Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အနုပညာအလုပ်ကတော့ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး” ဆိုတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်

$
0
0

အသက် ၁၈ နှစ်အရွယ်မှ စတင်ကာ အနုပညာအလုပ်များ လုပ်ကိုင်လာတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော် က ယခုတိုင် အနုပညာလောကမှာ ရပ်တည်ပြီး ပရိသတ် အားပေးခြင်းခံနေရဆဲ အနုပညာရှင်တဦး ဖြစ်ပါတယ်။

လင်းဇာနည်ဇော်က အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့လည်း ရွှေတောင်ခေါက်ဆွဲ ရောင်းတဲ့အလုပ်ကို လုပ်ကိုင်လာတာ အချိန် (၇) လတာရှိပြီ ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်ကြာမြင့်စွာ ရပ်တည်လာတဲ့ လင်းဇာနည်ဇော်ကို ဖြတ်သန်းခဲ့တဲ့ အတွေ့ကြုံများ၊ လက်ရှိ အခြေအနေနဲ့ အနုပညာလောကရဲ့ မျိုးဆက်သစ်တွေ အပေါ်ကို ဘယ်လို မြင်မိလဲ စတာတွေကို ဧရာဝတီ သတင်းထောက် ယုဖြူဟန်က မေးမြန်းထားပါတယ်။

မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်နေလဲ။

ဖြေ။ ။ MRTV 4 က ဇာတ်လမ်းတွဲ ရိုက်တာ ဒီ ၅ လပိုင်းမှာ ပြီးသွားပြီ။ ၆လပိုင်း ကျရင်တော့ “သူစိမ်းအိမ်” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ရိုက်ဖို့အတွက် စီစဉ်ထားပါတယ်။

မေး။ ။ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်မယ့် “သူစိမ်းအိမ်” ကားကို ဘယ်လိုလက်ခံ ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ ဒါရိုက်တာထူးပိုင်ဇော်ဦး ဆိုတာကလည်း လူငယ်ဒါရိုက်တာတဦး ဖြစ်တယ်။ လူငယ် ဒါရိုက်တာ တဦး ဆိုပေမယ့် တကယ်ကို လုပ်နိုင် ကိုင်နိုင်တဲ့သူ တယောက်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူရိုက်မယ့်ကားမှာ သူလာ ငှားတယ်။ အသစ် တယောက်နဲ့လည်း လက်တွဲချင်ပါတယ်။ အဲဒါကြောင့် လက်ခံ ဖြစ်သွားတာပါ။ သူ ရိုက်တဲ့ ကားလေးတွေက အိုင်ဒီယာက နည်းနည်းဆန်းတယ်။ မထင်မှတ်တာလေး တွေပါတယ်။ အစ်မတို့ အခု ရိုက်မယ့် ကားဆိုလည်း ပရိသတ်တွေ မထင်တာလေးတွေ ပါတယ်။ ကောင်းပါတယ်။

မေး။ ။ အခုဆိုရင် မျိုးဆက်သစ် လူငယ်တွေပေါ် ထွက်လာကြတယ်။ အဲဒီလူငယ်တွေအပေါ် အစ်မရဲ့ အမြင်က ဘယ်လိုရှိမလဲ။

ဖြေ။ ။ ပင်လယ်ရေဆိုတာ တယောက်တည်းသောက်လို့ မကုန်ဘူးလေ။ အဟောင်း မှန်သမျှကလည်း အသစ်က လာကြတာ အဓိကက အနုပညာကို တကယ် ဝါသနာပါပြီးတော့ အနုပညာကို ပေါ်ပင်တခုလို မဟုတ်ဘဲနဲ့ စေတနာနဲ့ လုပ်ချင် စိတ်ရှိတဲ့သူတိုင်းကို ကြိုဆိုတာပဲ။ အနုပညာလောက တိုးတက်လေ အနုပညာသမားတွေ ဂုဏ်ယူရလေပဲ။ အဲဒါကြောင့်မို့လို့ ကောင်းသော တော်သော အနုပညာရှင်တွေ အကုန်လုံးကို အစ်မတို့က လက်ကမ်း ကြိုဆိုပါတယ်။

မေး။ ။ အစ်မဆိုရင် လူငယ်တွေနဲ့ အနုပညာအလုပ်တွေ တွဲလုပ်ရတာတွေ ရှိတယ်။ အဲဒီအခါမှာဆိုရင် ကိုယ့်အပေါ် လူငယ်တွေကထားတဲ့ လေးစားမှုက ဘယ်လိုရှိလဲ။

ဖြေ။ ။ အစ်မ ထင်သလောက်ကို ပြောပြရရင် အခုခေတ်ကလေးတွေ အကုန်လုံးကို မပြောပါဘူး။ တမအေတည်း မွေးထားတဲ့ မောင်နှမ အချင်းချင်းတောင် စိတ်ချင်းမတူကြဘူး ဆိုတော့လေ။ တချို့တော်တော်များများက Respect ဆိုတာကို မေ့နေကြတယ် ထင်တယ်။ သူများကို ဝေဖန်တဲ့အလုပ်က သိပ်လွယ်တယ်။ အဲဒါကြောင့် သူများကို ဝေဖန်တာထက် ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်လုပ်တယ်။ အစ်မထက် ဝါရင့်တဲ့ အနုပညာသမားတွေ အများကြီး ရှိတယ်။ သူတို့သည် ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်နေရောက်နေ သူတို့ဟာ အစ်မထက် ဝါရင့်တဲ့ သူတွေဆိုတော့ အစ်မသည် ကြီးတဲ့သူတိုင်းကို လေးစားမှုရှိသလို ငယ်တဲ့သူတိုင်းကိုလည်း ကိုယ့်ထက် တော်တဲ့သူဆို လေးစားပါတယ်။

