Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“The Fresh Prince of Bel Air”ရုပ်ရှင်မရိုက်ခင် ငွေရေးကြေးရေး ချွတ်ခြုံကျခဲ့ကြောင်း မင်းသား Will Smith ရင်ဖွင့်

$
0
0

မင်းသား Will Smith ဟာ ၁၉၉၀ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “The Fresh Prince of Bel Air” ရုပ်ရှင်အတွက် လူရွေးပွဲ မတိုင်ခင်အထိ အခွန်သန်းပေါင်းများစွာ အကြွေးတင်နေပြီး ငွေကြေးချွတ်ခြုံကျနေခဲ့တယ်လို့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

မင်းသား Smith ဟာ ငယ်စဉ်ဘဝက သူငယ်ချင်းဖြစ်တဲ့ DJ Jazzy Jeff နဲ့တွဲဖက်ပြီး “Rock The House” အယ်လ်ဘမ်နဲ့ The Fresh Prince ဆိုတဲ့ Rap အဆိုတော်တဦးအနေနဲ့ နာမည်ကျော် ကြားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “He’s The DJ, I’m The Rapper” အယ်လ်ဘမ်ဟာ ပလက်တီနမ် ၃ ထပ်ကွမ်း အဆင့်ရခဲ့တဲ့အထိ နာမည်ရခဲ့ပါတယ်။

ဒါပေမယ့် သူတိုရဲ့ တတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ “And in This Corner” ကတော့ အောင်မြင်မှု မရခဲ့ဘဲ မင်းသား Smith ကိုယ်တိုင် ငွေကြေးပိုင်းဆိုင်ရာ ပြဿနာနဲ့ ကြုံခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် မင်းသား Smith က “Uncle Phil နဲ့ ပြဿနာမတက်ခင် Uncle Sam နဲ့ ဒုက္ခရောက်နေခဲ့တာပါ” လို့ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ရှင်းပြထားပါတယ်။

သူက ဆက်ပြီး “ကျနော်နဲ့ Jazzy တို့က တော်တော်လေး အောင်မြင်ခဲ့ ပါတယ်၊ ငွေကြေးတော်တော်များများ ရခဲ့တယ်၊ ဂရမ်မီဆုလည်း ရခဲ့တယ်။ ၃ ထပ်ကွမ်း ပလက်တီနမ်အဆင့်လည်း ဖြစ်ခဲ့ပါတယ်။ ကျနော့်မှာ မော်တော်ဆိုင်ကယ်တွေ၊ ကား တွေရှိခဲ့ပါတယ်။ အတ္တလန္တာမြို့မှာ Gucci စတိုးကို ဖုန်းခေါ်ပြီး ကျနော့် သူငယ်ချင်းတွေကို ခေါ်လာရင် ဆိုင်ပိတ် လိုက်ရမယ်လို့တောင် ပြောခဲ့တယ်။ ပြီးတော့ ကျနော် ပြုံးပျော် နေတယ်။ ဒါပေမယ့် အဲဒါဟာ ရူးမိုက်တာပဲ၊ နောက် အယ်လ်ဘမ်လည်း ဖြန့်လိုက်ရော ခွက်ခွက်လန် ရှုံးသွားတာပါပဲ” လို့ဆိုပါတယ်။

အဲဒီနောက် သူက ပိုက်ဆံတွေ အားလုံးကို သုံးခဲ့ပေမယ့် အခွန်ရှောင်ရန် မကြိုးစားခဲ့ကြောင်း၊ ပြည်တွင်း ဘဏ္ဍာရေး ဝန်ဆောင်မှုအဖွဲ့ (IRS) ကို ပိုက်ဆံမပေးနိုင်ခဲ့သည့်အတွက် ပစ္စည်းများအားလုံးအသိမ်းခံခဲ့ရပြီး ချွတ်ခြုံကျ သွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ IRS အဖွဲ့က အခွန်ငွေ ဒေါ်လာ ၂ ဒဿမ ၈ သန်းအတွက် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူ သွားခဲ့ပြီး ကံဆိုး မိုးမှောင်ကျခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရည်းစားဟောင်းတယောက်က အနုပညာ လုပ်ငန်းမှာ အလှည့်အပြောင်း လုပ်ငန်းလုပ်ကိုင်ဖို့ “The Arsenio Hall Show” ကိုလာဖို့ တိုက်တွန်းခဲ့ပြီး Benny Medina နဲ့တွေ့ခဲ့ရာကနေ for “The Fresh Prince of Bel Air” မှာ ပါဝင်ခဲ့တဲ့ အကြောင်းနဲ့ သူက သရုပ်ဆောင်ဘဲ အဆိုတော်ဖြစ်တဲ့အတွက် ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

Ref: aceshowbiz

The post “The Fresh Prince of Bel Air” ရုပ်ရှင်မရိုက်ခင် ငွေရေးကြေးရေး ချွတ်ခြုံကျခဲ့ကြောင်း မင်းသား Will Smith ရင်ဖွင့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...