Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်း သီဆိုမယ့် မင်းသား Will Smith

$
0
0

၂၀၁၈ ကမ္ဘာ့ဖလားဟာ လာမယ့် သီတင်း ၃ ပတ်လောက်မှာတော့ ရုရှားနိုင်ငံမှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဂီတလုပ်ငန်းနဲ့ အချိန်တော်တော်ကျင်လည်ခဲ့ဖူးတဲ့ မင်းသား Will Smith ကတော့ အခုနှစ် နွေရာသီမှာ ကျင်းပတော့မယ့် တရားဝင်ကမ္ဘာ့ဖလားဂုဏ်ပြုတေး သီချင်းမှာ ပါဝင်သီဆိုမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ထားတဲ့အတိုင်း Rap စာသားတွေ ပြန်လည်သီဆိုတော့ မှာလည်း ဖြစ်တယ်လို့ဆိုပါတယ်။

Billboard အပါအဝင် ဒီသတင်းပတ်အတွင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မင်းသား Smith ဟာ မကြာမီ ရုရှားနိုင်ငံမှာ ကျင်းပတော့မယ့် ကမ္ဘာ့အကြီးအကျယ်ဆုံး ဘောလုံးပြိုင်ပွဲကို ဂုဏ်ပြုဖို့ မေ ၂၅ ရက်မှာ သီချင်းသစ် တပုဒ်ကို ဖြန့်ချီမယ်လို့ သိရပါတယ်။

တချိန်တုန်းက ဂီတပညာရှင်တယောက်ဖြစ်ခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် မင်းသားဟာ American Nicky Jam ၊ ထုတ်လုပ်သူ Diplo နဲ့ Kosovar အဆိုတော် Era Istrefi တို့ကို ပို့စ်တခုမှာ Tag တွဲပြီး “One Life to Live. Live It Up. #WorldCup” ဆိုတဲ့ စာသားနဲ့အတူ ပုံတခုကို တင်ခဲ့ပါတယ်။

တရားဝင်ကမ္ဘာ့ဖလားဂုဏ်ပြုတေးကတော့ ၃၂ သင်းပတ်လည်ပွဲစဉ်တွေကနေစလို့ ဗိုလ်လုပွဲအထိ ကာလ တလျှောက်လုံးမှာ အသုံးပြုတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဂုဏ်ပြုတေးကို Pitbull, Jennifer Lopez နဲ့ Claudia Leitte တို့က သီဆိုခဲ့ပြီး သီချင်းနာမည်ကတော့ ‘We Are One (Ole Ola)’ ဖြစ်ပါတယ်။ ၂၀၁ဝ ခုနှစ်တုန်းက တောင်အာဖရိက နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဂုဏ်ပြုတေးနာမည်ကတော့ ‘Waka Waka’ ဖြစ်ပြီး အဆိုတော် Shakira က သီဆို ပေးခဲ့ပါတယ်။

ပြည်တွင်းပြိုင်ပွဲတွေမှာ လူမျိုးရေးတွေနဲ့ ပတ်သက်လို့ ရုန်းကန်နေရတဲ့အတွက် ၂၀၁၈ ကမ္ဘာ့ဖလားကို ရုရှားနိုင်ငံမှာ အငြင်းပွားဖွယ်ကိစ္စရပ်တွေနဲ့ ကျင်းပခဲ့ရတာလည်း ဖြစ်ပါတယ်။ အသင်း ၃၂ သင်းဟာ တလကြာမြင့်မယ့် ပတ်လည် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲစဉ်ကိုတော့ ဇွန်လ ၁၄ ရက်မှာ ပြုလုပ်မှာပါ။ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် ရုရှားအသင်းနဲ့ ဆော်ဒီအာရေးဘီယားအသင်းတို့ ကန်ကြမှာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာတော့ မင်းသား Smith ဟာ ဆယ်စုနှစ်တခုကျော်ကြာပြီးတော့မှ ‘Get Lit’ လို့ အမည်ရတဲ့ ပထမဆုံး တကိုယ်တော် Single သီချင်းတပုဒ်ကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသီချင်း ပါဝင်လာမယ့် အယ်လ်ဘမ် ထွက်ရှိမယ့် သတင်းကတော့ အရိပ်အယောင်တောင် မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မင်းသား Smith ဟာ ကမ္ဘာ့နာမည်အကျော်ကြားဆုံး Pop စတား တဦးဖြစ်ခဲ့ပါတယ်။

Ref: contactmusic

The post ၂၀၁၈ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်း သီဆိုမယ့် မင်းသား Will Smith appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...