မေး။ ။ အခုဆိုရင် အနုပညာအလုပ်ရော ကိုယ်ပိုင်စီးပွားရေးရော လုပ်နေတယ်ဆိုတော့ အနုပညာနဲ့ စီးပွားရေးကို ဘယ်လို အချိန်ညှိပြီး လုပ်ဖြစ်လဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရရင် အစ်မတို့က အနုပညာ အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့တာ ဖြစ်တဲ့အတွက် စီးပွားရေး လောကကို တော်တော် နားမလည်ဘူး။ အစ်မတို့ရဲ့ နယ်မြေစိမ်း ဖြစ်နေတာပေါ့။ အဲဒီအတွက် စီမံခန့်ခွဲမှုအပိုင်းကို သိပ်မလည်ပတ်သေးဘူးလို့ ပြောရမှာပေါ့။ စီးပွားရေးဆိုရင်လည်း လွှဲမထားဘဲနဲ့ ကိုယ်တိုင်ကို ဦးဆောင် နေရတဲ့ အနေအထားပဲ ရှိသေးတယ်။ အနုပညာဆိုရင်လည်း ဒီလိုပဲ။ ဟိုအလုပ်စစ ဒီအလုပ်စစဖြစ်နေတော့ အနုပညာဆို ရင်လည်း ခါတိုင်းလောက်တော့ မလုပ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ၆လပိုင်းကို တကား လက်ခံထားပြီးတော့ နောက်တကားကို လက်မခံနိုင်သေးဘူး။ လုပ်လက်စ ခေါက်ဆွဲကလည်း ရှိသေးတယ်။

အဲဒီ ခေါက်ဆွဲ ရောင်းတာကလည်း အစ်မတို့က ကိုယ်တိုင် ဝန်ဆောင်မှုပေးတာ ဆိုတော့လေ။ တချို့ကမေးကြတယ် အနုပညာအလုပ်ကို ဘယ်အထိ လုပ်သွားမလဲဆိုပြီးတော့။ ပွင့်ပွင့်လင်းလင်း ပြောရရင် အနုပညာအလုပ်က ဘယ်သူမှ ရိုက်ပြီးလုပ်ခိုင်းတဲ့ အလုပ် မဟုတ်ဘူး။ ကိုယ်တိုင် ဝါသနာပါပြီး လုပ်တဲ့အလုပ် ဖြစ်တဲ့အတွက် တတ်နိုင်သလောက် ရသလောက် နေရာလေးနဲ့ ရသလို လှုပ်ရှားသွားမှာပဲ။ ဒါပေမယ့် အနုပညာအလုပ်လေးနဲ့ ရပ်နေလို့မဖြစ်ဘူး။ အသက်အရွယ် ရလာပြီဆိုတော့ ဝမ်းစာရှိသေးတယ်။ အိုစာနာစာ ကျန်းမာရေးစာ ရှိသေးတဲ့အတွက် ဝါသနာပါပါ၊ မပါပါ စီးပွားရေးက တွဲလုပ်ရမှာပါ။ ဒါကြောင့်မို့လို့ ဝါသနာပါတဲ့ အနုပညာအလုပ်ကတော့ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး။

မေး။ ။ ကိုယ်အနေနဲ့လည်း အသက်အရွယ်တခု ရလာပြီဆိုတော့ ရောက်လာတဲ့ ကာရိုက်တာ အပေါ်မှာ ဘယ်လိုမျိုး လက်ခံဖြစ်လဲ။

ဖြေ။ ။ ငယ်တုန်းကနဲ့ မတူဘူးပေါ့။ ငယ်တုန်းတော့ ဖန်စီလေးတွေ ဘာတွေ လက်ခံလို့ရတယ်။ အခု ကြီးလာတဲ့အခါ ကျတော့ အစ်မ ကိုယ်တိုင်ကိုက အမေနေရာ ရောက်လာတဲ့အခါကျတော့ ကိုယ့်ရှိတဲ့ အသက်အရွယ်ထက် ငယ်တာကို သရုပ်ဆောင်ရတာထက် ပိုကြီးတာကို သရုပ်ဆောင်ရတာ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်။ ဘဝ သရုပ်ဖော် ၊ ၅၂၈ ၊ မိဘမေတ္တာ ဖော်ကျူးတဲ့ ဇာတ်မျိုးတွေကို သရုပ်ဆောင်ရတာ ပိုကြိုက်လာတယ်။ နောက်ပြီးတော့ ကိုယ်နဲ့ မလိုက်ဖက်ဘဲ တာဝန်ကြီးပြီး ဝန်ပိမယ့်ဟာမျိုးတွေဆို သိပ်မလုပ်ဖြစ်ဘူး။ ။

The post “အနုပညာအလုပ်ကတော့ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး” ဆိုတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...