Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဒါရိုက်တာအလုပ်ကို တသက်လုံးလုပ်ဖို့ အစီအစဉ် မရှိဘူး”လို့ ပြောလိုက်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

$
0
0

ညိုမင်းလွင် ဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားများက ပရိသတ်ကြား အမြဲလိုလို စိတ်ဝင်စားမှု ရှိနေခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ညိုမင်းလွင်က “ဒီအတွက် ကျနော့်ဘာသာ ကျနော် သတ်မှတ်ထားတဲ့ Time Limited ရှိတယ်။ ဘယ်အချိန်မှာ ရပ်မယ်ဆိုတာ ရှိတယ်။ ကျနော် ဒါရိုက်တာအလုပ်ကို တသက်လုံးလုပ်ဖို့ အစီအစဉ် မရှိဘူး။ တချိန်ချိန် ရပ်မှာပါ။ အဲဒီအချိန် မတိုင်ခင်အထိတော့ ဘယ်အရာကမှ ကျနော့်ကို ရပ်တန့်သွားအောင် မလုပ်နိုင်ဘူး။ ဆက်လုပ်သွားမှာပါ။ အဲဒီအချိန်ကျရင် ကျနော် ပြောပြမှာပါ”လို့ ဧရာဝတီကို ပြောပါတယ်။

နိုင်ငံတော်စစ်ကားတွေမှာ စစ်သားအဖြစ် သရုပ်ဆောင် ပါဝင်ခဲ့တဲ့ ညိုမင်းလွင်က စစ်သားတွေကို ချစ်တဲ့သူ တဦး ဖြစ်တယ်လို့ သိရပြီး စစ်သားအဖြစ် သရုပ်ဆောင်ရတာကို ကြိုက်တယ်လို့ ဆိုပါတယ်။ စစ်ကားရိုက်ဖို့အတွက် ဝိတ်ချခဲ့တဲ့ ညိုမင်းလွင်က ခုထိလည်း အဲဒီ ဝိတ်ကို ထိန်းသိမ်းထားတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

စစ်ကားရိုက်ဖို့ ဝိတ်ချဖြစ်ခဲ့တာနဲ့ ပတ်သတ်ပြီး ညိုမင်းလွင်က “ဗိုလ်မှုးတင်အောင်စိုးက ကျနော့်ကို စစ်ကား ရိုက်ချင်တယ်တဲ့။ ကျနော် ဘာပြင်ဆင်ပေးရမလဲလို့ ဆိုတော့ ဝိတ်ချပေးတဲ့။ ကိုညိုဝိတ်ချမှရမယ်တဲ့။ ဝိတ်ချမှရမယ်ဆိုတဲ့ စကားက ဘယ်လိုပြောရမလဲ ။ကျနော့် စိတ်ထဲမှာဗျာ ငါမချနိုင်ဘူးထင်လို့ ချဲလင့်လုပ်တယ်လို့ ခံစားရတယ်။ မချနိုင်ဘူး ထင်လို့ တွန်းပို့တဲ့ စကားလို့ ယူဆပြီးတော့ Ok လို့်၊ ဗိုလ်မှုးလိုချင်တဲ့ အနေအထားကိုပြော၊ ကျနော် ရအောင်ကစားမယ်လို့။ သူက စစ်သား တယောက် ရှိသင့်တဲ့ BBM ကိုညိုတဲ့။ အဲဒါကိုစာအုပ်ထဲမှာပြန်ရှာလေ့လာပြီးတော့ Gym မှာလေ့ကျင့်တယ်။ နေ့ရော ၊ ညရော ၆ လလောက် မစားဘူး။ အခု ၁၄၈ ပေါင် ဆိုတော့ ကျနော် အဲ့လောက်ကို သဘောကျတယ်။ နေရထိုင်ရတာ ပိုအဆင်ပြေနေတယ်။ ပေါ့ပါးတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင့် ညိုမင်းလွင်က တချိန်ချိန်မှာ စစ်ကားတကား ထပ်ရိုက်ဦးမယ် လို့လည်း ဆိုပါတယ်။

ဇာတ်ကား တကားရိုက်ကူးအပြီး ပြသချိန်မှာ ပရိသတ်ရဲ့ Feedback နဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုဆိုပါတယ်။

“ကျနော်က ပရိသတ် feedback ကိုနားမထောင်တာမဟုတ်ဘူး ။ ပရိသတ်အစစ်ရဲ့ Feedback ကိုပဲ နားထောင်တာ။ ဘာမှမလုပ်ကြသေးဘဲ တန်းဝေဖန်တယ်။ တန်းဆဲတာကျတော့လည်း ပရိသတ်လို့ ပြောဖို့ခက်တယ်။ အဲဒါမျိုးကိုတော့ နားမထောင်ဘူး။ ကျနော် အမြဲတမ်း လက်ခံထားတာက ၂၀၁၅ တုန်းကကားကို ၂၀၁၈ မှာပြန်ကြည့်ရင် လိုအပ်ချက်ဆိုတာ အနည်းနဲ့ အများ ရှိနိုင်တယ်။ဒါပေမဲ့ ၂၀၁၅ တုန်းက ကျနော် တတ်သလောက် အကုန်လုပ်ထားတယ်ဆိုရင် ကျနော် လိပ်ပြာ သန့်တယ်။ အဲဒီတုန်းကသာ တတ်သလောက် မလုပ်ခဲ့ဖူးဆိုရင် ဒီအချိန်ကျနော် ပြန်ကြည့်ရတာ ရှက်ချင်ရှက်မယ်။ ဒီအချိန်မှာ ကျနော် ဘယ်ကားကို ပြန်ကြည့်ကြည့် လိပ်ပြာသန့်တယ်”လို့ ဧရာဝတီကို ဆိုပါတယ်။

ဒါရိုက်တာညိုမင်းလွင်က ဆရာကြီးမင်းသိင်္ခရဲ့နာမည်ကျော် “မနုစာရီ”ကို ရုပ်ရှင်အဖြစ် အသက်သွင်း ရိုက်ကူးနေပြီဖြစ်ပြီး မေလ ၁၂ ရက်က ဘန်ကောက်မှာ ဇာတ်ဝင်ခန်းအချို့ကို သွားရောက်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ညိုမင်းလွင် ရိုက်ကူးထားတဲ့ “လက်စားချေ နတ်သမီး” ဇာတ်ကားကိုတော့ ဇွန် (၈) ရက်နေ့မှာ ရုံတင်ပြသမယ်လို့လည်း သိရပါတယ်။

The post “ဒါရိုက်တာအလုပ်ကို တသက်လုံးလုပ်ဖို့ အစီအစဉ် မရှိဘူး”လို့ ပြောလိုက်တဲ့ ဒါရိုက်တာ ညိုမင်းလွင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...