Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆစ်ဒနီမှာ One Lady Show လုပ်မယ့် အဆိုတော်ချမ်းချမ်း

$
0
0

အဆိုတော်ချမ်းချမ်းက မြန်မာပြည်ပရိသတ်အတွက် တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ အားခဲထားပေမယ့် အကြောင်း ကြောင်းကြောင့် မလုပ်ဖြစ်သေးဘဲ ဆစ်ဒနီမှာတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ One Lady Show လို့ပြောလို့ရတဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲ သွားဆိုရမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဆစ်ဒနီက မြန်မာနိုင်ငံ အင်ဂျင်နီယာများအဖွဲ့ချုပ်ကနေ ဟိုမှာရှိတဲ့ အင်ဂျင်နီယာတွေအားလုံး စုပြီးတော့ Show ပွဲလေး တပွဲ လုပ်မယ်ပေါ့။ ချမ်းချမ်းရဲ့ အကြီးဆုံးအစ်မက ဟိုမှာနေတာဆိုတော့ အစ်မနဲ့ခင်ကြတော့ အစ်မနဲ့ဆက်သွယ်ပြီး ချမ်းချမ်းကို ခေါ်ချင်တယ်။ One Lady Show ပုံစံလေး လုပ်ချင်တယ်လို့ ဖိတ်ခေါ်တာနဲ့ သွားမှာပါ” လို့ ချမ်းချမ်းက ဧရာဝတီကို ဆိုပါတယ်။

ပြုလုပ်မယ့် One Lady Show မှာ အစ်မဖြစ်သူ အဆိုတော်နေနေလည်း ပါဝင်ဖြစ်မယ်လို့ဆိုပြီး ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီလို့လည်း ဆိုပါတယ်။ ချမ်းချမ်းက သြစတြေးလျမှာ ဖျော်ဖြေတာ ဒီအကြိမ်နဲ့ဆို ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကတော့ ဟိုက မြန်မာ အများစုကကျတော့ ဒီမှာလို ပွဲမပေါဘူးပေါ့နော်။ တနှစ်ကို တခါကျမှ ကြည့်ချင် ကြည့်ရတာ။ တခါတလေ ၃၊ ၄ နှစ်မှ တခါကြည့်ရတယ်။ သူတို့ဘာတွေ ကြိုက်တတ်လဲ၊ ဆိုစေချင်တာလဲဆိုတာကို လေ့လာပြီးတော့မှ ပြင်ဆင်သွားမယ်။ Note တွေ ကြိုပို့ရမယ်။ လက်ဆောင်ပေးဖို့ အခွေတွေလည်း ယူသွားမယ်” လို့ ချမ်းချမ်းက ပြောပါတယ်။

အဆိုတော်ချမ်းချမ်းက ခရီးတွေကိုလည်း မကြာခဏ ထွက်နေပြီး ခရီးထွက်ရတဲ့ ခံစားချက်နဲ့ပတ်သတ်ပြီးတော့လည်း အခုလိုပြောပါတယ်။

“ခရီးထွက်ရရင် ပျော်တယ်။ ပျော်တယ်ဆိုတာလေ အစ်မ ပေါ့ပေါ့ပါးပါးနဲ့ ခရီးမထွက်ရတာလည်း ကြာပြီ။ ဟိုတလောကမှမေမေတို့်နဲ့ မက်မွန်ကြီး ရေတံခွန်သွားတာ တအားပျော်ဖို့ ကောင်းတယ်။ အဲဒီလို ခရီးတွေကို ပရိသတ်တွေကိုလည်း ထွက်စေချင်တယ်။ ပိုက်ဆံ သိပ်မကုန်ပါဘူးလို့။ သဘာဝအလှအပတွေ မြန်မာပြည်မှာလည်း ရှိတယ်။ ပြည်ပမှ မဟုတ်ပါဘူး။ အစ်မ အခုတော်တော် လွတ်လွတ်လပ်လပ် ရှိနေတယ်။ ဒီခရီးစဉ်ကို ပထမတော့ သမီးလေးပါ ခေါ်မလို့ပဲ။ သူ့ကျောင်းက အဆင်မပြေလို့ မခေါ်တော့ဘူး”လို့ ဆိုပါတယ်။

ချမ်းချမ်းက လက်ရှိမှာ သမီးလေးနဲ့ နှစ်ယောက်ဘဝ အရမ်းသာယာနေပြီး အခုအချိန်ဟာ သူ့အတွက် လွတ်လပ်မှုကို ခံစားရတဲ့ ကာလလို့လည်း ဆိုပါတယ်။

The post ဆစ်ဒနီမှာ One Lady Show လုပ်မယ့် အဆိုတော်ချမ်းချမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles