Quantcast
Viewing all articles
Browse latest Browse all 7343

ကိုရီးယား ရုပ်သံ အစီအစဉ်တခုမှာ ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ မင်းသား Ryan Reynolds

ဟောလိဝုဒ်မင်းသား Ryan Reynolds ဟာ ကိုရီးယား ရုပ်သံ အစီအစဉ်တခုဖြစ်တဲ့ “King of Mask Singer” မှာ Annie ဆိုတဲ့ ရုပ်ရှင်ထဲက “Tomorrow” သီချင်းကို အဿထိုရ်မြင်း (Unicorn) ပုံစံဝတ်ဆင်ပြီးတော့ သီဆိုခဲ့တဲ့အတွက် ကိုရီးယားဒိုင်တွေနဲ့ ပရိသတ်တွေကို အံ့အားသင့် စေခဲ့ပါတယ်။

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ မွေးဖွားခဲ့တဲ့ မင်းသား Reynolds ဟာ  တောင်ကိုရီးယားက  နာမည်ကျော် ဂီတပညာ ရှင်တွေက မျက်နှာကို ဘယ်သူမှန်း မသိအောင် ဖုံးကွယ်ပြီး ယှဉ်ပြိုင်ကြတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ရာကနေ ပရိသတ်တွေက  ရောက်လာမယ်လို့ မထင်မှတ်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အခုလိုမျိုး အံ့သြခဲ့ကြတာလည်း  ဖြစ်ပါတယ်။

ဒိုင်တွေနဲ့ ပရိသတ်တွေဟာ မျက်နှာဖုံးတပ်ပြီး သီချင်းသီဆိုသူကို  ကြိုတင်သိရှိနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ သီဆိုသူရဲ့ အင်္ဂလိပ်စာ သား အသံထွက်နဲ့ သီဆိုဟန်ကို သဘောကျ နှစ်ခြိုက်နေခဲ့ကြတာပါ ။ မင်းသား Reynolds ဟာ သီချင်းဆိုပြီးတဲ့နောက် မျက်နှာလုံးကို ဖယ်လိုက်ချိန်မှာတော့ အခန်းထဲမှာ ရှိတဲ့ လူတိုင်းဟာ ကမ္ဘာကျော် မင်းသားတဦးကို ထင်မှတ်မထားဘဲ  မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရမှုကြောင့် ဆူညံပွက်လော ရိုက်ခဲ့ပါတယ်။

ဟောလိဝုဒ် အနုပညာလောကမှာ လက်ရှိလုပ်ငန်းတွေ လုပ်ကိုင်နေဆဲ မင်းသားတလက် ဖြစ်တဲ့အတွက်  အခုလို အစီအစဉ် တခုကို ရောက်ရှိ လာတာဟာ အံ့သြစရာတော့ မဟုတ်ပေမယ့် Deadpool မင်းသား Reynolds ရဲ့ သီချင်းဆို စွမ်းရည်က အံ့သြစေခဲ့တာလို့ တက်ရောက်လာတဲ့ ပရိသတ်တချို့က ဆိုပါတယ်။ မင်းသားဟာ အဲဒီအစီအစဉ်မှာ ယှဉ်ပြိုင်ခဲ့တာ မဟုတ်ပေမယ့် မကြာမီကိုရီးယားမှာ ရုံတင်ပြသတော့မယ့် Deadpool နောက်ဆက်တွဲ ရုပ်ရှင် ပရိုမိုးရှင်း အတွက် အထူးဧည့်သည်တော် အနေနဲ့ တက်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ်၊ မင်းသား Ryan Reynolds ဟာ  လက်ရှိမှာတော့  အဲဒီရုပ်ရှင် ပရိုမိုးရှင်းအတွက်  နိုင်ငံတကာ မီဒီယာနယ်လှည့် အစီအစဉ် တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ မင်းသားကိုယ်တိုင်  ခေါင်းဆောင် အဖြစ် ပါဝင်ထားတဲ့ “Deadpool 2” ရုပ်ရှင်ကို တောင်ကိုရီးယားနိုင်ငံမှာ မေ ၁၈ ရက်စလို့ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။

Ref ; etcanada

The post ကိုရီးယား ရုပ်သံ အစီအစဉ်တခုမှာ ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ မင်းသား Ryan Reynolds appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...