Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Deadpool ရုပ်ရှင် ဇာတ်ဝင်တေး သီဆိုဖို့ အဆိုတော် Celine Dion ကို မင်းသား Ryan Reynolds ကမ်းလှမ်း

$
0
0

မင်းသား Ryan Reynolds က “Deadpool 2” ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းကို သီဆိုဖို့ အဆိုတော် Celine Dion လိုမျိုး ဂန္တဝင်အဆိုတော်ကိုသာ လိုချင်တဲ့အတွက် ရုပ်ရှင်စတူဒီယိုအုပ်ချုပ်သူတွေက ငယ်ရွယ်တဲ့ အဆိုတော်တယောက်ကို ငှားရမ်းဖို့ ဆန္ဒပြုခဲ့တာကို ပယ်ချခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

20th Century Fox ကုမ္ပဏီတာဝန်ရှိသူတွေက သီချင်းဆိုဖို့ ငယ်ရွယ်တဲ့ အနုပညာရှင်တွေကို တသီတတန်းကြီး ရွေးချယ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ကနေဒါအဆိုတော် Celine Dion ကို အလောင်းအစားသဘောမျိုးနဲ့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ မင်းသား Ryan က ဆိုလိုက်ပါတယ်။

“Good Morning America” အစီအစဉ်မှာ မင်းသားက “ကျနော်က ကနေဒါနဲ့ ဆက်ဆံရေးတခုကို ဖန်တီးဖို့ ကြိုးစား ခဲ့တာပါ၊ ကျနော်တို့မှာ ရုပ်ရှင်အတွက် အံ့သြလောက်ဖွယ် ဇာတ်ဝင်တေးလည်း ရှိတယ်၊ အဲဒီသီချင်းကို မှော်ဆန်ဆန် သီဆို၊ ကပြမယ့် တစုံတယောက်ကို ကျနော်တို့ လိုချင်ခဲ့ပါတယ်၊ စတူဒီယိုကတော့ တကယ့်ကိုပဲ ထင်ရှားကျော်ကြား ၊ အရည်အချင်းရှိတဲ့ လူငယ် အဆိုတော်တွေကို တန်းစီထားခဲ့ပါတယ်။ အဲဒီတော့ ကျနော် စဉ်းစားလိုက်တယ်၊ ဂန္တဝင် အဆိုတော်တယောက်ကို သုံးလိုက်ရင်ရောဆိုပြီးတော့ပေါ့၊ အကောင်းဆုံး ရုပ်ရှင်ဂီတကို ဖန်တီးနိုင်မယ့် နောက်ဆုံးပုဂ္ဂိုလ် က ဘယ်သူများပါလိမ့်လို့ပေါ့၊ ပြီးတော့ အဲဒါဟာ Celine ဖြစ်ခဲ့ပါတယ်၊ သူဟာ အကောင်းဆုံးထဲက အကောင်းဆုံးပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် မင်းသား Ryan က ၁၉၉၇ ခုနှစ်မှာ Tatanic ရုပ်ရှင်အတွက် ကမ္ဘာကျော် “My Heart Will Go On” သီချင်းကို သီဆိုခဲ့တဲ့ Celine ထံကို ကိုယ်ရေးကိုယ်တာအရ အကူအညီတောင်းလိုက်ပါတယ်။ Celine ဘက်ကနေ သူ့ရဲ့ကမ်းလှမ်းချက်ကို သဘောတူလိုက်တဲ့အချိန်မှာ ထိတ်လန့်၊ အံ့သြမိခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ မင်းသား Ryan က “ဒါကြောင့် ကျနော်သူ့ဆီစာရေးခဲ့တယ်၊ သူက ကောင်းပြီ လို့ ပြန်ပြောလိုက်ပါတယ်၊ ပြီးတော့ အံံ့သြလောက်ဖွယ် ဂီတ ဗီဒီယိုကို ဖန်တီးဖို့ ခေါင်းငြိမ့်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်တဲ့ “Ashes” သီချင်းဂီတဗီဒီယိုမှာဆိုရင် ပရောဖက်ရှင်နယ် အကသမား Yanis Marshall က Deadpool ဝတ်စုံကို ဝတ်ဆင်ပြီး ဒေါင့်မြင့်ဖိနပ်နဲ့ ကပြခဲ့တာကိုလည်း တွေ့ရပါတယ်။ အခုလ အစောပိုင်းမှာဖြန့်ချီခဲ့တဲ့ အဲဒီသီချင်းကြောင့် ပရိသတ်တော်တော်များများက အံ့သြသင့်ခဲ့ကြပေမယ့် ဒါရိုက်တာတွေအနေနဲ့ နောက်ထပ် နောက်ဆက်တွဲ ရုပ်ရှင်ရိုက်ကူးတဲ့အခါ Celine ကို ထိပ်ဆုံးစာရင်းမှာ မထားမှာကို မင်းသား Ryan က စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

“Deadpool 2” ရုပ်ရှင်ကို မေ ၁၈ ရက်ကစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Ref ; aceshowbiz

The post Deadpool ရုပ်ရှင် ဇာတ်ဝင်တေး သီဆိုဖို့ အဆိုတော် Celine Dion ကို မင်းသား Ryan Reynolds ကမ်းလှမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မနောမယအိမ်ခြံမြေရောင်းနည်း