Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နှလုံးရောဂါ ခံစားနေရပေမယ့် သမီး မင်္ဂလာပွဲကို တက်မယ်ဆိုတဲ့ Meghan Markle ရဲ့ ဖခင်

$
0
0

မကြာမီ တော်ဝင်မင်္ဂလာပွဲ ကျင်းပတော့မယ့် သတို့သမီးလောင်း မင်းသမီး Meghan Markle ရဲ့ဖခင် အခမ်းအနားကို ရောဂါကြောင့် တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်ထားပေမယ့်လည်း သမီးဖြစ်သူက ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ လက်ထပ်တဲ့အခါ မင်္ဂလာလျှောက်လမ်းထက်မှာ သမီးဖြစ်သူနဲ့အတူ လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် မေ ၁၉ ရက်၊ စနေနေ့မှာ အင်္ဂလန်နိုင်ငံ၊ ဝင်ဆာရဲတိုက်၊ စိန့်ဂျော့ချ်ဘုရားကျောင်းမှာ သမီးဖြစ်သူကို သတို့သားလက်ထဲ အပ်နှံဖို့ Thomas Markle က စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာတော့ နှလုံးရောဂါ ခံစားခဲ့ရပြီးတဲ့နောက် ကျန်းမာရေး အခြေအနေကြောင့် မင်္ဂလာပွဲကို တက်ရောက်နိုင်တော့မှာ မဟုတ်ဘူးလို့ မေလ ၁၄ ရက်နေ့မှာ သတင်းတွေ ထွက်ခဲ့တာပါ။

သတင်းတွေအရကတော့ သူဟာ သီတင်းတပတ်လုံး ပြောကြဆိုကြဖြစ်နေတဲ့ ပါပါရာဇီဓါတ်ပုံ သတင်းသမား တွေအတွက် ဓာတ်ပုံအရိုက်ခံခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့တဲ့ အငြင်းပွားမှုကြောင့် ရှက်ရွံ့နေမိတယ်လို့ သိရပါတယ်။

Thomas ဟာလက်ရှိမှာ နှလုံးရောဂါကြောင့် ရင်ဘက်နာကျင်မှုကို ခံစားခဲ့ရပြီးတဲ့နောက် ဆေးရုံမှာ ကုသမှုခံယူ နေရပေမယ့် တကယ်လို့များ ဆေးရုံကနေ ဆင်းခွင့်ရမယ်ဆိုရင်တော့ မကြာခင် တော်ဝင်သတို့သမီး ဖြစ်လာတော့မယ့် သမီးဖြစ်သူ Meghan နဲ့အတူ အင်္ဂလန်ကို လေယာဉ်နဲ့ ရောက်လာနိုင်ချေရှိနေပါတယ်။

Meghan ကတော့ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တော်ဝင် လက်ထပ်ပွဲနဲ့ ပတ်သက်လို့ လူပြောသူပြောများစေခဲ့တဲ့ ဓာတ်ပုံကိစ္စနဲ့ ပတ်သက်လို့ ဝမ်းမနည်းဘူးလို့ ဖခင်ကို ပြောလိုက်ပါတယ်။

အခုတော့ ဖခင်ကိုယ်တိုင်က သမီးဖြစ်သူရဲ့ မင်္ဂလာလက်ထပ်ပွဲမှာ ပါဝင်ချင်ပါတယ်လို့ ပြောလာပါပြီ။ Thomas က “သမိုင်းမှာ အကြီးအကျယ်ဆုံးအခိုက်အတန့်တခုနဲ့ မင်္ဂလာလျှောက်လမ်းမှာ သမီးနဲ့အတူ လျှောက်လှမ်းဖို့ မပါဝင်နိုင်ဘူးဆိုတဲ့ အကြောင်းကို ကျနော်မကြိုက်ပါဘူး၊ ကျနော် သမီးနဲ့ လျှောက်လမ်းမှာ လျှောက်ချင် ပါတယ်၊ ဒါဟာ သမိုင်းဝင် အခိုက်အတန့်ပါ၊ သမိုင်းရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ချင်ပါတယ်” လို့ TMZ မီဒီယာကို ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး ကျန်းမာရေးအခြေအနေနဲ့ ဓါတ်ပုံကိစ္စတွေကြောင့် ဖြစ်ပေါ်နေတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့တော့ Kensington နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်က “ လက်ထပ်ပွဲမတိုင်ခင်မှာ Ms Markle အတွက် နက်နဲတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပါတယ်၊ သူနဲ့ မင်းသားဟယ်ရီတို့ဟာ ဒီလိုမျိုးခက်ခဲတဲ့အခြေအနေမှာ Mr Markle အပေါ် နားလည်မှုရှိဖို့နဲ့ လေးစားဖို့ ထပ်လောင်းတိုက်တွန်းထားပါတယ်” လို့ ကြေညာချက်တခုထဲမှာ ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်ဗြိတိန်တော်ဝင် မင်းသား Harry ရဲ့ မင်္ဂလာပွဲအတွက် လုံခြုံရေးစာရင်း ထုတ်ပြန်ကြေညာ

Ref: aceshowbiz

The post နှလုံးရောဂါ ခံစားနေရပေမယ့် သမီး မင်္ဂလာပွဲကို တက်မယ်ဆိုတဲ့ Meghan Markle ရဲ့ ဖခင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...