Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသံ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်ရှုဖို့ အကြံပြုချင်တဲ့ “A Quiet Place” ရုပ်ရှင်

$
0
0

လတ်တလော နိုင်ငံတဝှမ်းမှာ ရုံတင်ပြသနေတဲ့ “A Quiet Place” ရုပ်ရှင်ဟာ လက်ရှိ ရုံဝင်ငွေ အများဆုံးနဲ့ တရုတ် နိုင်ငံမှာလည်း ရုံဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ ယခုနှစ်အတွင်း တတိယမြောက် ရုံဝင်ငွေ အများဆုံး ဇာတ်ကားအဖြစ် စံချိန်တင်နေပါတယ်။

ကြည့်ရှုသူ ပရိသတ်ဦးရေ များပြားနေတဲ့ “A Quiet Place” ဇာတ်ကားကို မြန်မာနိုင်ငံမှာလည်း လက်ရှိ ရုံတင် ပြသနေပြီး ဇာတ်လမ်း အကြောင်းအရာကတော့ အသံကြောင့် ဂြိုဟ်သားတွေရဲ့ သတ်ဖြတ်မှု ခံနေရတဲ့ အန္တရာယ်ကနေ လွတ်အောင် နေထိုင်တဲ့ မိသားစုတခုအကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဒရာမာ၊ Thriller ရုပ်ရှင် အမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Krasinski ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာကြီးရဲ့ နေရာအများစုဟာ အထူး အသံအာရုံ ခံတတ်တဲ့ ဂြိုဟ်သား သတ္တဝါဆန်းတွေကြောင့်  ပျက်စီး ထိခိုက်မှုတွေ ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ကြပါတယ်။ အသံတခုခုကြားရင် အဲဒီအသံ ထွက်ပေါ်တဲ့အရာကို တိုက်ခိုက်တတ်တဲ့ ဂြိုဟ်သားတွေရန်ကနေ လွတ်အောင် ရှောင်နေကြတဲ့ ခင်ပွန်းသည် Lee၊ ဇနီးသည် Evelyn ၊ နားမကြားတဲ့ သမီးကြီး Regan နဲ့ သားတွေဖြစ်ကြတဲ့ Marcus နဲ့ Beau တို့ပါဝင်တဲ့ မိသားစု တခုဟာ နယ်မြို့လေး တခုအနီးနားက ပြောင်းတောတခုအနီးမှာ နေထိုင်ကြပါတယ်။

အမေရိကန် လက်ဟန်ခြေဟန်ပြ ဘာသာစကားကို တက်မြောက်ထားကြတဲ့ သူတို့တွေက အသံမထွက်စေဖို့ အချင်းချင်း ဆက်သွယ်တဲ့နေရာမှာ လက်ဟန်ခြေဟန်နဲ့ပဲ အသုံးပြုကြပါတယ်။ တနေ့တော့ စွန့်ပစ်ထားတဲ့ စူပါမားကတ်တခုထဲမှာ မိသားစုဝင်တွေက လိုရမယ်ရ ပစ္စည်းတွေကို ဝယ်ယူရင်း ၄ နှစ်အရွယ် သားလေး Beau ဟာ ဘက်ထရီနဲ့ မောင်းနှင်နိုင်တဲ့ အာကာသယာဉ်ပျံ အရုပ်တခုကို ယူလာခဲ့ပါတယ်။

လမ်းမှာ အဲဒီအရုပ်လေးကို ရုတ်တရက် ဘက်ထရီ ထည့်ပြီး ဖွင့်မိရာကနေ တီးလုံးသံ ထွက်လာလို့ အမျိုးအမည် မသိတဲ့  သတ္တဝါဆန်းတွေ ရောက်လာပြီး သားလေးကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒါကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့  မိသားစု ဝင်တွေကတော့ သွေးပျက်မတတ် ချောက်ချားခဲ့ကြပေမယ့် အသံထွက်မှာစိုးလို့ အသံတိတ်ပဲ ငိုခဲ့ကြရပါတယ်။ တနှစ်လောက် ကြာပြီးတဲ့နောက် Evelyn ဟာ ကလေး မွေးဖွားခါနီး အချိန်ဖြစ်နေပြီး ခင်ပွန်းသည် Lee ကတော့ ပြင်ပ ကမ္ဘာနဲ့ ရေဒီယို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

မိသားစုဝင်တွေ အိမ်မှာ မရှိတဲ့ တနေ့မှာ Evelyn ဟာ အမှတ်မထင် ရေမွှာပေါက်ခဲ့ပြီး ကလေးမွေးခါနီး အခြေအနေ ဖြစ်ခဲ့ပါတော့တယ်။ ကလေးမွေးဖို့ နေရာကို အသွားမှာ လှေကားထစ် ပေါ်က သံချောင်း စူးမိပြီး အသံတချို့ ထွက်သွားတဲ့ အတွက် ဂြိုဟ်သားတွေ ရောက်ရှိလာခဲ့ပါတယ်။အဲဒီနောက် အသံထွက်ပေါ်တဲ့ နေရာကို အကြားအာရုံနဲ့ လိုက်လံရှာဖွေနေတဲ့ ဂြိုဟ်သားလက်ကနေ လွတ်မြောက်အောင် ရှောင်ရင်း ကလေးကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် အပြင်ရောက်နေတဲ့ မိသားစုဝင်တွေ ပြန်ရောက်လာတဲ့အချိန်မှာတော့ Evelyn ဘယ်လိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရမလဲဆိုတာ ဒီရုပ်ရှင်မှာ ဆက်လက် ကြည့်ရှုခံစားရမှာပါ။

အရေးကြီးဆုံးအချက် ရှိပါတယ်။ ဒီရုပ်ရှင်ကို ကြည့်တဲ့အခါ တိတ်တိတ်ဆိတ်ဆိတ်လေး ကြည့်ပေးဖို့ လိုပါတယ်။ ဒီဇာတ်ကားကို ကြည့်တဲ့အခါ ကိုယ့်ရဲ့ ပြင်ပ ပတ်ဝန်းကျင်ကလည်း အသံတွေ လုံးဝ တိတ်ဆိတ်နေမှသာ ကြည့်တဲ့သူတွေ အတွက် ဇာတ်ကားထဲမှာ စီးမျောနေပြီး ကြောက်ရွံ့မှုရသ ရာနှုန်းအပြည့် ခံစားရနိုင်မယ်လို့ အကြံပြုလိုက်ပါတယ်။

“A Quiet Place” ရုပ်ရှင် Trailer

The post အသံ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်ရှုဖို့ အကြံပြုချင်တဲ့ “A Quiet Place” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...