Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မိဘ သဘောမတူတဲ့ လူတယောက်ကို လက်တွဲမှာ မဟုတ်ဘူး” ဆိုတဲ့ အလှမယ် အမရာငြိမ်း

$
0
0

Miss Myanmar International 2015 ဆုရှင် အလှမယ် အမရာငြိမ်းက လက်တွဲသွားမယ့် လက်တွဲဖော်နဲ့ ပတ်သက်ပြီး မိဘကို အလေးထားတဲ့သူ တယောက်အနေနဲ့ မိဘက သဘောမတူတဲ့ လူတယောက်ကို လက်တွဲမှာ မဟုတ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အဓိကအချက်ကတော့ ကိုယ့်ရဲ့မိသားစု အသိုင်းအဝိုင်းနဲ့ အဆင်ပြေတဲ့သူ ဖြစ်စေချင်တယ်။ အမရာက မိဘကို အရမ်း အလေးထားတယ်ဆိုတော့ မိဘက သဘောမတူဘူးဆိုတဲ့ လူတယောက်ကိုတော့ လက်တွဲမှာ မဟုတ်ဘူး။ အဲဒါကတော့ လုံးဝသေချာတယ်။ အမရာ မိသားစုနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့သူ ဖြစ်စေချင်တယ်။ အဲဒါကတော့ အမရာ စိတ်ကူးထားတာပေါ့” လို့ အမရာငြိမ်းက ပြောပါတယ်။

လက်ရှိမှာတော့ နားလည်မှုရှိတဲ့ ချစ်သူရှိနေပြီး မကြာခင်မှာ ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲအတွက် အလုပ်ရှုပ် နေတဲ့အတွက် ချစ်သူကို အချိန်သိပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ “ချစ်သူက ရှိပါတယ်။ အေးအေးချမ်းချမ်းပါပဲ။ အခုချိန်မှာ ကိုယ်ကလည်း ပြိုင်ပွဲမှ ပြိုင်ပွဲဆိုပြီး လုပ်နေတဲ့အတွက် အချိန်တော့ သိပ်မပေးနိုင်ဘူး။ နားလည်မှုရှိတဲ့သူ တယောက်ပါ” လို့ အမရာငြိမ်းက ပြောပါတယ်။

အမရာငြိမ်း အနေနဲ့ လက်ရှိ Miss Universe Myanmar 2019 ပြိုင်ပွဲကြီးမှာ ရန်ကုန်ကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

“မရမှာကို စိုးရိမ်တဲ့စိတ်က သူများထက် ၂ဆမကဘူး များလိမ့်မယ်။ ဒီရန်ကုန်ပွဲမှာတင် ပြုတ်သွားမလား ၊ ကိုယ်ရပါ့ မလား ဆိုပြီးတော့ စိုးရိမ်စိတ်က ရှိပါတယ်။ သူများထက် စိန်ခေါ်မှုလည်းများတယ်။ ပွဲနီးလေ၊ စိတ်ဖိစီးလေ ဖြစ်နေတာ။ အဲဒါကို အကောင်းဆုံး ရှင်းလင်းပြီးတော့ ကြိုးစားသွားမှာပါ” လို့ အမရာငြိမ်းက ပြောပါတယ်။

အမရာငြိမ်းကတော့ စာအရမ်းဖတ်တဲ့ သူတယောက် ဖြစ်ပြီး ၊ Miss ပွဲတွေရဲ့ ဗဟုသုတဆိုင်ရာ မေးခွန်းတွေ ဖြေဆိုရာမှာ ပရိသတ်များက သဘောကျ နှစ်သက်ခံရသူ တဦးပါ။ ဒါကြောင့် ဗဟုသုတနဲ့ ပတ်သက်ပြီးတော့ အထူးတလည် ပြင်ဆင်စရာ မလိုဘဲ အမြဲတမ်း စာဖတ်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။

အမရာငြိမ်းက Miss Universe Myanmar ပြိုင်ပွဲကြီးကို ယခင်က တကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆု မရရှိခဲ့ပေမယ့် လည်း Miss Myanmar International 2015 ပြိုင်ပွဲကြီးမှာတော့ Winner ရရှိခဲ့သူ တဦးပါ။ ဒါ့အပြင် အခု အခါမှာလည်း Miss Universe Myanmar ပြိုင်ပွဲကြီးကို ဇွဲမလျော့ဘဲ ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်မှုများကို အပြင်းအထန် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – Miss Universe Myanmar 2019 ဝင်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ အလှမယ် အမရာငြိမ်း

The post “မိဘ သဘောမတူတဲ့ လူတယောက်ကို လက်တွဲမှာ မဟုတ်ဘူး” ဆိုတဲ့ အလှမယ် အမရာငြိမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...