Quantcast
Viewing all articles
Browse latest Browse all 7343

“Ocean’s 8”ရုပ်ရှင်အထူးပွဲကို ထူးခြားတဲ့ ဖက်ရှင်တွေနဲ့ တက်ခဲ့ကြတဲ့ မင်းသမီးများ

ပရိသတ်အများ စိတ်ဝင်စားနေကြတဲ့ “Ocean’s 8” ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့၊ ညပိုင်းမှာပဲ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ Alice Tully Hall မှာ အထူးပွဲအဖြစ် ပြသခဲ့ပါတယ်။

အဲဒီပွဲမှာ “Ocean’s 8” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး သရုပ်ဆောင်တွေကတော့ ထူးခြားလှပပြီး ဖက်ရှင်ကျတဲ့ ဝတ်စုံတွေကို ဆင်မြန်းလာတာ တွေ့ရပါတယ်။ အဆိုပါ ရုပ်ရှင်မှာတော့ နာမည်ကျော် မင်းသမီး ၈ ဦး ဖြစ်တဲ့ Anna Hathaway, Sandra Bullock, Sarah Paulson, Cate Blanchett, Mindy Kaling, Helena Bonham Carter, Rihanna, Awkwafina တို့ ပါဝင်ထားပါတယ်။

ရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေအပြင် ပွဲကို အခြားနာမည်ကျော်ကြားသူတွေ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီအထဲမှာဆိုရင် မော်ဒယ် Gigi Hadid, မင်းသား Ezra Miller, မော်ဒယ် Lily Aldridge နဲ့ Adriana Lima တို့လည်း ပါဝင်ခဲ့ပါတယ်။

သူတို့ဟာ ရုပ်ရှင်ထဲမှာ ပါဝင်ထားခြင်း မရှိပေမယ့် အထူးပွဲမှာ လှပကျော့ရှင်းစွာ တက်ရောက်လာကြတာ ဖြစ်ပါတယ်။ နယူးယောက်မြို့မှာ နှစ်စဉ်ကျင်းပနေကျ Met Gala ပွဲမှ လက်ဝတ်ရတနာတွေကို ခိုးယူမယ့် ပညာရှင် အမျိုးသမီး ၈ ဦး အကြောင်း ဇာတ်အိမ်တည် ရိုက်ကူူးထားတာ ဖြစ်ပါတယ်။ အခုတော့ ရုပ်ရှင်ထဲမှာပါဝင်တဲ့ နာမည်ကျော် မင်းသမီးတွေ ပွဲမှာ ဘယ်လိုတွေ ဝတ်လာကြတယ်ဆိုတာ ကြည့်လိုက်ရအောင်။

မင်းသမီး Anna Hathaway ကတော့ ပြင်သစ်ဖက်ရှင်ဒီဇိုင်နာ Jean Paul Gaultier ရဲ့ ထူးခြားတဲ့ ဂါဝန်ကို ဝတ်ဆင် လာခဲ့ပါတယ်။ အဖြူရောင် လည်ပင်းအပတ်နဲ့ ဆိုက်ကြီး စကပ်တို့ကို ပေါင်းစပ်ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ မင်းသမီး Sandra Bullock ကတော့ သလင်းကျောက်တွေ စီခြယ်ထားတဲ့ ရွှေရောင်ဝတ်စုံနဲ့ လှပနေခဲ့ပါတယ်။ အမေရိကန် ဒီဇိုင်နာ Lorraine Schwartz ရဲ့ နားဆွဲနဲ့ လိုက်ဖက်သူလည်း ဖြစ်ပါတယ်။

မင်းသမီး Sarah Paulson ကတော့ အမေရိကန်ဖိနစ်ဒီဇိုင်နာ Brian Atwood ရဲ့ ဒေါက်မြင့် ဖိနပ်နဲ့အတူ Jennifer Meyer လက်ဝတ်ရတနာ၊ ပန်းရောင်နှုတ်ခမ်းနီးနဲ့ အတူ အဝါဖျော့ရောင် ဂါဝန်နဲ့ လှပနေခဲ့ပါတယ်။ မင်းသမီး Cate Blanchett ကတော့ Missoni ဝတ်စုံနဲ့ တလက်လက် တောက်ပလို့နေပါတယ်။

မင်းသမီး Mindy Kaling ကတော့ လည်ပင်သားကို ပေါ်လွင်စေတဲ့အနက်ရောင်ဝတ်စုံကို ဆင်မြန်း လာခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်လာသူကတော့ မင်းသမီး Helena Bonham Carter ဖြစ်ပြီး အနီရောင် နှုတ်ခမ်းနီးနဲ့ လိုက်ဖက်နဲ့ Classic အနက်ရောင် ဂါဝန်နဲ့ လှပနေပါတယ်။

အဆိုတော် Rihanna ကတော့ သတ္ထု အပင်ဝတ်စုံနဲ့ ခေါင်းအစ ခြေအဆုံး ပေါ်လွင်စေတဲ့ အတွန့်အခတ်တွေကြောင့် အရင်ကထက် ပိုလှနေပါတယ်။ ကြယ်သီးတပ် ရင်စေ့ဂါဝန်ကို ဝတ်ဆင်လာသူကတော့ မင်းသမီး Awkwafina ဖြစ်ပါတယ်။

Ref: aceshowbiz

The post “Ocean’s 8” ရုပ်ရှင်အထူးပွဲကို ထူးခြားတဲ့ ဖက်ရှင်တွေနဲ့ တက်ခဲ့ကြတဲ့ မင်းသမီးများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...