Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ကြသူများကို ဂုဏ်ပြုငွေ ထပ်မံပေးအပ်

$
0
0

“မုဒြာရဲ့ခေါ်သံ” ဇာတ်ကားမှာ ပါဝင်ထားကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များကို “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင် ဇာတ်ကားက ဂုဏ်ပြုညစာစားပွဲနဲ့ ဆုငွေချီးမြှင့်ပေးတဲ့ အခမ်းအနားကို မေလ ၁၃ ရက်နေ့ ညပိုင်းက ပြုလုပ်ပေးခဲ့ပါတယ်။

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားက ရုံတင်ပြသကတည်းက ပရိသတ်အားပေးမှု အများအပြား ရရှိထားတဲ့ ဇာတ်ကား တကားလည်း ဖြစ်ပါတယ်။ ရုံတင်ပြသကတည်းက သတ်မှတ်ထားတဲ့ ဝင်ငွေစံချိန် ရရှိခဲ့တဲ့အတွက် ဆက်တိုက် ရုံတင် ပြသခွင့် ရရှိထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိက ဇာတ်ဆောင်များကတော့ မင်းသား ဇဏ်ခီနဲ့ မင်းသမီး လှယဉ်ကျေးတို့ ဖြစ်ပါတယ်။ ဇာတ်ကားကတော့ အမိမြန်မာပြည်ကို ပြန်လာပြီး ငယ်ဘဝက မိဘများကို ပြန်လည် ရှာဖွေတဲ့ ပြည်ပရောက် အမျိုးသားတဦးရဲ့ ဇာတ်ကို တည်ပြီး ဒါရိုက်တာ ခရစ္စတီးနာခီက ရိုက်ကူး ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ Central Base Productions မှ CEO တို့က ဒီရှေ့မှာ အောင်မြင်ခဲ့တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးတုန်းကလည်း ဇာတ်ကားမှာ ပါဝင်ခဲ့ကြသူများကို ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ဖူးပါတယ်။ အဲဒီအတွက် ပါဝင်ကြတဲ့ အနုပညာရှင်များ၊ အတတ်ပညာရှင်များအနေနဲ့လည်း ဒီလိုမျိုး ထပ်မံ ဂုဏ်ပြုငွေချီးမြင့်ခံရမှုအပေါ် ဝမ်းသာပြီး ဒီလိုပေးအပ်ခြင်းက ရုပ်ရှင်လောကမှာ ပထမဆုံးဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

ဒီလို ထပ်မံ ဂုဏ်ပြုငွေ ပေးအပ်ဖြစ်တာနဲ့ ပတ်သတ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ဧရာဝတီကို အခုလို ဖြေဆိုဖူးပါတယ်။ “အစ်မတို့နိုင်ငံမှာ အောက်ခြေလူတန်းစားပေါ့၊ အောက်ခြေလူတန်းစားဆိုတော့ Crew တွေလည်း ပါတယ်၊ အစ်မတို့ နောက်မှာ လိုက်တဲ့ Team ကြီးက အကြီးကြီးရှိတယ်။ ဒီလူတွေရဲ့အခက်အခဲကို အစ်မ သိတယ်၊ မြင်တယ်။ အဓိကက တချို့တွေဆိုရင် တဖက်ကမ်းကနေပြီးတော့ မနက် ၄ နာရီလောက်တည်းက ထလာရတဲ့ သူတွေရှိတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ အရမ်းဝေးတယ်။ သူတို့က၊ တကယ်လို့ ရှုတင်က ဖျက်ခနဲ ရပ်သွားပြီ ဆိုရင်တောင် ပြန်စရိတ်တွေ သူတို့မှာ လိုတယ်လေ။ ပိုက်ဆံလေး ၂၀၀ လောက်နဲ့ လာရတဲ့သူတွေလည်း တွေ့ဖူးတယ်၊ မြင်ဖူးတယ်၊ သိပ်ဒုက္ခရောက်တယ်”

“ဒါပေမယ့် ဒီရုပ်ရှင်ရဲ့ သွားနေတဲ့ပုံစံကို အစ်မ ၁၀ နှစ်တာ ကာလကို ကြည့်လိုက်တဲ့ အချိန်မှာ မင်းသားတွေ ဈေးတက် သွားတယ်၊ မင်းသမီးတွေ ဈေးတက်သွားတယ်၊ ဒါရိုက်တာတွေ ဈေးတက်သွားတယ်၊ ပရိုဂျူဆာတွေကတော့ ကိုက်လို့ရှိရင် ပိုက်ဆံတွေ အများကြီးရတယ်။ ဒါပေမယ့် ဒီလုပ်အားခက ဒီလောက်ထိ မတက်ဘူး။ မတက်ဘူးဆိုတော့ ခံရဆုံးကတော့ သူတို့ပဲလို့ အစ်မကတော့ မြင်တယ်” လို့ ဆိုဖူးပါတယ်။

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားဟာ မြန်မာနိုင်ငံမှာ (၆) ပတ် မြောက် ရုံတင်ပြသခဲ့ပြီး ရရှိသမျှ ဝင်ငွေအားလုံး အပါအဝင် ထုတ်လုပ်သူများမှ ငွေကြေးထပ်မံ ထည့်ဝင်ပြီး ယခုလိုမျိုး ဂုဏ်ပြုညစာစားပွဲနှင့် ဆုငွေချီးမြှင့်တဲ့ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်မြန်မာ့ဓလေ့၊ ယဉ်ကျေးမှု သဘာဝအလှတွေကို အသားပေး ရိုက်ကူးထားတဲ့ “မုဒြာရဲ့ခေါ်သံ” 

ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၂) 

The post “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ကြသူများကို ဂုဏ်ပြုငွေ ထပ်မံပေးအပ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...