Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဥပါဒါန် ရုပ်ရှင်ကားမှာ စည်းစိမ်တွေ ပုံအောပြီး ရိုက်ကူးထားတယ် ဆိုတဲ့ ဒါရိုက်တာ ဗန်းကြီး

$
0
0

ဒါရိုက်တာဗန်းကြီးက လတ်တလောမှာ “ဥပါဒါန်” လို့အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးထားပြီး ဒီဇာတ်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဘုန်းကြီးတပါးရဲ့ တကယ့် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ရုံတင်ပြသတော့မယ့် ဒီဇာတ်ကားနဲ့ ပတ်သတ်လို့ ဒါရိုက်တာဗန်းကြီးက “ဒီကားရိုက်ရတာ ကျိုက်ထီးရိုး တက်သလို၊ ကမ်း မမြင်၊ လမ်းမမြင် ပင်လယ်ထဲ ဖြတ်ကူးရသလိုပါပဲ။ ပျော်တော့ပျော်တယ်။ ဒါပေမယ့် မောတယ်။ သို့သော်လည်း ကျနော် နောက်ဆုံး ကျိုက်ထီးရိုးဘုရားကို မြင်ခဲ့ပြီ ၊ ပူဇော်နိုင်ခဲ့ပြီ အဲလိုခံစားချက်ပါပဲ ” လို့ ဆိုပါတယ်။

ဥပါဒါန် ရုပ်ရှင်ကားကို ဇာတ်လမ်းရေးပြီး တော်တော်နဲ့ မရိုက်ဖြစ်ဘဲ ၁၀ နှစ်ကြာပြီးမှ ရိုက်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင့် ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် ထုတ်လုပ်သူမျာကို ကမ်းလှမ်းခဲ့ပေမယ့် ဘယ်ထုတ်လုပ်သူကမှ ငွေကုန် ကြေးကျခံပြီး မရိုက်ကူးတဲ့အတွက် ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူး ဖြစ်တယ်လို့လည်း ဒါရိုက်တာ ဗန်းကြီးက ဆိုပါတယ်။

ဥပါဒါန် ရုပ်ရှင်ကားကြီး (ဓာတ်ပုံ ဥပါဒါန် Facebook)

ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးဖြစ်တာနဲ့ ပတ်သတ်လို့ ဒါရိုက်တာ ဗန်းကြီးက “ ဘယ် ပရိုဂျူဆာမှလည်း မစွန့်စားရဲဘူး။ ဒါကတော့ လမ်းကြောင်းသစ်ကိုး၊ ပိုက်ဆံလည်းရင်း ရတာ များတယ်လေ။ ဒီတော့ မရိုက်ရဲကြတော့ အစက ကျနော် မရိုက်ဖြစ်ဘူးပေါ့။ တကယ်ရိုက်မယ်ဆိုတဲ့ အချိန်မှာ ကျနော်က ရုပ်ရှင်လောကကနေ အနားယူတော့မယ့်အချိန်။ ဒါနဲ့ ကျနော် ပရိုဂျူဆာ လိုက်ရှာမနေတော့ဘူး။ ငါပိုက်ဆံတွေ ဒီအတိုင်း သုံးပစ်ရင်တော့ ကုန်မှာပဲ။ ငါ့ဘာသာ၊ ငါ့သာသနာ အတွက် ငါဘာမှ မလုပ်ပေးနိုင်သေးဘူး။ ဒီကားလေး ငါဖြစ်အောင် ရိုက်မယ်ဆိုပြီးတော့ အမေ့ကိုပြောရတယ်။ အမေရေ စီးနေကျ ကားလေးတော့ ပါသွားလိမ့်မယ်၊ ဒီဇာတ်ကားလေး ရိုက်မယ်လို့။ အမေကလည်း ခွင့်ပြုတော့ ကားရောင်းတယ်။ ပြီးတော့ ဘဏ်ထဲက ပိုက်ဆံတွေရော အားလုံးရိုက်အပြီးမှာ အကုန် အကြွေးလိုက်ဆပ်လိုက်တယ်။ ကျနော် ဘတ်စ်ကားစီး၊ ရထားစီးရင်းနဲ့ ဒုက္ခခံပြီး ဒီကားပြီးအောင်ရိုက်ခဲ့တာပါ” လို့ ဒါရိုက်တာဗန်းကြီးက ဆိုပါတယ်။

ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်များနဲ့လည်း ပတ်သတ်ပြီး ဒါရိုက်တာ ဗန်းကြီးက “နန်းဆုဦးကိုတောင်မှ သမီးရေလို့ ငါတို့ ဘုန်းကြီးကျောင်းသွားရင် မိန်းကလေး တော်တော်များများက ဘောင်းဘီတွေနဲ့ လာကြတာ တွေ့နေရတယ်။ စကပ်တွေနဲ့ ဝင်ထွက်နေကြတာလည်း တွေ့ရတယ်လို့။ တို့ဘာသာ သာသနာအတွက် မသင့်တော်ဘူးလို့ ထင်တယ်လို့် ။ မြန်မာဆန်ဆန်လေးပဲ ဝတ်ကြရအောင်လို့။ ဒါနဲ့ သူက ဦးအောင်တဲ့ ဘယ်လို ဝတ်ရမလဲတဲ့။ အမေစုလို ဝတ်လိုက်ပါလားလို့။ သူ့ကို လူတွေချစ်ကြတာ အဲ့ဒါကြောင့်လည်း ဖြစ်မယ်ထင်တယ် ။ မြန်မာကိုယ်စားပြုတဲ့ ပုံလေး သမီးနဲ့ လည်းလိုက်မယ် ပြောပြီး ရိုက်ခဲ့တယ်”လို့ ဆိုပါတယ်။

ဥပါဒါန် ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နန်းဆုဦးနဲ့အတူ သရုပ်ဆောင်မျက်နှာသစ်များက ပါဝင်သရုပ်ဆောင်ထား ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးက သာသနာကို မြတ်နိုးတန်ဖိုးထားတဲ့ ရဟန်းတပါးနဲ့ သဒ္ဓါလွန်ကဲတဲ့ ဒါယိကာမ တယောက်အကြောင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ မေလ ၁၈ ရက်ကနေ့မှ စတင်ကာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

The post ဥပါဒါန် ရုပ်ရှင်ကားမှာ စည်းစိမ်တွေ ပုံအောပြီး ရိုက်ကူးထားတယ် ဆိုတဲ့ ဒါရိုက်တာ ဗန်းကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...