Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“The Voice Myanmar 2018 Winner” အဆိုရှင်၊ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလား

$
0
0

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ The Voice Myanmar Season1 သီချင်းဆိုပြိုင်ပွဲကြီးကတော့ ဇွန်လ ၃ ရက် နေ့မှာ နောက်ဆုံး Final ပွဲကို ကျင်းပခဲ့ပြီး ပြိုင်ပွဲရဲ့ Winner အဖြစ် ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့ပါတယ်။

ပြိုင်ပွဲဝင် အဆိုရှင် ငွေစိုးက The Voice Myanmar ပြိုင်ပွဲ Final မှာ “ရာဇဝင်များရဲ့ သတို့သမီး” သီချင်းနဲ့ သီဆို ယှဉ်ပြိုင်ခဲ့တာကို ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ငွေစိုးက ပြိုင်ပွဲတလျှောက်လုံး ပရိသတ်တွေရဲ့ အားပေးမှု အများကြီး ရရှိခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ The Voice Myanmar Final ပြိုင်ပွဲအတွင်းမှာ ငွေစိုးသီဆိုခဲ့တဲ့ ” အသည်းကွဲဧည့်သည်” သီချင်းကလည်း ပရိသတ်အားပေးမှုတွေ ရရှိခဲ့သလို အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်းကို ” ရာဇဝင်များရဲ့ သတို့သမီး (ဧရာဝတီ)” သီချင်းကလည်း ငွေစိုး သီဆိုလိုက်တဲ့ အချိန်မှာ ပရိသတ်ရဲ့ အားပေးမှုတွေ ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေစိုးဟာ မန္တလေးမြို့ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တယောက် ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲအဆင့် တဆင့်ချင်းကို ကျော်တက်လာခဲ့ပြီး နောက်ဆုံးဆန်ခါတင် ၄ ဦးမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ The Voice Myanmar ရဲ့ Winner ဆုရှင် ဖြစ်လာတဲ့ ငွေစိုး ဟာ The Voice Myanmar က ချီးမြှင့်တဲ့ ဆုကြေး ငွေကျပ်သိန်း ၂၀၀ နဲ့အတူ ကမ္ဘာကျော် တေးထုတ်လုပ်ရေး ဖြစ်တဲ့ Universal Music နဲ့ သီချင်းအယ်လ်ဘမ် ထုတ်လုပ်ခွင့်ကို ရရှိသွားပြီဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ငွေစိုးက နိုင်ငံကျော် တေးရေး၊ အဆိုတော် လင်းလင်းရဲ့ အဖွဲ့က ဖြစ်ပြီး အဆိုတော် လင်းလင်းကလည်း ဒီသီချင်းကို သီဆိုခွင့်ပြုခဲ့တဲ့ ထူးအိမ်သင်ရဲ့ မိသားစုကို ကျေးဇူးတင်တယ်လို့ ထပ်မံပြောပြခဲ့ပါသေးတယ်။

The Voice Myanmar သီချင်းဆို ပြိုင်ပွဲကြီးမှာ အဆိုတော် လင်းလင်း၊ ဟန်ထူးလွင်၊ ရန်ရန်ချန်းနဲ့ နီနီခင်ဇော်တို့က အကဲဖြတ် ဒိုင်လူကြီးများ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီအတွင်းက စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ပရိသတ်ကြိုက်နှစ်သက်တဲ့ သီချင်းဆိုပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

The post “The Voice Myanmar 2018 Winner” အဆိုရှင်၊ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...