီနီခင်ဇော်က လတ်တလောမှာ The Voice ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်လူကြီး အဖြစ် ဆောင်ရွက်နေပြီး ဒီအစီအစဉ်ကလည်း ပရိသတ်အားပေးမှု အများကြီး ရရှိထားပါတယ်။

The post မေမေ့ကြောင့် နေ့တိုင်းပြုံးပျော်ခွင့်ရတယ် လို့ဆိုတဲ့ အဆိုတော် နီနီခင်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...