Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စိုင်းစိုင်းခမ်းလှိုင် ရေးထားတဲ့ “September 22” ပရိသတ် စိတ်ဝင်စားမှု များနေ

$
0
0

ဆယ်စုနှစ်ကျော်ကြာ အောင်မြင်လာတဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ပရိသတ်တွေကြားမှာ အငြင်းပွားပြီး မေးခွန်းတွေများစေမယ့် ပို့စ်တခုကို သူ့ရဲ့ Facebook မှာ တင်ခဲ့ပါတယ်။

အဲဒီပို့စ်မှာတော့ “Dear Fans .. Save the date” လို့ Caption ရေးထားပြီး အဲဒီဓာတ်ပုံမှာတော့ ရွှေအိုရောင် နောက်ခံမှာ September 22 ဆိုတဲ့ နေ့စွဲတခုပဲ ရေးထားတာပါ။ အဆိုပါ ပို့စ်ကို ဇွန်လ ၅ ရက်နေ့က စိုင်းစိုင်းခမ်းလှိုင်ရဲ့ Facebook အကောင့်မှာ တင်ထားခဲ့တာပါ။

စိုင်းစိုင်းခမ်းလှိုင် ရေးသားထားတဲ့ “September 22”

ပို့စ်အောက်မှာ ဝင်ပြီး ထင်ကြေးပေး ခန့်မှန်းတဲ့လူတွေ၊ အငြင်းပွားတဲ့လူတွေ အများကြီး ရှိနေပါတယ်။ ပရိသတ်တချို့ ကတော့ လူပျိုကြီး စိုင်းစိုင်းတယောက် စွံပြီလို့ ထင်ကြေးပေးခဲ့သလို၊ တချို့ကလည်း တနှစ်မှာ သီချင်း အခွေသစ်တခွေ ပုံမှန်ထွက်လေ့ရှိတဲ့ စိုင်းစိုင်းရဲ့ အခွေသစ်ကို နားဆင်ရမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

SAI Cosmetix ကို အားပေးတဲ့ ပျိုမေတွေကလည်း အလှအပရေးရာ ပစ္စည်းသစ်ကို မိတ်ဆက်မယ်လို့ ပြောနေကြပြီး စိုင်းစိုင်းရဲ့ သရုပ်ဆောင်မှုကို နှစ်သက်အားပေးသူတွေကတော့ “ကြာတော့သည်လည်း မောင့်စကား”ရုပ်ရှင်အကြောင်း ဖွင့်ချမယ်လို့ ထင်နေကြပါတယ်။တချို့ကလည်း Fan တွေနဲ့ တွေ့မှာလား ဆိုပြီး ထင်နေကြပါတယ်။

အများနဲ့ မတူတဲ့ ဖျော်ဖြေမှုတွေ၊ တင်ဆက်မှုတွေ၊ တမူထူးခြားတဲ့ အနုပညာဖန်တီးမှုတွေနဲ့ အားပေးတဲ့ ပရိသတ်များစွာကို ဒီနေ့ ဒီအချိန်ထိ သိမ်းပိုက်ထားနိုင်ဆဲ စိုင်းစိုင်းမှာ အကြံအစည် တခုခုတော့ ရှိနေတယ်လို့ ထင်မြင်ယူဆနေကြပါတယ်။  စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပရိသတ်တွေကို ရင်ခုန်အောင် စိုင်းစိုင်း ဘာတွေ လုပ်ပြမှာလဲ ဆိုတာသိချင်ပြီး  စောင့်ကြည့်နေကြပါပြီ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပို့စ်ကို Like လုပ်သူ ၈၀၀၀ ကျော်ရှိပြီး Comment တွေမှာလည်း မေးခွန်းများစွာ မေးထားကြပါတယ်။ သရုပ်ဆောင်၊ အဆိုတော်၊ တေးရေး စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာနိုင်ငံရဲ့ မိန်းကလေးတွေကော ယောကျာ်းလေး ပရိသတ်တွေကိုပါ နှစ်ပေါင်းများစွာ သိမ်းပိုက်ထားတဲ့ အောင်မြင်တဲ့သူတဦး ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အောင်မြင်မှုကို အချိန်အတော်ကြာ ထိန်းထားနိုင်သူ “စိုင်းစိုင်းခမ်းလှိုင်”

The post စိုင်းစိုင်းခမ်းလှိုင် ရေးထားတဲ့ “September 22” ပရိသတ် စိတ်ဝင်စားမှု များနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...