Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အချစ်နဲ့ ပတ်သက်ပြီး တင်းတိမ်ရောင့်ရဲတယ်” ဆိုတဲ့ မေပန်းချီ

$
0
0

ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ကူးရာမှာ ဇာတ်ရုပ်ပီပြင်မှုကြောင့် ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် မေပန်းချီက အချစ်နဲ့ ပတ်သက်ပြီး တင်းတိမ်ရောင့်ရဲတယ်လို့ ဧရာဝတီကို ပြောပါတယ်။

မေပန်းချီက ချစ်သူထားတာ လပိုင်းသာ ရှိသေးပြီး ပရိသတ်ကို ချပြဖို့ အဆင့်သင့် မဖြစ်သေးတာကြောင့် ပရိသတ်ကို ချမပြသေးတာလို့လည်း ဆိုပါတယ်။ လက်ရှိအချစ်ရေးနဲ့ ပတ်သတ်ပြီး မေပန်းချီက ဧရာဝတီကို အခုလို ပြောပါတယ်။

“ပန်းချီ့ အချစ်ရေးကတော့ အေးဆေးပါပဲ။ ပန်းချီက အချစ်နဲ့ ပတ်သတ်ပြီးတော့ တင်းတိမ် ရောင့်ရဲတယ်။ အချို့ဆိုရင် ရှိတယ်၊ ငါ့ချစ်သူက ‘ဘာဖြစ်ရမယ်ဆိုပြီးတော့ ဘယ်လိုချမ်းသာရမယ်။ ငါ့ကို ဘယ်လို အမ်းနိုင်မှ’ ဆိုပြီး မရှိဘူူး။ ပန်းချီက ကိုယ်တိုင် အလုပ်လုပ်ရတယ်။ ငွေရှာရတာ ဖြစ်တဲ့အတွက် မှီခိုရမယ့် ဇာတာ ပန်းချီ့မှာ မပါဘူး” လို့ မေပန်းချီက ဆိုပါတယ်။

ဆက်လက်ပြီး မေးပန်းချီက “ဒါကြောင့် ပန်းချီ့ ချစ်သူက ချမ်းသာရမယ်။ အကောင်ကြီးမှတို့ ဘာတို့ မရှိဘူး။ ချစ်သူ ရှိပါတယ်။ ချစ်သူဖြစ်တာလည်း မကြာသေးပါဘူး။ အချစ်ရေးမှာ ကံကောင်းလား၊ ကံမကောင်းဘူးလား ဆိုတာတော့ ပြောလို့ မရသေးဘူး။ ချစ်သူရတာ လပိုင်းပဲ ရှိပါသေးတယ်။ ချစ်သူက အပြင်က ပါပဲ”လို့ ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး လက်တွဲဖော်ကို အနုပညာလောကသားထဲက ရွေးချယ်မှာ မဟုတ်ဘဲ အပြင်က လူကိုသာ ရွေးချယ်ထားကြောင်းလည်း မေပန်းချီက ဆိုပါတယ်။

“ကိုယ်တိုင်ကလည်း အနုပညာသမားဆို မကြိုက်ဘူး။ အပြင်လူပဲ ကြိုက်တယ်။ သူလည်း သဝန်တိုလို့ မရဘူး။ သဝန်တိုရင်လည်း ဖြစ်မှာ မဟုတ်ဘူး။

အဓိကက ကိုယ်က သူ့ကို အားကိုးပြီး နေတဲ့သူ မဟုတ်တဲ့အတွက် သူ့ သဝန်တိုရင်လည်း သူ့ဘာသာသူ နေလိုက်တော့ ပန်းချီကတော့ အလုပ်ကို ထိခိုက် မခံနိုင်ဘူး။ မှန်မှန်ကန်ကန် နေတဲ့အတွက် သူ့ကိုကြောက်နေတဲ့သူလည်း မဟုတ်ဘူး” လို့ မေပန်းချီက ဆိုပါတယ်။

လက်ထပ်ဖို့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း မေပန်းချီက အခုလို ပြောပါတယ်။ “လက်ထပ်ဖို့ကတော့ လိုပါသေးတယ်။ ပန်းချီက မိသားစုကို ခင်တွယ်တဲ့ သူဖြစ်တဲ့အတွက် မိသားစုကို ကိုယ်လိုချင်တဲ့ အတိုင်းအတာ တခု ရောက်မှသာ ပန်းချီအတွက် စဉ်းစားမှာပါ။ အမေကို စိတ်ချမ်းသာစေချင်တယ်” လို့ ပြောပါတယ်။

မေပန်းချီဟာ ဇာတ်ကားများ ရိုက်ကူးမှုတင်မကဘဲ နယ်ရှိုးပွဲများကိုပါ သီချင်းများ လိုက်ဆိုနေသူတဦးဖြစ်ကာ အနုပညာလောကမှာ အချိန်ကြာမြင့်စွာနဲ့ ရပ်တည်နေသူတဦးလည်း ဖြစ်ပါတယ်။

The post “အချစ်နဲ့ ပတ်သက်ပြီး တင်းတိမ်ရောင့်ရဲတယ်” ဆိုတဲ့ မေပန်းချီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...